P20 Lite ရဲ့ တရုတ်ဗားရှင်း Huawei Nova 3E ကို အော်ဒါမှာနိုင်ပြီ

0
671

P20 လိုင်းအသစ်တွေကို မတ်လ၂၇ရက်နေ့ ပဲရစ်မြို့မှာ ပြသမှာမဟုတ်လား။ အဲဒီမှာ Huawei P20 ၊ P20 Pro ၊ P20 Lite တွေကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် Huawei Nova 3E အသစ်ကလည်း မိုက်ပါတယ်။ P20 Lite ကတော့ ဗွီဒီယိုထဲမှာ မြင်တွေ့ပြီးဖြစ်ပါတယ်။

P20 Lite နဲ့ Nova 3E တို့ဟာ အတူတူပါပဲ။ နည်းနည်းလောက်သာ ကွဲပြားပါတယ်။ Nova 3E အတွက် အော်ဒါမှာလည်း ဖွင့်ပေးထားပါတယ်။ ကြိုတင်မှာယူမယ်ဆိုရင်တော့ မတ်လ၂၇ရက်နေ့မှာ ဖြန့်ချိပေးသွားမှာပါ။

P20 Lite လိုပဲ Huawei Nova 3E ဟာ ၅.၈၄လက်မ IPS LCD ၊ 2,280 x 1,080 resolution တို့ကို တွေ့မြင်ရမှာပါ။ 16 MP အရှေ့ကင်မရာကို မျက်နှာပြင်ရဲ့အဟိုက်လေးထဲမှာ မြှုပ်ထားပါတယ်။ အနောက်ဘက်မှာတော့ 16 MP ကင်မရာနဲ့အတူ 2 MP depth-sensor လေးကို တွေ့မြင်ရဦးမှာပါ။

အတွင်းပိုင်းမှာတော့ Kirin 659 chip ၊ 4 GB RAM ၊ ဆယ်လ်ဖီတွေသိမ်းဆည်းဖို့အတွက် 64 GB သိုလှောင်မှု ပါဝင်ပါတယ်။ မလုံလောက်သေးဘူးဆိုရင် microSD card နဲ့ ထပ်စိုက်လို့ရပါတယ်။

3,000 mAh ဘတ်ထရီပါဝင်ပြီးတော့ Android 8.0 Oreo ကို ပြင်ဆင်ထားတဲ့ Huawei ရဲ့ EMUI software ဖြစ်တဲ့ EMUI 8.0 ကို အသုံးပြုထားတာပါ။

standard edition ကတော့ ဒေါ်လာ ၃၁၆ ဖြစ်ပါတယ်။ 128 GB အထိ ရွေးချယ်နိုင်မှာပါ။ ဒါကတော့ ဒေါ်လာ၃၄၇ ကျသင့်မှာပါ။ နှစ်ခုစလုံးမှာတော့ RAM 4GB ဖြစ်ပါတယ်။ အရောင်တွေကတော့ Klein Blue ၊ Cherry Powder ၊ Magic Night Black ၊ Platinum Gold တို့ဖြစ်ပါတယ်။ အနားသတ်ထားမှုက တောက်ပြောင်ပြီးတော့ ဖက်ရှင်ကျနပါတယ်။

P20 လိုင်းတွေအကြောင်း ကောလဟာလတွေလည်း ထွက်နေပါတယ်။ ပဲရစ်မြို့မှာကျင်းပမယ့်ပွဲမှာတော့ အပြည့်အစုံသိရမှာပါ။