၂၀၂၀ခုနှစ်မှာ တွေ့ရနိုင်တဲ့ Apple ရဲ့ ပထမဆုံးသော ခေါက်နိုင်တဲ့ iPhone

0
493

ဆမ်ဆောင်းကတော့ ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေကို ဒီဇိုင်းလုပ်နေပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်ချက်တွေပုံထားခံရတဲ့ ခေါက်နိုင်တဲ့ Galaxy X ကလည်း မထွက်နိုင်သေးပါဘူး။

ဒါကြောင့် ဆမ်ဆောင်းဟာ အဲဒီလိုဖုန်းတွေကို စီစဉ်နေတဲ့ တစ်ဦးတည်းသော စမတ်ဖုန်းထုတ်လုပ်သူ မဟုတ်ပါဘူး။ ZTE ရဲ့ Axon M ကတော့ ပထမဆုံးပေါ်လာတဲ့ နာမည်တစ်ခုပါ။ လူတိုင်းအတွက် မဟုတ်ပေမယ့်လည်း ဈေးကွက်မှာတော့ ရောက်နေပါပြီ။ ဒါပေမယ့် Apple မှာလည်း ခေါက်နိုင်တဲ့ iPhone တွေကို စီစဉ်နေပါပြီ။ တချို့လူတွေကတော့ ခေါက်နိုင်တဲ့ iOS ပစ္စည်းတွေကို ၂၀၂၀မှာ ရောက်နိုင်လိမ့်မယ်လို့ တွေထားကြပါတယ်။

အမေရိကဘဏ်ဖြစ်တဲ့ Merrill Lynch ကတော့ Apple ဟာ လက်ရှိမှာ ခေါက်နိုင်တဲ့ iPhone X ကို အာရှမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီးတော့ ဖြန့်လိုက်ရင် iPad ဖြစ်သွားအောင် လုပ်ဆောင်သွားဖို့ လုပ်နေတယ်လို့ ပြောထားပါတယ်။

“iPhone တွေကိုလည်း OLED ဗားရှင်းနဲ့ တွေ့မြင်ရပြီးတော့ အရွယ်အစားတွေကို ပြောင်းလဲဖို့မျှေုာ်လင့်ထားပါတယ်။” လို့ Wamsi Mohan က ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ စစ်ဆေးချက်အရ Apple ဟာ ထောက်ပံ့သူတွေနဲ့ ခေါက်နိုငတဲ့ဖုန်းတစ်လုံးကို လုပ်ဆောင်နေပြီးတော့ ၂၀၂၀ခုနှစ်မှာ launch လုပ်နိုင်လိမ့်မယ်လို့ ဖော်ပြနေပါတယ်။”

မနှစ်ကအစီရင်ခံစာမှာလည်း Apple ဟာ LG Dislay ကို ရွေးချယ်ခဲ့ပြီးတော့ ခေါက်နိုင်တဲ့ iPhone တွေထုတ်လုပ်ဖို့ ဆမ်ဆောင်းကို ငြင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple ရဲ့ ဒီဇိုင်းတွေကို မပေါက်ကြားစေချင်တဲ့အတွက်ကြောင့်ပါ။ Apple ဟာ patent တွေတင်ထားပြီးတော့ ခေါက်နိုင်တဲ့၊ ကွေးညွတ်နိုင်တဲ့ screen တွေကိုလုပ်ဆောင်နေတာ အားလုံးအသိပါ။

ဒီနှစ်မှာ Apple ဟာ iPhone X လိုမျိုး သုံးလုံးထုတ်လိမ့်မယ်လို့ သတင်းထွက်နေပါတယ်။ နှစ်လုံးကတော့ အရွယ်အစားမတူညီတဲ့ OLED ဟန်းဆက်နဲ့ LCD တစ်လုံးပါဝင်မယ်လို့ ပြောနေပါတယ်။ သုံးလုံးစလုံးဟာ iPhone X နဲ့ ဒီဇိုင်းတူမယ်လို့ မျှော်လင့်ထားကြပါတယ်။

Galaxy X ကလည်း ဒီနှစ်မှာတော့ ထွက်မလာနိုင်လောက်ပါဘူး။ ဒါပေမယ့် Samsung ရဲ့ ပထမဆုံးခေါက်နိုင်တဲ့ဖုန်းကတော့ Apple ရဲ့ ခေါက်နိုင်တဲ့ iPhone ထက်တော့ ဈေးကွက်ကိုဟစ်ဖြစ်နိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။