P20 Lite ရဲ့ တရုတ်ဗားရှင်း Huawei Nova 3e

0
740

Huawei Nova 3e ကိုမြင်လိုက်တဲ့အခါ မရှုပ်သွားပါနဲ့။ သူက Huawei P20 Lite ပါ။ ပေါက်ကြားမှုတွေကြောင့် ပုံကြမ်းလေးထွက်ပေါ်လာပါပြီ။ ဒါကြောင့် မကြာခင်မှာ ကြေညာတော့မှာပါ။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပမယ့် ပွဲနေ့ ၂၇ရက်ရောက်မှ အတိအကျသိရမှာပါ။ Huawei P20 Lite ရဲ့ တရုတ်ဗားရှင်းကတော့ Nova 3e ဆိုတာ ပေါက်ကြားပုံရိပ်တွေက ပြသနေပါတယ်။ ဟုတ်ပါတယ်။ အတူတူပါပဲ။

Huawei Nova 3e တဖြစ်လဲ P20 Lite ကိုတော့ Gold ၊ Pink ၊ Black နဲ့ Blue ကာလာတွေ ထုတ်ပေးသွားမှာပါ။ အနောက်ကင်မရာနှစ်လုံးကို ဒေါင်လိုက်တွေ့မြင်နိုင်ပြီးတော့ fingerprint sensor ကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ဘောင်နည်းမျက်နှာပြင်၊ အဟိုက်လေးတွေကိုလည်း အသုံးပြုထားပါတယ်။ next-gen Essential Phone တွေမှာလည်း အဟိုက်တွေ တွေ့မြင်ရနိုင်ချေမရှိတော့သလို Apple ကလည်းမသုံးလောက်တော့ဘူးလို့ သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့်လည်း အဟိုက်ရေစီးကြောင်းက တော်တော်နဲ့ မပျောက်လောက်ဘူးလို့ ထင်မိပါတယ်။

Huawei P20 ကို launch လုပ်မယ့်နေ့မှာ တွေ့မြင်ရနိုင်ပါတယ်။ hands-on video လေးတွေကိုလည်း မြင်တော့ မြင်ရပါတယ်။ See Brighter ၊ See Closer ကြော်ငြာလေးတွေကိုလည်း ခံစားပြီးလောက်ရောပေါ့။ headphone jack မပါဝင်ဘူး၊ 4000mAh ဘတ်ထရီ၊ Always-on Display တွေကိုလည်း တွေ့မြင်ထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၃၂(၄သိန်း၎သောင်း) ဖြစ်ပါတယ်။