Facebook နဲ့ Mark Zuckerberg ဘာလို့ ဘာမှမဖြစ်တာလဲ

0
556

Facebook ရဲ့ CA အရှုပ်တော်ပုံက ဒီတစ်ပတ်အတွက်တော့ ရေပန်းစားနေတဲ့အကြောင်းအရာတစ်ခုပါပဲ။ လေ့လာဆန်းစစ်သူတွေရဲ့ စကားသံကို နားထောင်ကြည့်ရအောင်။

“ရှယ်ယာတွေပေါ်မှာ သက်ရောက်နိုင်တဲ့ ရေလတ်နဲ့ ရေရှည်အန္တရာယ်တွေကို ကျွန်တော်တို့ကြည့်နေပါတယ်”လို့ RBC ရဲ့ ဆန်းစစ်သူတစ်ယောက်ဖြစ်တဲ့ Mark Mahaney က ပြောပါတယ်။

“FB  ကောင်းကောင်းလုပ်ဆောင်နေတဲ့နေရာတွေကို ရင်းနှီးသူတွေမမြင်ကြမှာကိုလည်း မဖြစ်စေချင်ပါဘူး”လို့ Wells Fargo ရဲ့ ဆန်းစစ်သူ Ken Sena နဲ့ Peter Stabler တို့ကတော့ ပြောထားပါတယ်။

“လက်ရှိအချိန်မှာ ၀ယ်ယူဖို့အခွင့်အလမ်းသာနေတာကို မြင်ရတယ်” လို့ Oppenheimer ရဲ့ စီနီယာဆန်းစစ်သူ Jason Helfstein ကဆိုပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာ သူတို့ရဲ့စတော့တွေဟာ ခန့်မှန်းခြေ ဒေါ်လာ၄၈၀ ဘီလျံကို ရောက်သွားပါတယ်။ ဒါဟာ မနှစ်ကထက် သိသိသာသာတိုးတက်နေတာ ဖြစ်ပါတယ်။

Wall Street ရဲ့ သုံးသပ်ချက်ကတော့ CA ဟာ FB ရဲ့ သုံးစွဲသူ၅၀မီလျံရဲ့အချက်အလက်တွေကို နိုင်ငံရေးမှာအသုံးပြုခဲ့မှုနဲ့ ပတ်သတ်ပြီးတော့ FB အတွက်ရေရှည်ထိခိုက်မှုတွေ ဖြစ်မလာနိုင်သေးပါဘူး။ လေ့လာသူတွေကလည်း ရင်းနှီးသူတွေကို dip တွေဝယ်ခိုင်းတယ်။ ကြော်ငြာသူတွေကလည်း ဆက်လက်သုံးစွဲနေတုန်းပါ။ ကွန်ဂရက်ဟာ အခြေခံကြော်ငြာပွင့်လင်းမှုဟာ အနံ့ထွက်နေပေမယ့်လည်း ဥပဒေပြုသူတွေကလည်း လက်မရှောင်ကြသေးပါဘူး။ #DeleteFacebook ဆိုတဲ့ စာသားတွေ တင်နေကြပေမယ့်လည်း Facebook ဟာ iOS mobile App Store မှာ နံပါတ်၁၂ နေရာကနေ နံပါတ်၈နေရာကို တက်သွားခဲ့ပါတယ်။ CA သတင်းတက်ပြီးချိန်မှာ ဖြစ်သွားခဲ့တာပါ။ Android ပေါ်မှာလည်း တည်ငြိမ်နေတုန်းပါပဲ။

ယူအက်စ်မှာ FB ရဲ့install လုပ်မှု ကျသွားသလားဆိုတာ စစ်ဆေးပြီးနောက်မှာတော့ SensorTower ဆိုတဲ့ app analytics ကုမ္ပဏီမှ မိုဘိုင်းလ်အချက်အလက်ခေါင်းဆောင်ဖြစ်သူ Randy Nelson ကတော့ အခုလိုပြောကြားထားပါတယ်။ “ရှင်းရှင်းပြောပါမယ်။ နိုးပါ။” App Store ရဲ့အဆင့်တွေဟာ သုံးစွဲသူတွေရဲ့အရေအတွက်တွေကို တိုက်ရိုက်မမြင်ရပါဘူး။ ဒါပေမယ့် အင်တာနက်ရဲ့ညွှန်းကိန်းကိုတော့ ကောင်းကောင်းကြည့်လို့ရပါတယ်။

ဥပဒေပြုသူတွေ၊ သတင်းစာတွေ၊ ပြည်သူလူထုတွေကြားမှာ Facebook ကတော့ အရင်တုန်းကအပြစ်တွေ၊ သတင်းအမှားတွေကို မကာကွယ်နိုင်ခြင်း၊ နိုင်ငံရပ်ခြားကလုပ်ဆောင်ချက်တွေကို စွက်ဖက်ခြင်း၊ ကြော်ငြာအတွက် မရိုးမဖြောင့်ခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစချင်းမှာ အရေးမစိုက်ခဲ့ပါဘူး။ ဒါကြောင့် ပိုဆိုးလာပါတယ်။ လျစ်လျူရှုထားလို့မရတော့တဲ့ အချိန်မှာ ထုတ်ပြောလိုက်ပြီးတော့ တောင်းပန်ပါတယ်။ ပြင်ဆင်မှုတွေ လုပ်ပေးခဲ့တယ်။ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ Facebook ဟာ ဒီလိုအရာတွေကို တွေ့ကြုံဖူးနေတာဆိုတော့ ဒီလိုဖြေရှင်းရာမှာ အရမ်းတော်ပါတယ်။

ဒီလိုဖွင့်ပြောပြီးတော့ တောင်းပန်ခဲ့တဲ့အချိန်မှာ CEO Mark Zuckerberg ကလည်း အင်တာဗျူးတွေဖြေပေးခဲ့ပါတယ်။ ဖုန်ထတာတွေငြိမ်သွားတဲ့အခါ အေးဆေးဖြစ်သွားပါတယ်။

“ဒီကိစ္စအတွက် အရမ်းကြီးပျက်စီးသွားတယ်ဆိုတာမျိုးတော့ မမြင်မိပါဘူး” လို့ Silicon Valley မှ နည်းပညာစွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့ Chris Tolles က ပြောထားပါတယ်။

“ပါဝင်လုပ်ဆောင်နေသူတွေကလည်း ဒီလောက်အဖြစ်ခံမှာ မဟုတ်ပါဘူး။”

ကွန်ဂရက်ရဲ့အဖွဲ့ဝင်တွေဟာ ဒီအရှုပ်တော်ပုံတွေအတွင်းမှာ တချို့ကတော့ ဒေါသတွေထွက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လိုအပ်ရင်ဆင့်ခေါ်မယ်လို့ ဘယ်သူကမှ မပြောခဲ့ပါဘူး။ Facebook ၊ Google နဲ့ Twitter တို့ကို ရွေးကောက်ပွဲအရှုပ်တော်ပုံနဲ့ ပတ်သတ်ပြီးတော့ ခေါ်စစ်ခဲ့တာကိုလည်း အများက စိတ်ဝင်စားနေပါတယ်။ Zuckerberg ကတော့ ဒီလိုလုပ်တာမှန်တဲ့အရာဆိုရင် အစစ်ခံပါ့မယ်လို့ ပြောခဲ့ပါတယ်။

မနှစ်ကတုန်းက Honest Ads Act ဆိုတာကတော့ ကြော်ငြာခပွင့်လင်းမှုနဲ့ သက်ဆိုင်နေတာပါပဲ။ တရားအမှုဆောင်၁၈ယောက်နဲ့ ဆွေးနွေးခဲ့ပြီးတော့ Republican ငကတော့ John McCain တစ်ယောက်သာ ပါဝင်ခဲ့ပါတယ်။ ဒီလိုအခကြေးငွေကို သတ်မှတ်ဖို့ ကူညီပေးခဲ့သူ Alex Howard ရဲ့စကားသံကို နားထောင်ကြည့်လိုက်ရအောင်။ ဟုတ်ပါတယ်။ ဒီလိုဒီဂျစ်တယ်ကြော်ငြာခတွေကို ဖွင့်ထုတ်ရမှာဆိုတော့ အပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ အကျပ်အတည်းတွေ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ယူအက်စ်ဖဒရယ်ကုန်သွယ်မှုကော်မရှင်က Facebook ကို သုံးစွဲသူတွေသဘောတူမှ အချက်အလက်တွေသုံးစွဲရမယ်ဆိုတဲ့ အချက်ကို ဖောက်ဖျက်တဲ့အတွက် ဖိုင်းတပ်မလားဆိုတာ ကျန်နေပါသေးတယ်။ ဥရောပယူနီယံကတော့ Google ကို ယုံကြည်မှုအလွဲသုံးစားလုပ်လို့ဆိုပြီးတော့ ဒေါ်လာ ၂.၇ဘီလျံဒဏ်တပ်ထားတဲ့စံချိန်ရှိပါတယ်။ ဒါပေမယ့် ဒီလိုမဖြစ်လာက်ပါဘူး။ ကျွန်တော်တို့ရဲ့လက်ရှိ စီးပွားရေးမော်ဒယ်လ်နဲ့ လည်ပတ်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်လို့ CNBC နဲ့ အင်တာဗျူးမှာ Facebook COO Sheryl Sandberg က ဖြေကြားသွားခဲ့ပါတယ် ။

ကြော်ငြာသူတွေကလည်း မကျေနပ်တဲ့အတွက်ကြောင့် တခြားနေရာကို ရင်းနှီးတာမျိုး မတွေ့ရပါဘူး။ ဘယ်လိုရင်းနှီးသူကမှ Facebook ရဲ့ ရှယ်ယာတွေကို နုတ်ထွက်ပြီးတော့ သွားတာမျိုး မလုပ်ကြသေးပါဘူး။ အမြတ်ရနေသေးသမျှတော့ ကြော်ငြာသူတွေက နုတ်ထွက်မှာမဟုတ်လောက်ပါဘူး။ ပြီးခဲ့တဲ့ လေးပတ်အတွင်းမှာ Facebook ရဲ့ကြော်ငြာတွေက တည်ငြိမ်နေတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်လာတိုင်းမှာ ဘုတ်အဖွဲ့ကနေပြီးတော့ CEO က သင့်တော်ရဲ့လားဆိုတာ စစ်ကြပါတယ်။ မနှစ်ကနွေတုန်းကလည်း Uber ဘုတ်အဖွဲ့က Travis Kalanick ကို ထုတ်ပစ်ခဲ့တာမျိုးရှိခဲ့ပါတယ်။ ဒါပေမယ့် Facebook မှာတော့ မဖြစ်ပါဘူး။ Mark Zuckerberg ရဲ့ အားပေးမှုတွေက များပြားလွန်းတဲ့အတွက် နုတ်ထွက်လို့မဖြစ်နိုင်ပါဘူး။

Facebook ဘုတ်ကတော့ ဒါမျိုးကို လုပ်ဆောင်မှာမဟုတ်ပါဘူး။ “Mark နဲ့ Sheryl တို့က ဒီအခြေအနေဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိပါတယ်။ ကျန်တဲ့သူတွေကလည်း သုံးစွဲသူတွေရဲ့ကာကွယ်မှုတွေကို ဆက်လက်ကြိုးစားသွားမှာပါ။ အနာဂတ်အတွက် အရေးပါလာမယ့် စီးပွားရေးလုပ်ငန်းတွေကု တည်ဆောက်နေကြပါတယ်။”

Facebook ကတော့ ကမ္ဘာအဆင့်ထိခိုက်မှုရဲ့ ထိန်းချုပ်မှုအကြောင်းကို မဟသေးပါဘူး။ ဒီအရှုပ်တော်ပုံကြောင့် ဂယက်တွေသိပ်မထခဲ့ပေမယ့်လည်း မကြာခင်ထလာမလားမသိပါဘူး။

ဒီလိုတွေဖြစ်နေခြင်းကြောင့် Facebook ဟာ ဒီလိုဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်ကတစ်မျိုး၊ နည်းပညားလုပ်ငန်းရဲ့ သဘာဝစက်ဝန်းကြောင့်ကတစ်သွယ်နဲ့ ကျဆုံးသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ “ဒါက အချိန်နဲ့ ဈေးကွက်ဖြစ်ပါတယ်။ အစိုးရနဲ့ မဆိုင်ပါဘူး။ Facebook ရဲ့သမိုင်းကို အဆုံးသတ်လိုက်ရမလားတောင် မသိနိုင်ပါဘူး။”