Samsung Galaxy S9 Plus နဲ့ iPhone X တို့ကိုနှိုင်းယှဉ်ကြည့်ခြင်း

0
2305

Android နဲ့ iOS ကြားကတိုက်ပွဲလေးကို iPhone X နဲ့ Galaxy S9 Plus တို့ကိုနှိုင်းယှဉ်ပြီးတော့ စလိုက်ရအောင်။ Apple ကတော့ လုံးဝကိုခုန်တက်သွားပေမယ့်လည်း Samsung ကတော့ သူတို့ရဲ့နောက်ဆုံး flagship ဟာ အနည်းလောက်သာပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။ Samsung နဲ့ Apple တို့ဟာ သုံးစွဲသူရဲ့လိုအပ်ချက်ကို မတူညီတဲ့ရှုထောင့်ကနေ ဖြည့်စွမ်းပေးနေကြတာကို သတိထားမိမှာပါ။ ပြောနေတာကြာပါတယ်။ အုပဲ Samsung Galaxy S9 Plus နဲ့ iPhone X တို့ကိုနှိုင်းယှဉ်ကြည့်ကြပါစို့။

Design

Glass-on-glass ဒီဇိုင်းကတော့ ဒီနှိုင်းယှဉ်မှုမှာ အခရာပါပဲ။ iPhone ဟာ iOS သုံးစွဲသူတွေအချိန်အကြာကြီး သုံးစွဲခဲ့ရတဲ့ metal ကိုယ်ထည်ကနေ လုံးဝခွဲထွက်လိုက်ပါတယ်။ iPhone သုံးစွဲသူတွေအတွက်ကတော့ အနည်းငယ်အဆင်မပြေဖြစ်သွားနိုင်ပေမယ့်လည်း iP ထောက်ခံချက်ရရှိထားတာဆိုတော့ ရေစိမ်ခံပြီပေါ့။

S9 PPlus မှာလည်း ထို့အတူပါပဲ။ သူကတော့ IP68 ရထားပြီးတော့ iPhone X က IP67 ပါ။ S9 Plus မှာ စိတ်လှုပ်ရှားစရာအရောင်လေးတွေဖြစ်တဲ့ Lilac Purpleလေး ရှိပါတယ်။ iPhone X ကတော့ အရင်အတိုင်း Space Gray နဲ့ Silver တို့ကိုသာ ရနိုင်မှာပါ။

အပေါ်မှာပြောခဲ့သလိုပါပဲ iPhone X ကပြောင်းလဲထားပါတယ်။ ဒါကြောင့် home button နဲ့ fingerprint reader တွေကို ဖြုတ်ထားလိုက်ပြီးတော့ biometric လုံခြုံရေးကိုပဲ အသုံးပြုထားပါတယ်။ ဒါတွေဖယ်ထုတ်လိုက်ခြင်းက iPhone အတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်ပါတယ်။ ဘောင်နည်းဒီဇိုင်းဖြစ်သွားစေပါတယ်။ ဆိုတော့ အဟိုက်လေးအကြောင်း ဆက်ပြောကြမယ်။

Display

လူတွေဘယ်လိုပဲဒီလိုဒီဇိုင်းကို ခံစားကြသည်ဖြစ်စေ၊ iPhone X ရဲ့ Face ID recognition အတွက် ဒီလိုဖန်တီးထားတာကို Apple ကတော့ ဂုဏ်ယူနေဆဲပါပဲ။ ဒီအတွက် Super Retina display ကိုလည်း အသုံးပြုပေးထားပါတယ်။ Super Retina ဆိုတာကတော့ resolution က 2.436 x 1,125 pixel ဖြစ်တာမို့ Samsung Galaxy S9 ရဲ့ Quad HD+(2,960 x 1,440) အောက်ကို ရောက်ပါတယ်။ သူ့မှာ 529ppi ဖြစ်ပြီးတော့ iPhone Xမှာက 458ppi ကို အသုံးပြုထားပါတယ်။ ဖြစ်သင့်ပါတယ်။ iPhone X ရဲ့ OLED panel ကို Samsung ရဲ့ ထောက်ပံ့ပေးထားတာမဟုတ်လား။

အဟိုက်လေးရဲ့ ဘယ်ညာကိုဆွဲကြည့်လိုက်မယ်ဆိုရင် Control Center ဒါမှမဟုတ် iPhone X အတွက် notification တွေကိုလည်း ယူဆောင်ပေးနိုင်ပါတယ်။ home button မပါဘဲ home ကိုသွားဖို့အတွက်က သုံးစွဲသူတွေဟာ အောက်ခြေကနေ ပွတ်ဆွဲရမှာဖြစ်ပါတယ်။ အဲဒီမှာ gesture လေးကို တစ်စက္ကန့်လောက်ထိန်းထားမယ်ဆိုရင်တော့ recent apps အပိုင်းကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဟိုက်လေးက အခြေအနေအဲလောက်မဆိုးပေမယ့်လည်း အခြားသူတွေကတော့ တော်တော်လေးခံစားနေကြပါတယ်။ မျက်နှာပြင်ပြည့်စာတွေအတွက် ဖြတ်ထားခြင်းက နည်းနည်းလေး ကသိကအောက်နိုင်ပေမယ့်လည်း ဒီလိုမှမလုပ်ထားရင်လည်း မျက်နှာပြင်ပြည့်ဆိုတာကို မခံစားနိုင်တော့ဘူး ဖြစ်သွားနိုင်ပါတယ်။

S9 Plus မှာပါတဲ့ Super AMOLED display ထက် သာလွန်တဲ့ခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ S9 Plus မှာတော့ Infinity display က အဆုံးစွန်ထိကွေးညွတ်ထားပါတယ်။ Samsung ‘pop’ ကတော့ default  ဖြစ်ပေမယ့်လည်း အရောင်လေးတွေကို tweak လုပ်နိုင်တာကလည်း ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ iPhone X ပေါ်ကအဟိုက်လေးက display အရှေ့ပိုင်းကို ဖျက်စီးမနေဘဲနဲ့ ဘောင်နည်းဒီဇိုင်းလေးက အာရုံကိုဆွဲဆောင်နိုင်တာကတော့ အမှန်ပါပဲ။

S9 Plus မှာတော့ iPhone X ထက် မျက်နှာပြင်တောက်ပနှုန်းမြင့်မားပါတယ်။ (1100 nits vs 700) နေအလင်းရောင်ရှိတဲ့အခါမျိုးတွေမှာ နေကို အလင်းsensor တွေကသိသွားတာနဲ့ အလင်းတွေကို လျှော့ချပေးပါတယ်။ ဒါပေါ့ Apple ကလည်း မျက်နှာပြင်ကို တိတိကျကျ ချိန်ညှိပေးနိုင်ပါတယ်။

iPhone X ရဲ့ ဒီဇိုင်းကာလာအပြောင်းအလဲကတော့ အနောက်ဘက်က ကင်မရာလေးတွေပါပဲ။ ကင်မရာနှစ်လုံးတပ်ဆင်ထားမှုက ဒေါင်လိုက်ဖြစ်သွားပြီးတော့ မြင်ကွင်းကို နှစ်ဆချဲ့နိုင်ပါတယ်။ S9 Plus ရဲ့ကင်မရာမှာတော့ telephoto lens ပါဝင်ပြီးတော့ ဒေါင်လိုက်အနေအထားနဲ့ နှစ်လုံးတပ်ဆင်ထားပါတယ်။ အလယ်ခေါင်မှာကျနေတာကို တွေ့မြင်ရမှာပါ။ လက်ဗွေစနစ်ကတော့ ကင်မရာရဲ့အောက်မှာရောက်သွားပါတယ်။ အရင်ဖုန်းတွေထက်တော့ အသုံးပြုရတာပိုအဆင်ပြေသွားတယ်လို့ ဆိုနိုင်ပါတယ်။

 

Security

iPhone X ရဲ့ လုံခြုံရေးfeature တွေကတော့ faece detection ပေါ်မှာ မူတည်နေပါတယ်။ လက်ဗွေစနစ်ကလည်း ဖျက်လိုက်ပါပြီ။ Facial recognition ဟာ iPhone အတွက် အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ သူ့ကို unlock အတွက်သုံးနိုင်သလို လုံးဝမြန်ဆန်တယ်လို့ ဆိုရမှာပါ။ အလုပ်လုပ်ပုံကလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် S9 plus လိုမျိုးတော့ နည်းလမ်းတခုထက်မက ပေးထားသင့်တယ်လို့ ဆိုချင်ပါတယ်။

S9 Plus မှာကတော့ face unlock, iris scanner တို့ကိုပေါင်းစပ်ထားတဲ့ Intelligent Scan ပါဝင်ပြီး အလင်းအားနည်းချိန်တွေမှာတောင် အလုပ်လုပ်နိုင်တာမို့ စိတ်ဝင်စားစရာပါပဲ။ အလင်းအားနည်းချိန်မှာ မျက်နှာကို သိနိုင်ဖို့ကခက်ခဲတဲ့အတွက်ကြောင့် အနီအောက်ရောင်ခြည်တွေနဲ့ iris ကို ဖတ်တဲ့သဘောပါပဲ။ အဆင်မပြေခဲ့ဘူးဆိုရင် လက်ဗွေစနစ်၊ PIN ၊ Password ၊ Pattern တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ ဒါကြောင့် တစ်ခုတည်းကိုပဲ မူတည်နေတာ မဟုတ်လို့ ပိုကောင်းတယ်လို့ မြင်မိပါတယ်။

Performance

ဖုန်းတွေကိုကြည့်တဲ့အခါမှာ performance ပိုင်းကလည်း flagship တွေကို ခွဲထုတ်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ S9 ကတော့ Snapdragon 845 ကို အသုံးပြုထားပြီးတော့ iPhoneX မှာကတော့ A11 Bionic ကို အသုံးပြုထားပါတယ်။ နှစ်ခုစလုံးကတော့ အေးဆေးပါပဲ။ S9 Plus မှာ RAM ပိုင်းအရ 6GB ဖြစ်တာမို့ များပြားပါတယ်။ iPhone တွေကိုကြည့်လိုက်ရင် RAM က GB ဆိုပေမယ့် အလုပ်ဖြစ်ခဲ့တာချည်းမဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ iOS တည်ဆောက်ပုံက Android နဲ့ မတူခြားနားလို့ပါ။ ဒါကြောင့် software usage ကို ထိန်းထားနိုင်ပါတယ်။

Audio

အသံပိုင်းဆိုင်ရာနဲ့ သုံးသပ်မယ်ဆိုတော့ ကွာဟချက်လေးတွေကို တွေ့မြင်လိုက်ရပါတယ်။ အသံစနစ်ဆင်တူလေးတွေရှိတယ်ဆိုတော့ အောက်ဘက်မှာရှိတဲ့ စပီကာနဲ့ အရှေ့ဘက်မှာမျက်နှာမူထားတဲ့ earpiece တွေကို အသုံးပြုထားတာကို ပြောချင်တာပါ။ iPhone X စပီကာတွေကတော့ S9 လောက် စွဲငြိဖွယ်သိပ်မကောင်းပါဘူး။ နှစ်ခုစလုံးက ကျယ်ပေမယ့်လည်း S9 ရဲ့အသံကတော့ ပြည့်ပြည့်၀၀ဖြစ်ပြီးတော့ ကြွယ်တယ်လို့ ဆိုနိုင်ပါတယ်။

Apple ကတော့ headphone jack ကို ဖယ်ထုတ်လိုက်ပါပြီ။ အခုခေတ်က Bluetooth အသံစနစ်ကို ရောက်နေပြီမဟုတ်လား။ iPhone X ကတော့ AirPods, wireless headphones, Lightning adapter တွေ လိုအပ်ပါတယ်။ ဒါပေမယ့် S9 ကတော့ ဒါတွေမလိုအပ်ပါဘူး။ 3.5 mm jack နဲ့ဆိုတော့ အဆင်ပြေတာပေါ့။ အသံပိုင်းဆိုင်ရာကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။

Battery

ဘတ်ထရီသက်တမ်းကတော့ အသုံးပြုတဲ့အပေါ်မှာ မူတည်ပါတယ်။ iPhone X မှာ standby အချိန်ကောင်းကောင်း ရှိပါတယ်။ 2,716mAh ဘတ်ထရီဟာ မီဒီယာကြည့်ရှုမှုတွေနဲ့ ကင်မရာအသုံးပြုမှုတွေကိုလုပ်လိုက်မယ်ဆိုရင်တော့ မြန်မြန်ကျလွယ်ပါတယ်။ S9 Plus မှာလည်း အဲဒီလိုလေးတွေ ရှိပါတယ်။ screen-on-time ကတော့ ခြောက်နာရီလောက် ခံနိုင်ပါတယ်။ ဒါပေမယ့် တစ်ရက်ခွဲလောက်ခံချင်ရင်တော့ power saving mode ကို အသုံးပြုပါ။ အားအမြန်သွင်းစနစ်ကတော့ အချိန်တိုအတွင်းမှာ ပါဝါများများရနိုင်ပါတယ်။ ဒါပေမယ့် iPhone X မှာပါဝင်တဲ့ အားသွင်းကြိုးကတော့ အဆင်မပြေပါဘူး။ USB-C ကနေ Lightning တွေကတော့ အဆင်ပြေပါတယ်။

Camera

ကင်မရာတွေက အတော်လေးယှဉ်ပြိုင်မှု အားကောင်းပါတယ်။ အသေးစိတ်ကိုကြည့်ချင်တယ်ဆိုရင်တော့ YouTube channel တွေမှာ သွားကြည့်ဖို့ ပြောချင်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ 12MP ကင်မရာအတွဲတွေက ဆင်တူသလိုလိုပါပဲ။ ဒါပေမယ့် Samsung ကတော့ စမတ်ဖုန်းဓါတ်ပုံပိုင်းမှာ dual aperture တွေနဲ့ ပိုကောင်းအောင် သွားထားတာကိုတွေ့မြင်ရပါတယ်။

Samsung Galaxy S9 Plus ကင်မရာနမူနာများ

Wide angle lens တွေမှာ wide-open f/1.5 aperture ရှိတဲ့အတွက်ကြောင့် အလင်းsenor ကို စုပ်ယူအားကောင်းသွားစေပြီးတော့ ကင်မရာကို f/2.4 aperture အထိ ပြောင်းနိုင်ပါတယ်။ f/2.4 ဟာ အလင်းအားကောင်းတဲ့အချိန်တွေမှာအထိ လုပ်ဆောင်နိုင်ပြီးတော့ f/1.5 ကို မလိုအပ်ဘဲသုံးနေရတာမျိုး မဖြစ်စေတော့ပါဘူး။ S9 ရဲ့ ရိုက်ကူးမှုတွေကတော့ ရိုက်အားပျော့သွားတာမျိုးတွေကို မတွေ့ရပါဘူး။ Auto mode ကတော့ aperture တွေကို ကောင်းကောင်းချိန်ညှိပေးနိုင်ပါတယ်။ manual Pro mode ကတော့ ကင်မရာကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားလို့ရပါတယ်။

 

iPhone X ကင်မရာ နမူနာ

iPhone X မှာကတော့ အလင်းအားနည်းချိန်အတွက် သိပ်မကောင်းလှပါဘူး။ main lens ကတော့ f/1.8 aperture ဖြစ်ပြီးတော့ telephoto lens ကတော့ f/2.4 aperture ဖြစ်ပါတယ်။ မှောင်နေတဲ့အချိန်မျိုးတွေမှာ ရိုက်လို့ကောင်းမွန်ပါတယ်။ ဒါပေမယ့် S9 ရဲ့ ဓါတ်ပုံတွေနဲ့ ယှဉ်လို့တော့မရပါဘူး။ S9 ရဲ့ ကင်မရာကတော့ ရိုက်ကူးပြီးချိန်မှာ ပြင်ဆင်ဖို့အတွက် ကောင်းမွန်ပါတယ်။ DRAM ကို ကင်မရာ module မှာထည့်သွင်းထားတဲ့အတွက်ကြောင့် multi-frame တွေကို ထောက်ပံ့ပေးနိုင်တယ်။ HDR လိုမျိုး ပုံပေါင်းများစွာရိုက်ကူးပြီးတော့ အကောင်းဆုံးတစ်ခုရနိုင်မယ့်ပုံကိုသာ ရွေးချယ်ပေးတာမျိုးပေါ့။

Portrait mode ကတော့ ဖုန်းနှစ်လုံးအတွက် အကြီးမားဆုံးသော အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ iPhone X ကတော့ အမျိုးမျိုးသော software အခြေပြု lighting mode တွေနဲ့ လုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ 7MP အရှေ့ကင်မရာကတော့ သူ့ဘာသာကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ S9 ရဲ့ 8MP အရှေ့ကင်မရာလောက် ကောင်းပါတယ်။ iPhone X ကတော့ အလင်းတွေကို ဖော်ပြတဲ့အခါမှာ ဘယ်လိုလုပ်ထားမလဲဆိုတာကို ပြောင်းလဲနိုင်ပေမယ့်လည်း သုံးစွဲသူတွေအတွက်ကတော့ သိပ်အသုံးမ၀င်ပါဘူး။ ကျွန်တော့ကိုယ်ကျွန်တော်လည်း ဖြူမည်းပုံတွေကို သိပ်မတတ်တာကို သတိထားမိလို့ပါ။

Galaxy S9 ကတော့ soft focus selfie mode ရှိပြီးတော့ feature တွေအများကြီးကို တွေ့ရပါတယ်။ beauty mode တွေကလည်း အရမ်းအသုံးဝင်ပါတယ်။ beauty mode ဒါမှမဟုတ် portrait lighting တွေကိုလည်း သင့်စိတ်ကြိုက်အသုံးပြုထားနိုင်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ အကောင်းဆုံးဆယ်လ်ဖီတွေကို ရနိုင်ပါတယ်။

Portrait အတွက် အနောက်ကင်မရာကိုအသုံးပြုတဲ့အခါမှာ ကင်မရာနှစ်လုံးကြောင့် ခြားနားမှုတွေကို တွေ့ရှိနိုင်ပါတယ်။ ပေါင်းစပ်အသုံးပြုတဲ့အခါမှာ S9 ရဲ့ Live Focus ကတော့ နောက်ခံနဲ့ လူတွေ၊ အရာဝတ္ထုတွေကို ကောင်းကောင်း ခွဲခြားနိုင်ပါတယ်။ အနောက်ဘက်မှာ သေးငယ်တဲ့ light diode လေးတွေရှိမယ်ဆိုရင် gallery app ဟာ Art Bokeh အပြောင်းအလဲလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆိုတော့ အလင်းလေးတွေထည့်တာမျိုး၊ ကြယ်လေးတွေ၊ အသည်းပုံလေးတွေ လိုချင်တယ်ဆိုရင် ထည့်နိုင်ပါတယ်။

တစ်ဖက်မှာလည်း iPhone X ဟာ portrait mode ကို အနောက်ကင်မရာနဲ့ ရိုက်ကူးတဲ့အခါမှာ အလင်းအခြေအနေအမျိုးမျိုးကို လုပ်ဆောင်ပေးထားပါတယ်။ iPhone X မှာကတော့ S9 မှာလို နောက်ခံကနေ အရာဝတ္ထုတွေကို ခွဲထုတ်လိုက်တာမျိုးလောက်မလွယ်ကူပါဘူး။ အလင်း effect လေးတွေကတော့ နည်းနည်းလေးအားနည်းတယ်ဆိုပေမယ့် software ကို အခြေခံလွန်းအားကြီးတယ်လို့ မြင်မိပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ ကင်မရာတွေက လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ control များများလိုချင်တယ်ဆိုရင်တော့ S9 က ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။ Super Slow Motion ကတော့ ပျော်စရာကောင်းပါတယ်။ ကင်မရာကိုအသုံးပြုပြီးတော့ AR မှတစ်ဆင့် ရုပ်ပြောင်လေးတွေကို ဖန်တီးနိုင်ပြီးတော့ AR Emoji လေးတွေ အသုံးပြုနိုင်ပါတယ်။ Animoji နဲ့ အခြားနားတာကတော့ ချက်ချင်းအသုံးပြုနိုင်ပါတယ်။ face tracking နဲ့ Animoji အရေအတွက်တွေကတော့ မြန်ဆန်သွက်လက်ပြီး လှပပါတယ်။ Animoji လေးတွေကတော့ သင့်ကိုနယ်မြေသစ်တစ်ခုကို ခေါ်ဆောင်ပေးနိုင်ပါတယ်။

Software

နောက်ဆုံးကတော့ ဒါပဲကျန်တော့တယ်။ Android နဲ့ iOS ကိုပြောရမှာဆိုတော့ နည်းနည်းတော့ ရယ်စရာကောင်းသလားလို့။ ဒါပေမယ့်လည်း ဒီလောက်မလွယ်တော့ပါဘူး။ နှစ်တွေကြာလာတဲ့အချိန်မှာ app ခြားနားမှုကလည်း သေးငယ်လာပြီးတော့ လုပ်ဆောင်နိုင်စွမ်းတွေကလည်း အတူတူနီးပါးလောက်ကို ရောက်လာတော့မှာပါ။ ဒီနေရာမှာ အရေးပါတာကတော့ customize လုပ်နိုင်သလားဆိုတာပါပဲ။

Samsung UI ကတော့ personalization အတွက် အများကြီးထောက်ပံ့ပေးထားပါတယ်။ theme engine အလန်းစား၊ display ချိန်ညှိခြင်း၊ iPhone X မှာမရှိတဲ့feature တွေကိုတွေ့မြင်ရမှာပါ။ S9 lock screen အတွက် ၁၅စက္ကန့်စာ ဗွီဒီယိုလေးကို ရိုက်ကူးနိုင်ပါသေးတယ်။ iOS မှာတော့ မြင်တာကိုရနိုင်ပါတယ်။ home screen ဟာ app shortcuts တွေနဲ့ ပြည့်နေပြီတော့ widget ထောက်ပံ့မှုမရှိပါဘူး။ Apple fan တွေအတွက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် Android ကတော့ ပိုကောင်းပါတယ်။

 

ဒီလိုပြောလိုက်လို့ iOS က ကြည့်ရဆိုးတယ်လို့ ပြောလိုက်တာလား။ မဟုတ်ရပါဘူး။ သူ့ရဲ့ရိုးရှင်းမှုက သုံးစွဲသူအများစုကို ကြွေသွားစေနိုင်ပြီးတော့ feature တွေနဲ့ အထိအတွေ့မှာလည်း မူးယစ်သွားစေနိုင်ပါတယ်။ notification area, Control Center တွေကိုလည်း သုံးကြည့်လိုက်ပါဦး။ iPhone X ရဲ့ ပြောင်းလဲမှုကတော့ gesture အခြေပြု ထိန်းချုပ်မှုတွေဆီကို သွားထားပါတယ်။ အပေါ်ကိုဆွဲလိုက်ရင် home ဒါမှမဟုတ် recent apps ကို ရောက်သွားပြီးတော့ home နဲ့ back ခလုတ်တွေကို အစားထိုးထားပါတယ်။ back ကိုတော့ app တိုင်းရဲ့ အပေါ်နားမှာ တွေ့မြင်ရမှာပါ။ ဒါပေမယ့် gesture လေးတွေရှိနေပြီပဲ။ အောက်ကိုဆွဲလိုက်မယ်ဆိုရင်တော့ quick access setting တွေကို အသုံးပြုနိုင်ပါပြီ။ Control Center ကတော့ အဟိုက်လေးရဲ့ ညာဘက်ကနေ ဆွဲချမှရမှာပါ။ အရင်ကထက်တော့ အဆင်ပြေမှု နည်းသွားတယ်လို့ဆိုရမလား။a

Android ကတော့ feature ကြွယ်ပါတယ်။ ဒါကလည်း ထုတ်လုပ်သူတွေအပေါ်မှာ မူတည်နေပါတယ်။ Samsung ဟာ Android ပိုင်းမှာ ဆရာတစ်ဆူလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း Android ကတော့ လူအများစုမကြိုက်နှစ်သက်တဲ့ bloat ware တွေပါနေကလည်း စိတ်ပျက်စရာတော့ကောင်းသား။

Bixby နဲ့ Google Assistant တို့ကို တစ်နေရာတည်းမှာ တွေ့နိုင်ပါတယ်။ Bixby Home အတွက်ကတော့ ခလုတ်သက်သက်ပါဝင်ပါတယ်။ အသံနဲ့ command တွေကို အသုံးပြုနိုင်ပါတယ်။ Google Now feed မှာလည်းရှိပါတယ်။ Google Assistant ကို စချင်တယ်ဆိုရင်တော့ home ခလုတ်ကို နှိပ်ထားလိုက်ရင်ရပါတယ်။

Bixby မှာကတော့ နည်းနည်းလေးထူးခြားတာလေးတွေ ရှိပါတယ်။ AR translation ၊ food recognition တွေပါဝင်တဲ့အတွက်ကြောင့် ကောင်းမွန်တယ်ဆိုပေမယ့် အလုပ်လုပ်ပုံကတော့ အပြည့်အ၀မဟုတ်သေးပါဘူး။ Bixby နဲ့ Google Assistant တို့ကတော့ Siri ထက်တော့ လုပ်ဆောင်နိုင်စွမ်းတွေ မြင့်မားပါတယ်။

 

အနှစ်ချုပ်

ဖုန်းနှစ်လုံးစလုံးနဲ့ပတ်သတ်တဲ့အခါမှာ နှိုင်းယှဉ်ချက်တွေ များပြားပါတယ်။ ဒါပေမယ့် ကြည့်ရတာရှင်းပါတယ်။ ကင်မရာပိုင်းမှာကတော့ Galaxy S9 ဖြစ်ပြီးတော့ iPhone X ကလည်း အခြားသော spec တွေမှာ နောက်ကျကျန်နေတာမျိုး မဟုတ်ပါဘူး။ တကယ်လို့သင်က Android ဒါမှမဟုတ် iOS ဖန်တစ်ယောက်ဆိုရင်တော့ ဘယ်ဟာကိုရွေးရမလဲသိထားပြီးလောက်ပါပြီ။ ဒါကြောင့် Galaxy S10 ဒါမှမဟတု SX မှာ Samsung က ဘယ်လိုတွေလုပ်ဆောင်သွားဦးမလဲဆိုတာကို ရင်ခုန်လို့ရနေပါပြီ။

ဒီတော့ သင်ဆိုရင်ရော ဘာကိုရွေးမလဲ။