iPhone X လိုမ်ိဳးအဟိုက္ပါတဲ့ဖုန္းေတြမွာ ေအာက္ေဘာင္ပါေနရျခင္းအေၾကာင္းကို OnePlus ဖြင့္ဟ

0
563

Zawgyi Version

OnePlus 5T ရဲ႕ေနာက္ကေနထြက္လာတဲ့ OnePlus 6 အတြက္ တရား၀င္သတင္းထြက္ရွိျပီးေနာက္မွာေတာ့ ေကာလဟာလေတြထပ္ပ်ံ႕ခဲ့ပါတယ္။ အဲဒီေကာလဟာလေတြေၾကာင့္ပဲ The Verge နဲ႕ OnePlus ရဲ႕တြဲဖက္တည္ေထာင္သူ Carl Pei တို႕ အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။

အဲဒီဖုန္းေလးကို စစခ်င္းၾကည့္လုိက္တဲ့အခါမွာ iPhone X လိုမ်ိဳး အဟုိက္ေလးပါ၀င္ေနတာကို ေတြ႕ရပါတယ္။ ဒါကလည္း Android ဖုန္းေတြအမ်ားၾကီးကလည္း လိုက္လုပ္ေနၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ iPhone X ကေတာ့ အဟုိက္လမ္းေၾကာင္းကို ပထမဆံုးထြင္ခဲ့တာမဟုတ္ေပမယ့္လည္း ေနာက္ဆံုးေတာ့မဟုတ္တာေသခ်ာပါတယ္။

အဟုိက္ေလးရဲ႕အတြင္းပိုင္းမွာေတာ့ အေရွ႕ကင္မရာ၊ earpiece ၊ ambient light sensor နဲ႕ notification LED တို႕ကို ေတြ႕ျမင္ႏုိင္ပါတယ္။ ဒါေပမယ့္ OnePlus 6 မွာပါတဲ့အဟုိက္ေလးကေတာ့ iPhone X မွာပါတဲ့ TrueDepth ကင္မရာကို ထည့္သြင္းႏုိင္မွာမဟုတ္ပါဘူး။ OnePlus ဟာ အသံအရည္အေသြးကို မထိခိုက္ဘဲနဲ႕ အဟုိက္ေလးကိုေသးေအာင္မလုပ္ႏုိင္ဘူးလို႕ ေထာက္ျပခဲ့ပါတယ္။

ကၽြန္ေတာ္တို႕ရဲ႕ဒီနားမွာရွိေနတဲ့ အဟုိက္ေလးကေတာ့ Essential Phone ထက္ၾကီးျပီးေတာ့ iPhone ထက္ေသးပါတယ္။ အဟုိက္ၾကီးမၾကီးဆိုတာကေတာ့ ကုမၸဏီရဲ႕ေရြးခ်ယ္မႈအေပၚမွာ မူတည္ေနပါတယ္။

OnePlus ရဲ႕ တြဲဖက္တည္ေထာင္သူကို iPhone X လိုမ်ိဳးအဟုိုက္ေလးပါမလားလို႕ ေမးခံေနရပါတယ္။

Screen ထုတ္လုပ္သူတုိင္းက မ်က္ႏွာျပင္ထိပ္ပိုင္းေတြကို ျဖတ္ထုတ္ခ်င္ေနၾကတာကေတာ့ အမွန္ပဲျဖစ္ပါတယ္။

Apple က ဒီလုပ္ငန္းမွာ အဲဒီအရာေတြကို အရွိန္တင္လုိုက္ပါတယ္။

iPhone X နဲ႕အတူ iOS ကို Apple ယူလာတဲ့ software gesture ေတြကေတာ့ OnePlus ဟာ OnePlus 5T မွာေကာ္ပီကူးခဲ့ပါတယ္။ OnePlus 6 မွာလည္း အဲဒီလိုလုပ္ထားပါတယ္။

ကၽြန္ေတာ္တို႕ iPhone ေပၚမွာ gestures ေတြဖန္တီးထားတာကို ျမင္ပါတယ္။

Apple မလုပ္ခဲ့ဘူးဆိုုရင္ေတာင္မွ သူတို႕လုပ္ေဆာင္သြားမွာပါ။

Android ဖုန္းေတြမွာလည္း iPhone X လိုမ်ိဳးအဟုိက္ေတြပါ၀င္ေနေပမယ့္ display ရဲ႕ေအာက္ေျခမွာ ေဘာင္ပါေနရတဲ့အေၾကာင္းကိုလည္း ရွင္းျပသြားပါတယ္။ Android ဖုန္းထုတ္လုပ္သူေတြဟာ display အတြက္ လွ်ပ္စစ္ကို ေအာက္နားမွာထားၾကလို႕ ဒီလိုျဖစ္သြားတာပါ။ Apple ကေတာ့ display ကို ေကြးထားျပီးေတာ့ ေဘာင္ေရွာင္ခဲ့တာျဖစ္ပါတယ္။ Android အတြက္က ဒီနည္းလမ္းဟာ တန္ဖိုးၾကီးသြားမွာျဖစ္တဲ့အတြက္ေၾကာင့္ Android အားလံုးက မလုပ္ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ ေအာက္ေဘာင္မရွိဘဲ အဟုိက္ပါတဲ့ဖုန္းက iPhone X ပဲ ေစ်းကြက္မွာစိုးမိုးမွာပါ။

Apple’s iPhone X display ထုတ္ေပးတဲ့ Samsung ေတာင္ မလုပ္ႏုိင္ပါဘူး။ ဒါေၾကာင့္ Android ေတြၾကိဳးစားရမယ့္္ feature တစ္ခုျဖစ္လာပါတယ္။

ဒ႑ာရီေလးတစ္ပုဒ္ကေတာ့ ေျဖရွင္းျပီးသြားပါျပီ။

Unicode Version

OnePlus 5T ရဲ့နောက်ကနေထွက်လာတဲ့ OnePlus 6 အတွက် တရားဝင်သတင်းထွက်ရှိပြီးနောက်မှာတော့ ကောလဟာလတွေထပ်ပျံ့ခဲ့ပါတယ်။ အဲဒီကောလဟာလတွေကြောင့်ပဲ The Verge နဲ့ OnePlus ရဲ့တွဲဖက်တည်ထောင်သူ Carl Pei တို့ အင်တာဗျူးလုပ်ခဲ့ပါတယ်။
အဲဒီဖုန်းလေးကို စစချင်းကြည့်လိုက်တဲ့အခါမှာ iPhone X လိုမျိုး အဟိုက်လေးပါဝင်နေတာကို တွေ့ရပါတယ်။ ဒါကလည်း Android ဖုန်းတွေအများကြီးကလည်း လိုက်လုပ်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် iPhone X ကတော့ အဟိုက်လမ်းကြောင်းကို ပထမဆုံးထွင်ခဲ့တာမဟုတ်ပေမယ့်လည်း နောက်ဆုံးတော့မဟုတ်တာသေချာပါတယ်။
အဟိုက်လေးရဲ့အတွင်းပိုင်းမှာတော့ အရှေ့ကင်မရာ၊ earpiece ၊ ambient light sensor နဲ့ notification LED တို့ကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် OnePlus 6 မှာပါတဲ့အဟိုက်လေးကတော့ iPhone X မှာပါတဲ့ TrueDepth ကင်မရာကို ထည့်သွင်းနိုင်မှာမဟုတ်ပါဘူး။ OnePlus ဟာ အသံအရည်အသွေးကို မထိခိုက်ဘဲနဲ့ အဟိုက်လေးကိုသေးအောင်မလုပ်နိုင်ဘူးလို့ ထောက်ပြခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ဒီနားမှာရှိနေတဲ့ အဟိုက်လေးကတော့ Essential Phone ထက်ကြီးပြီးတော့ iPhone ထက်သေးပါတယ်။ အဟိုက်ကြီးမကြီးဆိုတာကတော့ ကုမ္ပဏီရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်နေပါတယ်။
OnePlus ရဲ့ တွဲဖက်တည်ထောင်သူကို iPhone X လိုမျိုးအဟိုက်လေးပါမလားလို့ မေးခံနေရပါတယ်။
Screen ထုတ်လုပ်သူတိုင်းက မျက်နှာပြင်ထိပ်ပိုင်းတွေကို ဖြတ်ထုတ်ချင်နေကြတာကတော့ အမှန်ပဲဖြစ်ပါတယ်။
Apple က ဒီလုပ်ငန်းမှာ အဲဒီအရာတွေကို အရှိန်တင်လိုက်ပါတယ်။
iPhone X နဲ့အတူ iOS ကို Apple ယူလာတဲ့ software gesture တွေကတော့ OnePlus ဟာ OnePlus 5T မှာကော်ပီကူးခဲ့ပါတယ်။ OnePlus 6 မှာလည်း အဲဒီလိုလုပ်ထားပါတယ်။
ကျွန်တော်တို့ iPhone ပေါ်မှာ gestures တွေဖန်တီးထားတာကို မြင်ပါတယ်။
Apple မလုပ်ခဲ့ဘူးဆိုုရင်တောင်မှ သူတို့လုပ်ဆောင်သွားမှာပါ။
Android ဖုန်းတွေမှာလည်း iPhone X လိုမျိုးအဟိုက်တွေပါဝင်နေပေမယ့် display ရဲ့အောက်ခြေမှာ ဘောင်ပါနေရတဲ့အကြောင်းကိုလည်း ရှင်းပြသွားပါတယ်။ Android ဖုန်းထုတ်လုပ်သူတွေဟာ display အတွက် လျှပ်စစ်ကို အောက်နားမှာထားကြလို့ ဒီလိုဖြစ်သွားတာပါ။ Apple ကတော့ display ကို ကွေးထားပြီးတော့ ဘောင်ရှောင်ခဲ့တာဖြစ်ပါတယ်။ Android အတွက်က ဒီနည်းလမ်းဟာ တန်ဖိုးကြီးသွားမှာဖြစ်တဲ့အတွက်ကြောင့် Android အားလုံးက မလုပ်ကြတာဖြစ်ပါတယ်။
ဒါကြောင့် အောက်ဘောင်မရှိဘဲ အဟိုက်ပါတဲ့ဖုန်းက iPhone X ပဲ ဈေးကွက်မှာစိုးမိုးမှာပါ။
Apple’s iPhone X display ထုတ်ပေးတဲ့ Samsung တောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် Android တွေကြိုးစားရမယ့် feature တစ်ခုဖြစ်လာပါတယ်။
ဒဏ္ဍာရီလေးတစ်ပုဒ်ကတော့ ဖြေရှင်းပြီးသွားပါပြီ။

Aung Phyo Oo (Myanmar Mobile App)