iPhone X ကို ပြိုင်မယ့် Xiaomi ရဲ့ Mi Mix 2S စမတ်ဖုန်း

0
786

Xiaomi ကတော့ သူ့ရဲ့ Mi Mix 2S စမတ်ဖုန်းကို ရှန်ဟိုင်းမှာ ထုတ်ပြလိုက်ပါပြီ။ iPhone X ကို အချို့နေရာတွေမှာ ကျော်တက်သွားပါတယ်။ ဒါပေမယ့် သူ့ထက်ဈေးထက်ဝက်သက်သာပါတယ်။

အရှေ့ပိုင်းမှာတော့ မျက်နှာပြင်ကျယ်ကျယ် ဘောင်နည်းဒီဇိုင်း ၊ ၅.၉လက်မဆိုတော့ လွန်ခဲ့တဲ့ခြောက်လတုန်းက Mix Mix 2 အတိုင်းပါပဲ၊ အနောက်ဘက်မှာတော့ ပြောင်းထားပါတယ်။ အဲဒီဟန်းဆက်မှာ အတွင်းပိုင်းအဆင့်မြှင့်တင်မှုတွေလည်း လုပ်ထားတယ်။ Qi ကြိုးမဲ့အားသွင်းစနစ်လည်း ပါတယ်။ ဒါပေမယ့် ရေစိုတော့မခံသေးဘူး။

original Mix Mix 2 လိုပဲ full HD LCD display ရဲ့အောက်ဘက်မှာ 5-megapixel အရှေ့ကင်မရာလေးကို ညာဘက်မှာ ထားထားတယ်။ ဒါကြောင့် iPhone X အဟိုက်မပါတော့ဘူးပေါ့။ နောက်ခံကြွေ panel ကလည်း လက်ဗွေစနစ်နဲ့ 12-megapixel ကင်မရာနှစ်လုံးကို စနစ်တကျထည့်ထားပါတယ်။ telephoto lens နဲ့ wide-angle lens ကြောင့် portrait mode နဲ့ optical image stabilization တွေ ရနိုင်ပြီပေါ့။

ပွဲမှာကတော့ Xiaomi CEO Lei Jun က iPhone X နဲ့ Mi Mix 2S ကို ဘေးချင်းယှဉ်ပြီးတော့ focus ၊ capture မြန်ဆန်မှုကို ပြသွားခဲ့တယ်။ dual-pixel autofocus အလန်းစားကိုလည်း စမ်းပြသွားတယ်။ DxOMark ဓါတ်ပုံရမှတ်မှာ 101 ရထားတယ်။ ခြုံပြောရရင် ရမှတ်ကတော့ 97  ဖြစ်တဲ့အတွက် iPhone X နဲ့ အတူတူလောက်ပဲ။ ကင်မရာဟာ 216 scenes အထိသိနိုင်ပြီးတော့ ချက်ချင်း စာသားတွေနဲ့ ငွေကြေးတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် AI တွေကို အသုံးချထားပါတယ်။

ဖုန်းမှာ energy-efficient Qualcomm Snapdragon 845 processor ၊ 6GB / 8GB သိုလှောင်မှု၊ 3,400mAh ဘတ်ထရီ၊ mono speaker တွေပါဝင်ပြီးတော့ headphone jack မပါဝင်ပါဘူး။

Mix 2S မှာ 64, 128, နဲ့ 256GB ဆိုပြီးတော့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အရောင်တွေကတော့ အနက်နဲ့ ငွေတို့ထွက်ရှိမှာပါ။ ဈေးနှုန်းကတော့ အောက်ခြေ ၇သိန်းနဲ့ စမှာဖြစ်ပါတယ်။ 7.5W အားအမြန်သွင်း pad လေးပါဝင်မယ်ဆိုရင်တော့ ၈သိန်းခွဲအထိ ဖြစ်နိုင်ပါတယ်။ Android 8.0 Oreo ကို အသုံးပြုထားပြီးတော့ တရုတ်နိုင်ငံမှာ နောက်တစ်ပတ်ကပြီး ၀ယ်ယူနိုင်တော့မှာပါ။ ယူအက်စ်ကိုတော့ မကြာခင်ထုတ်ပေးသွားမယ်လို့ မှန်းထားပါတယ်။ ဒါပေမယ့်လည်း global 4G LTE network အားလုံးကို ထောက်ပံ့ပေးထားပါတယ်။