Doogee Mix 2 Review

0
445

ဘတ်ထရီသက်တမ်းကတော့ အကြီးစားပါပဲ။ ဒါပေမယ့် ဘောင်တွေကလည်း ထို့အတူပါ

Doogee ကတော့ Mix 2 ဘောင်နည်းစမတ်ဖုန်းလို့ အမည်ပေးထားပါတယ်။ သူ့ပုံ့ကိုကြည့်လိုက်တော့ Samsung Galaxy S9  လိုပဲ စိတ်လှုပ်ရှားရတယ်။ ဒါပေမယ့် သုံးသိန်း၇သောင်းဈေးပဲ ရှိပါတယ်။

Mix 2 မှာတော့ ဈေးနှုန်းထက်မြင့်တဲ့ အချက်အလက်တွေရှိပါတယ်။ ပလတ်စတစ်မသုံးထားပါဘူး။ အိပ်မက်လိုလိုပဲမလား။ လက်တွေ့မှာတော့ ဒီလိုလေးတွေရှိပါတယ်။

ဖုန်းအတွက်ကင်မရာရဲ့ autofocus ကတော့ သိပ်မမိုက်ပါဘူး။ သတ္တုနဲ့ပြုလုပ်ထားတာကိုတွေ့မြင်ရမှာပါ။ ရုပ်ထွက်အရည်အသွေးကတော့ သိပ်မကောင်းဘူးလို့ပြောရမယ်။

ဒါပေမယ့်လည်း မျက်နှာပြင်ကြီးကြီး၊ ဘတ်ထရီသက်တမ်းကြာကြာနဲ့ဆိုတော့ ကောင်းတယ်လို့ဆိုနိုင်ပါသေးတယ်။

ဒီဇိုင်းနဲ့တည်ဆောက်မှုအရည်အသွေး

Mix 2 မရောက်ခင်မှာ ဒီထက်ပိုကောင်းတာကို မျှော်လင့်ခဲ့မိပါတယ်။ official site ကိုကြည့်လိုက်ပါ။ Samsung တို့လိုမျိုး ဘောင်မဲ့ဖုန်းရောင်းမယ်လို့ ထင်ခဲ့တာပါ။

ဒါပေမယ့်လည်း မျက်နှာပြင်နားမှာ ဘောင်တွေရှိနေတုန်းပါပဲ။ အလားတူဈေးနှုန်းအတွင်းမှာဆိုရင်တော့ Doogee က မတူညီတဲ့အမျိုးအစားတစ်ခုကို ပေးနိုင်တုန်းပါပဲ။ လိုချင်တာဒါပဲမလား။

Mix 2 ကတော့ အတော်လေး လေးပါတယ်။ အလေးချိန်ကတော့ ၂၁၉ဂရမ်ရှိပါတယ်။ Samsung Galaxy S9+ ထက် ၃၀ဂရမ်ပိုလေးပါတယ်။ သေချာပါတယ်။ ဘတ်ထရီကတော့ ကြီးပါတယ်။ ဒါပေမယ့် လေးနေတော့ ဒီဇိုင်းကိုကောင်းကောင်းမလုပ်ဖြစ်တော့ဘူးပေါ့။ ဒါကြောင့် လေးထောင့်ဒီဇိုင်းကလည်း ဆွဲဆောင်မှုနည်းသွားသလိုဖြစ်သွားပါတယ်။

ဒီဇိုင်းကိုဘေးဖယ်ကြည့်လိုက်ရင် နှစ်သက်စရာလေးတွေလည်း ရှိပါတယ်။ Mix 2 မှာ မြန်ဆန်တဲ့လက်ဗွေရာစနစ် ကျောဘက်မှာရှိပါတယ်။ 64GB သိုလှောင်မှုနဲ့ဆိုတော့ အရမ်းမိုက်ပြီလေ။ ကိုင်ရတာလည်း စီးစီးပိုင်ပိုင်ရှိပါတယ်။ အလေးချိန်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

ရှေ့နဲ့ကျောဘက်မှာ ဖန်သားပြင်ဖြစ်ပြီးတော့ အရည်အသွေးမြင့် Gorilla Glass ကို အသုံးပြုထားပါတယ်။ ဘေးဘောင်တွေကတော့ ပလတ်စတစ်မဟုတ်ဘဲ အလူမီနီယမ်နဲ့လုပ်ထားပါတယ်။ plastic မှန်ကပ်လေးတပ်လိုက်ရင် ပြီးသွားပါပြီ။

မကျေနပ်စရာတစ်ခုကတော့ ဘောင်နည်းဒီဇိုင်းမဟုတ်တာပါပဲ။ Mix2 ရဲ့ အရှေ့ပိုင်းကတော့ မျက်နှာပြင်သာ အများဆုံးတွေ့ရမှာပါ။ 18:9 ဖြစ်ပြီးတော့ အပေါ်နဲ့အောက်ဘက်မှာ ဘောင်တွေရှိပါတယ်။

Doogee Mix 2 မျက်နှာပြင်နဲ့ အသံ

မျက်နှာပြင်က ၆လက်မဖြစ်တဲ့အတွက်ကြောင့် ကြီးမားပါတယ်။ 2160×1080 LCD panel ကို ultra-wide ဆန်ဆန် လုပ်ထားပါတယ်။ သူဟာပြတ်သားပြီးတော့ အရောင်တွေကလည်း vivid ဖြစ်ပါတယ်။ ဒါကြောင့် ဈေးသက်သာတဲ့ panel တွေနဲ့ ကွဲနေပါတယ်။ Contrast နဲ့ brightness တွေကလည်း ကောင်းပါတယ်။

ကိစ္စအနည်းငယ်တော့ ရှိနေပါသေးတယ်။

automatic brightness setting တွေကတော့ မျက်နှာပြင်ကို လုံးဝတောက်နေစေပါတယ်။ brightness slider ကို ချိန်ဖို့အတွက် မကြာခဏဆိုသလို စိတ်ရှုပ်ရပါတယ်။

ဘူးထဲကထုတ်ထုတ်ချင်းမှာပဲ white balance မှာ အပြာတွေသိသိသာသာပါနေပါတယ်။ ဒါကြောင့် မျက်နှာပြင်ကို ပိုမိုတောက်ပသွားစေပါတယ်။ ဒါပေမယ့်လည်း Mix 2 ရဲ့ မျက်နှာပြင်ကတော့ ဆွဲဆောင်မှုနည်းနေတုန်းပါပဲ။ MediaTek MiraVision display customizer ကို အသုံးပြုပြီးတော့ ချိန်နိုင်ပါတယ်။ သူကတော့ colour ၊ white balance နဲ့ contrast တွေကို ချိန်ပေးနိုင်ပါတယ်။

ဒါပေမယ့်လည်း ထိပ်တန်း LCDတွေလောက်တော့ အတိုင်းအတာတစ်ခုအထိ brightness ကို မချပေးနိုင်ပါဘူး။

အသံကရော ဘယ်လိုအခြေအနေရှိမလဲ။ Mix 2 ကတော့ အောက်ဘက်မှာ ဇကာနှစ်ခုပါဝင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနောက်မှာတော့ speaker driver တစ်ခုသာ ပါဝင်ပါတယ်။ သင်ဖွင့်ထားတဲ့အချိန်မှာ ပိတ်သွားဖိုကအရမ်းကို လွယ်ကူပါတယ်။ အသံအရည်အသွေးကတော့ အဆင်ပြေပါတယ်။ ဒီထက်ပိုမှန်းလို့မရတာလေးတစ်ခုပါပဲ။ သူ့မှာ bass သံမြင့်မြင့်နဲ့ ဖုန်းစပီကာကောင်းကောင်းထဲမှာ မပါတာတော့အမှန်ပါပဲ။

Doogee Mix 2 OS & software

Mix 2 ကတော့ Android 7.1.1 ကို အသုံးပြုထားပါတယ်။ ဟုတ်တယ်။ Oreo မဟုတ်တာတော့ နည်းနည်းလေး . . . .။ MediaTek-made skin လေးကို တွေ့မြင်ရမှာပါ။ နည်းနည်းတော့ စိတ်ပျက်စရာပဲ။

Screen တွေကြားမှာ Animated transition လေးတွေက သိသာနေပါတယ်။ ဈေးပေါသလိုခံစားရတယ်။ custom icons ၊ settings menu တွေက ပရော်ဖက်ရှင်နယ်မဆန်သလိုပဲ။ interface ကြီးက screen space မကျန်တော့သလိုကြီး ဖြစ်နေတယ်။

Mix2 ရဲ့ apps menu မှာ icon လေးတန်းသာဆံ့တာမို့ မဆံ့မပြဲဖြစ်နေပါတယ်။ MediaTek ရယ် ငါးတန်းလောက်ဆို ဘာဖြစ်သွားမှာလဲ။

Mix 2 ရဲ့ software ကတော့ Android ရိုးရိုးထက် နှေးကွေးပါတယ်။ ကျွန်တော်ထင်တာကတော့ animation တွေအများကြီးထည့်လိုက်လို့များ နှေးသွားတာလားပေါ့လေ။

Doogee Mix 2 performance နဲ့ battery life

MediaTek software ဆိုတော့ Mix 2 ရဲ့ MediaTek CPU အကြောင်း ခန့်မှန်းပြီးလောက်ရောပေါ့။ Helio P25 ဖြစ်ပါတယ်။ သူဟာ MediaTek ရဲ့ “premium performance” chipset ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလတ်တန်းစားဈေးနဲ့ရနိုင်တာဆိုတော့ မှန်းသားကြည့်ပေရော့။

Cortex-A53 core ရှစ်လုံးပါတယ်။ ဒီဈေးနဲ့ရနိုင်တဲ့ဖုန်းတိုင်းလိုလိုက ဒီလိုပါပဲ။ Mix 2 ဟာ Geekbench 4 မှာ ရမှတ် ၃၈၅၁ ဆိုတော့ Moto G5 Plus နဲ့ အတူတူလောက်ပါပဲ။

6GB RAM နဲ့ တွဲဖက်ထားပေမယ့်လည်း မမ်မိုရီအသုံးပြုမှုနှုန်းကတော့ ဒီလောက်ပါပဲ။ ဒါကြောင့် Mix 2 ဟာ cache တွေကို များများထိန်းထားနိုင်တဲ့သဘောပါ။

Helio P25 ကတော့ Snapdragon 650 အသုံးပြုထားတဲ့ Adreno 510 ထက်တော့ ဂရပ်ဖစ်နှေးပါတယ်။ ဒါပေမယ့်လည်း ဂိမ်းအတွက်တော့ Moto G5S Plus နဲ့ အတူတူလောက်သွားကျပြီး Huawei P Smart ကိုပြိုင်နိုင်ပါတယ်။ frame rate ကတော့ Gameloft’s Asphalt 8 မှာ ကျသွားပါတယ်။ ဒါပေမယ့်လည်း ချောချောမွေ့မွေ့ဖြစ်ပါတယ်။ ကြီးမားတယ်၊ ကျယ်ပြန့်တဲ့မျက်နှာပြင်ရှိတော့ ကစားလို့မိုက်တာပေါ့။

Mix 2 မှာ ဘတ်ထရီကြီးရှိတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် သူ့ရဲ့လေးလံမှုကို နားလည်ပေးနိုင်မှာပါ။ 4060mAh ကတော့ Moto G5S Plus ထက် ပိုကြီးပါတယ်။ ဒါကြောင့် တစ်ရက်လုံးအေးဆေးသုံးပေတော့။

အကြမ်းသုံး တစ်နာရီကျော်လောက် အင်တာနက်ကြည့်မယ်၊ နာရီအနည်းငယ်လောက် podcast streaming လုပ်မယ်၊ ဂိမ်းဆော့မယ်၊ ပုံမှန် WhatsApp သုံးမယ်ဆိုရင် ညသန်းခေါင်အချိန်မှာ 37% ကျန်နေဦးမှာပါ။ ဇာတ်ကားကြည့်မယ်ဆိုရင်တော့ ၁၅နာရီလောက်ခံတယ်ဆိုတော့ ပျင်းနေအောင်ကြည့်ရမယ်။ ဒါဆိုရင်တော့ သင်လိုချင်လောက်မယ်လို့ အာမခံပါတယ်။

Mix 2 ဟာ အားအမြန်သွင်းစနစ်မပါဝင်ပါဘူး။ ဒါကြောင့် အားပြည့်ဖို့တော့ စောင့်ရလိမ့်မယ်။ ငင့်။ ဒါမှမဟုတ်လည်း တစ်ညလုံးသွင်းထားပေါ့လေ။ USB-C port ကို အသုံးပြုထားပါတယ်။

DOOGEE MIX 2 ကင်မရာ

Mix 2 ကတော့ hardware ပိုင်းကိုအဓိကထားမယ်ဆိုရင် သိပ်မမိုက်ပါဘူး။ ဒါပေမယ့်လည်း ကင်မရာကတော့ သူ့ဟာနဲ့သူ မိုက်တယ်လေ။ ရှေ့နှစ်လုံး နောက်နှစ်လုံး ပေါင်းလေးလုံး။

အနောက်ကင်မရာနှစ်လုံးမှာ 2x zoom ဖြစ်ပြီး software ပိုင်းအရ ခိုးထားခြင်းမရှိပါဘူး။ အရှေ့ကလည်း ထို့အတူပါပဲ။ ဆယ်လ်ဖီတွေကတော့ selfies ၊ selfies ရိုက်နိုင်ပြီးတော့ zoomed-out lens ကိုလည်း အသုံးပြုထားပါတယ်။

နည်းနည်းတော့ တမျိုးဖြစ်ပါတယ်။ hardware ကတော့ ကောင်းကောင်းရိုက်ချက်တွေပေးနိုင်ပေမယ့် focus လုပ်လိုက်မယ်ဆိုရင်တော့ shutter နှေးတာမျိုး မဖြစ်ပါဘူး။ ဒါက အရေးကြီးပါတယ်။ ရိုက်ချက်တွေကို ပျော်စရာကောင်းသွားစေပါတယ်။ ဒါပေမယ့် software နဲ့ optimization တွေက hardware ကို မမီပါဘူး။

နေ့မှာရိုက်ချက်တွေကတော့ noise လေးတွေပါဝင်ပါတယ်။ သေချာတာကတော့ limited processing တွေ ဖြစ်နေပါတယ်။ auto HDR optimization မရှိပါဘူး။ ဒါမျိုးတွေက ဈေးကြီးဖုန်းတွေမှာတွေ့ရတတ်တာမလား။

Focus ကလည်း ရိုက်ချင်တာကဝေးနေမယ်ဆိုရင်တော့ အဆင်မပြေလှပါဘူး။ ကင်မရာ app ထဲမှာ “focus seek” ကို ရှာကြည့်လိုက်ပါ။ တခါတရံမှာ အဲဒီအမှတ်လေး ပျောက်နေတတ်လို့ပါ။ Doogee က hardware ပိုင်းမှာ မနိုင်တာလားလို့ တွေးမိပါတယ်။

သင့်အနေနဲ့ ၀ယ်မယ်ဆိုတဲ့အခါမှာ ကသိကအောက်ဖြစ်နိုင်တာ ရှိပါတယ်။ တရုတ်ဖုန်း Doogee ကတော့ အချက်အလက်တွေကောင်းပေမယ့်လည်း အချောသတ်မကောင်းပါဘူး။ Mix2 ဟာ ပြိုင်ဘက်တွေနဲ့တော့ ယှဉ်လို့ကောင်းပါတယ်။ ကာလာတွေက သဘာဝဆန်ပြီးတော့ အသေးစိတ်ဖြစ်ပါတယ်။

blur mode ရှိတဲ့အတွက်ကြောင့် DSLR နဲ့ ရိုက်ကူးသလို ဖြစ်စေမှာပါ။ အရမ်းတော့ မမျှော်လင့်စေချင်ပါဘူး။ Huawei နဲ့ Apple တို့ကို အလှမ်းကွာပါတယ်။ photoshop filter ကြီးနဲ့ ဆင်ပါတယ်။

ဆယ်လ်ဖီလား zoomed-in view ရှိတဲ့ second camera ကြောင့် မိုက်ပြီပေါ့။ shutter lag တော့ ရှိပါတယ်။ မျက်နှာပိုင်းတော့ အသေးစိတ်ရနိုင်ပါတယ်။ beauty mode လိုမျိုးကြီး ထွက်လာတာဆိုတော့ ကောင်းသလိုလို၊ မကောင်းသလိုလိုနဲ့။

 

DOOGEE MIX 2 သုံးသပ်ချက်အချုပ်

Mix 2 ကကြီးတယ်၊ လေးတယ်။ သူ့ရဲ့ကင်မရာနဲ့ software တွေက အရမ်းကြီး ကောင်းတယ်လို့မခံစားမိဘူး။

အတုံးလိုက် အတစ်လိုက်ကြီးကိုင်ထားသလို ခံစားရလိမ့်မယ်။

ဒါပေမယ့် မျက်နှာကျယ်ကျယ်၊ သိုလှောင်မှုများများ၊ ဘတ်ထရီသက်တမ်းကြာကြာနဲ့ဆိုတော့ ညအိပ်ချိန်အထိ အားမသွင်းဘဲသုံးချင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ Honor 9 Lite ကလည်း ကောင်းတုန်းပါပဲ။

Tech Specs

SCREEN – 5.99in, 2160×1080 IPS LCD

CPU – Mediatek Helio P25 octa-core

MEMORY – 6GB RAM

CAMERA – 16MP+13MP rear w/ PDAF, LED flash. 8MP + 8MP front

STORAGE – 64GB on-board, microSD expansion

OPERATING SYSTEM – Android 7.1.1 Nougat

BATTERY –  4060mAh non-removable

DIMENSIONS – 159x75x8.6mm, 210g