Atari ရဲ့ ၁၉၇၀တုန်းက လိုဂိုလေးပါဝင်သော retro console အသစ်လေးထွက်ရှိလာ

0
455

Console ဂိမ်းတွေခေတ်စားခဲ့တုန်းက ဂရပ်ဖစ်တွေက အတုံးလိုက်အတစ်လိုက်ဆိုတော့ Lego တုံးတွေကို မနာလိုအောင် လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Atari ဆိုတာကလည်း အိမ်တွင်းဂိမ်းစက်လေးတွေအတွက် နာမည်တစ်ခုရခဲ့သူပါ။ အခုအချိန်မှာတော့ ဒေါ်လာ ၂၅၀တန် Atari VCS အသစ်လေးနဲ့အတူ ရှေးဟောင်း၊ မော်ဒန်ဂိမ်းသမားတွေကို ဆွဲဆောင်စေနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အနားသတ်တွေကိုလည်း သစ်သားကာဗာလေးနဲ့ လုပ်ထားတဲ့အတွက်ကြောင့် ချစ်စရာလိုဂိုလေးကလည်း ပေါ်လွင်နေပါတယ်။ လုံးဝ classics ပါပဲ။်ဒါပေမယ့် VCS ဟာ retro box ထက်ပိုပါတယ်။ သင့်ရဲ့တီဗွီနဲ့ ထိတွေ့တဲ့ပုံစံကိုပါ ပြောင်းလဲနိုင်တယ်လို့ ဆိုထားပါတယ်။ app ၊ game နဲ့ ၀န်ဆောင်မှုတွေကို ကောင်းကောင်းပေးထားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် classic joystick controller ကြီးကြောင့် ကြွက်တတ်တာမျိုး မဖြစ်လောက်တော့ဘူးပေါ့။