Official Xiaomi Mi Mix 2s ရဲ့ ဆယ်လ်ဖီကင်မရာက ဘယ်နားမှာလဲ

0
486

Xiaomi ဟာ Mi Mix 2s ရဲ့ ဓါတ်ပုံလေးတွေကို ထုတ်ပြလိုက်ပါတယ်။ သူ့ရဲ့ဆယ်လ်ဖီကင်မရာဟာ မပါလာဘူးလို့ ပြောနေကြလို့ပါ။ Mix 2s ရဲ့ ကင်မရာကတော့ ဟန်းဆက်ရဲ့အောက်ဘက်မှာ ထည့်သွင်းထားနိုင်ပါတယ်။ standard Mi Mix 2 မှာလိုပေါ့။ မဟုတ်လည်း Vivo Apex လို ထည့်ချင်ထည့်မှာပေါ့လေ။

Xiaomi  ကတော့ ဆယ်လ်ဖီကင်မရာနဲ့ sensor တွေကို ထည့်သွင်းထားတဲ့ အဟိုက်လေးကို ရှင်းဖို့ကြိုးစားနေတာပါ။ iPhone X ၊ Oppo F7 တို့နဲ့တော့ ကွဲပြားသွားမှာ အမှန်ပါပဲ။

Mi Mix 2s ဟာ မျက်နှာပြင်ကိုယ်ထည်အချိုးကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားမှာပါ။ မျက်နှာပြင်ကတော့ အပြည့်မဟုတ်ဘဲ အောက်ခြေမှာနည်းနည်းလေးဘောင်ပါနေတာကို တွေ့မြင်ရမှာပါ။

Weibo ပေါ်မှာတက်လာတဲ့ပုံတွေကတော့ ကြေညာမယ့်ရက်မတိုင်ခင်မှာ ကျွန်တော်တို့ကို တွေ့မြင်ခံစားခွင့် ပေးလိုက်တာဖြစ်ပါတယ်။

Mix 2s ကတော့ Snapdragon 845 chip ၊ 8 GB RAM နဲ့ 256 GB သိုလှောင်မှုတွေနဲ့ ထွက်ပေါ်လာမှာပါ။ Xiaomi ရဲ့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်လာမယ်လို့ မှန်းထားပါတယ်။ ကင်မရာနှစ်လုံးဆိုတာကတော့ ပုံကြည့်လိုက်ရင် မှားနေပါတယ်။

သူတို့ဘယ်လိုတွေကစားထားမလဲဆိုတာကတော့ ကြေညာမယ့်ရက်ကို စောင့်ကြည့်ရတော့မှာပါ။