P20 ရဲ့ ကင်မရာကို DSLR နဲ့ယှဉ်ပြထားတဲ့ Huawei ရဲ့ ပရိုမိုဗွီဒီယိုများ

0
431

ဒီလိုယှဉ်ပြမှုမျိုးကို ဘယ်နှကြိမ်လောက်များ မြင်ဖူးနေပြီလဲ။

Galaxy S9 မှာလို aperture ပြောင်းနိုင်တဲ့စနစ်လား၊ Pixel 2 မှာလို့ စွန်းကောင်းတဲ့ software လေလား။ စမတ်ဖုန်းကင်မရာတွေကလည်း တဖြည်းဖြည်း လန်းလာပြီမဟုတ်လား။

P20 Pro မှာ ကင်မရာသုံးလုံးတပ်ဆင်ထားတာဆိုတော့ အဲဒီအတွက်လုပ်ဆောင်နိုင်စွမ်းတွေကို ကျွန်တော်တို့ မြင်ချင်နေပါပြီ။ ဒီအတွက် ကျွန်တော်တို့မှာ ပရိုမိုဗွီဒီယိုလေးနှစ်ခု ရှိပါတယ်။

ပထမဗွီဒိယိုကတော့ “See Brighter” လို့ အမည်ပေးထားပါတယ်။ အဲဒီမှာ DSLR ကင်မရာပိုင်ရှင်အမျိုးသားကတော့ အလင်းရောင်ရဖို့အတွက် ရုန်းကန်နေရတာကိုတွေ့မြင်နိုင်ပါတယ်။ built-in flash တွေကလည်း အဆင်မပြေတဲ့နောက်မှာတော့ အလင်းရောင်ကောင်းကောင်းရဖို့အတွက် ကြိုးစားရပါတယ်။ အဲဒါလည်းအလုပ်မဖြစ်တော့ soft box လေးကိုယူလာပြီးတော့ umbrella lights တွေကိုလည်း ယူပြီးတော့ ရိုက်ရပါတယ်။

သူ့ဘေးမျာတော့ P20 လို့ယူဆရတဲ့ဖုန်းကို ကိုင်ထားတဲ့အမျိုးသမီးက တစ်ပုံပဲရိုက်လိုက်ပါတယ်။ ပြီးတော့ “#SeeBrighter” ဆိုတာလေးကို မြင်ရပါတယ်။

ဒုတိယဗွီဒီယိုနာမည်လေးကတော့ “See Closer” ဖြစ်ပါတယ်။ အရင်အမျိုးသားကို ပြန်လည်မြင်တွေ့ရမှာပါ။ ဒီတစ်ခေါက်မှာတော့ ကင်မရာသုံးလုံးကိုလည်မှာဆွဲပြီးတော့ ပြီးပြည့်စုံတဲ့ရိုက်ချက်ကို ရဖို့အတွက် ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အမျိုးသမီးကတော့ သူ့ဖုန်းနဲ့ အလွယ်တကူရိုက်ကူးသွားပါတယ်။ အဲဒီနောက်မှာတော့ Huawei က “#SeeCloser” လို့ ကျွန်တော်တို့ကို ပြောထားပါတယ်။

professional-grade DSLR တွေနဲ့ ကင်မရာတွေကို ယှဉ်ပြတာ ပထမဆုံးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း တွေးကြည့်လိုက်ရင် ရယ်စရာကောင်းနေပါတယ်။ ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ ယှဉ်လို့ရတဲ့အနေအထားကို ရောက်နေပါပြီ။

 

P20 ကတော့ အနောက်ဘက်မှာ ကင်မရာသုံးလုံးပါတဲ့ စမတ်ဖုန်းရေစီးကြောင်းကို ပထမဆုံးဖောက်လိုက်တဲ့သူဖြစ်ပါတယ်။ အမျိုးမျိုးသော sensor တွေအပေါ်မှာမူတည်ပြီးတော့ အကောင်းဆုံးသော ကင်မရာခံစားမှုတွေကို ယူဆောင်လာမလားကြည့်ရမှာ။

Huawei ဟာ P20 series တွေကို မတ်လ ၂၇ရက် ပဲရစ်မြို့မှာ ကြေညာသွားမှာပါ။