ဈေးနှုန်းချိုချို ၊ ခပ်လန်းလန်းfeature တွေပေါင်းစပ်ထားတဲ့ Hi 9 Air တက်ဘလက်

0
539

Chuwi ကတော့ Hi 9 Air လို့ခေါ်တဲ့ Android တက်ဘလက်အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါပြီ။ ဧပြီလအလယ်လောက်မှာ ထွက်ရှိမယ်လို့ သတ်မှတ်ထားပါတယ်။ စိတ်ဝင်စားစရာအချက်အလက်လေးတွေကို entry ဈေးနှုန်းနဲ့ ပေးထားပါတယ်။ Android Oreo ကို အသုံးပြုထားပြီးတော့ Hi 9 Air ဟာ entry-level တက်ဘလက်ဈေးကွက်ကို ဈေးနှုန်းနဲ့ လွှမ်းမိုးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း feature တွေကို ကြည့်ကြည့်လိုက်ဦး။

Chuwi’s Hi 9 Air မှာ ၁၀.၁လက်မ IPS display ၊ 2560×1600 resolution ၊ OGS အပြည့်ပါဝင်လို့ ရောင်ပြန်တွေကို လျှော့ချပေးပြီးတော့ ဘောင်တွေကလည်း ၀.၅လက်မသာ ပါဝင်မှာပါ။

Chwui Hi 9 Air
Component Hi 9 Air Tablet
Display 10.1″ 2560×1600 IPS OGS
SoC MediaTek Helio X20
2 x Cortex A72 @ 2.1 GHz
4 x Cortex A53 @ 1.85 GHz
4 x Cortex A53 @ 1.4 GHz
RAM 4 GB LPDDR3
Storage 64 GB eMMC
Operating System Android Oreo
WiFi Dual Band (expected 802.11ac)
Cellular Daul SIM 4G LTE
GSM B2/3/5/8
CDMA1X BC0
WCDMA B1/2/5/8
CDMA2000 BC0
TD-SDMA B34/39
FDD-LTE B1/3/4/5/7/20
TDD-LTE B38/39/40/41
Cameras Front: 5MP
Rear: 13MP w/Flash
Battery 8000 mAh
Dimensions 241.7 x 172.8 x 8.2 mm
9.5 x 6.8 x 0.32 inches
Expected Mid-April 2018 for less than $250 USD

Chuwui ရဲ့တက်ဘလက်မှာ MediatTek Helio X20 SoC ကို အသုံးပြုထားပေမယ့်လည်း cutting edge တော့ မဟုတ်ပါဘူး။ သို့သော်ငြား 2.1 GHz A72 core ကြီးတွေနဲ့ 1.85 Ghz နဲ့  1.4 GHz A53 core တွေကို အသုံးပြုထားပါတယ်။ 4 GB RAM နဲ့ 64 GB သိုလှောင်မှုတွေနဲ့ အားဖြည့်ထားပါတယ်။

Hi 9 Air မှာ flash ပါဝင်တဲ့ 13 MP အနောက်ကင်မရာ၊ 5 MP အရှေ့ကင်မရာတွေ ပါဝင်ပါတယ်။ cellular လိုချင်သူတွေအတွက် Hi 9 Air မှာ SIM နှစ်ကဒ်ထိုးလို့ရတဲ့အပြင် Cat 6 LTE modem ကို အသုံးပြုထားပါတယ်။

အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီးတော့ 8000 mAh ဘတ်ထရီ၊ အချိုးအစားက 241.7 x 172.8 x 8.2 mm (9.5 x 6.8 x 0.32 inches) ဖြစ်ပြီးတော့ အလေးချိန်ကတော့ မသိရသေးပါဘူး။

Hi 9 Air ကို ဧပြီအလယ်လောက်မှာ တွေ့ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ Chuwi ရဲ့ ဈေးနှုန်းကိုမေးကြည့်တဲ့အခါ ဒေါ်လာ၂၅၀ အောက်(၃သိန်း၃သောင်း)မှာ ရှိနိုင်မယ်လို့ သိရပါတယ်။