Xiaomi Mi Mix 2S ရဲ့ ဗွီဒီယိုလေးထွက်ရှိလာခြင်း

0
582

Xiaomi Mi Mix 2S ဗွီဒီယိုလေးကတော့ Weibo ပေါ်မှာ တက်လာခဲ့ပါတယ်။ Xiaomi premium flagship ဖုန်းအသစ်လေးကတော့ ကြေညာတော့မယ်ဆိုတာကို ပြသနေသလိုပါပဲ။ official Mi Mix 2S ဗွီဒီယိုလေးတွေမှာ အရှေ့ကင်မရာကို ညာဘက်အပေါ်ထောင့်လေးမှာ တွေ့ရပါတယ်။ ဗွီဒီယိုတွေ၊ ပုံတွေကို မြင်တွေ့နေရတာဆိုတော့ ကင်မရာနှစ်လုံးကို ဘယ်ဘက်ထောင့်နားလေးမှာလည်း မြင်ထားရပါသေးတယ်။ အသေးစိတ်ကတော့ လာမယ့်ရက်တွေမှာ ကြည့်ရမှာပါ။

တင်တဲ့သူက ဘယ်သူလဲ။ တရုတ်တွေကတော့ သိပါလိမ့်မယ။် သူဟာ Kris Wu (Wu Yifan) ပါပဲ။ သူဟာ Mi Mix 2s ကို ကြော်ငြာဖို့အတွက် ရွေးချယ်ခံထားရတဲ့သူပါ။ ဒါပေမယ့် ဆယ်လ်ဖီကင်မရာကို ဘယ်ဘက်အပေါ်နားမှာ မမြင်ရဘူးဆိုတော့ ကောလဟာလတွေက မှန်နေမှာလား။ မှန်းကြည့်ပါဦး။

ဓါတ်ပုံလေးတွေကို ကြည့်လိုက်ပါဦး။

Weibo ပေါ်မှာ မြင်ရတာကတော့ 8GB RAM နဲ့ 256GB onboard storage တို့ ဖြစ်ပါတယ်။ စွမ်းအားမြင့်ပါတယ်။

ကျွန်တော်တို့သိထားတာကတော့ ၅.၉၉လက်မ မျက်နှာပြင်၊ Snapdragon 845 processor ၊ 8GB RAM ၊ 256GB internal storage ၊ AI feature တွေပါဝင်တဲ့ ကင်မရာနှစ်လုံးတို့ ဖြစ်ပါတယ်။ official launch ကတော့ မတ်လ ၂၇ရက်ပါ။