iPhone စတိုင်လ်အဟိုက်လေးနဲ့ တရုတ်အတွက် R15 နဲ့ R15 Dream Mirror Edition
0
325
Zawgyi Version
Unicode Version
နောက်ဆုံးထွက် OPPO ဖုန်းတွေကို လာမယ့်အပတ်တွေမှာ ကြေညာတော့မယ်လို့ သတင်းတွေထွက်၊ ပုံတွေပေါက်ကြားနဲ့ ပျံ့နှံ့နေပါတယ်။ သူတို့တွေကလည်း အဟိုက်ရေစီးကြောင်းကို အမီလိုက်နေပါတယ်။ Oppo R15 နဲ့ R15 Dream Mirror Edition ဖုန်းတွေကတော့ မျက်နှာပြင်ရှည်ရှည်၊ ကင်မရာနှစ်လုံး ဖန်ကိုယ်ထည်၊ Android 8.1 Oreo edition တွေကို အသုံးပြုထားပါတယ်။ Oppo R15 Plus တော့ မရှိပါဘူး။ Oppo R15 DME ဖြစ်ပါတယ်။ အဲဒီဖုန်းနှစ်ခုလုံးမှာ ၆.၂၈လက်မ OLED screen ၊ 1080 x 2280 pixel resolution ၊ နောက်ခံမှန်သား၊ ပေါ်လစ်တိုက်ထားတဲ့ metal frame နဲ့ AI feature အလန်းတွေကို အသုံးပြုထားပါတယ်။
Oppo R15 မှာတော့ Face Unlock နည်းပညာကို အသုံးပြုထားပြီး ကြာချိန်ကတော့ ဝ.၈စက္ကန့်ဖြစ်ပါတယ်။ Helio P60 processor ၊ Mali-G72 MP3 GP ၊ 128GB storage နဲ့ 3450mAh ဘတ်ထရီကို VOOC အားသွင်းနည်းပညာနဲ့ ထောက်ပံ့ထားပါတယ်။ R15 မှာ ကင်မရာနှစ်လုံးပါဝင်ပြီးတော့ 16MP Sony IMX519 sensor + 5MP with f/2.2 lens ကို အသုံးပြုထားပါတယ်။ Portrait mode မှာလည်း Sony’s artificial intelligence ကို အသုံးပြုထားပါတယ်။ bokeh effect ပါဝင်ပြီးတော့ standard micro USB ၊ dual-band Wi-Fi ၊ Bluetooth 4.2 တို့ကိုလည်းတွေ့မြင်နိုင်ပါတယ်။ အရောင်ကတော့ Star Purple ၊ Snow White ၊ Hot Red တို့ထဲက ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Oppo R15 Dream Mirror Edition ကတော့ OLED screen ၊ Qualcomm Snapdragon 660 octa-core Kryo processor ၊ Adreno 512 GPU ၊ 6GB RAM ၊ 128GB onboard storage ၊ 3400mAh battery နဲ့ V00C အားသွင်းစနစ်တို့ ပါဝင်မှာဖြစ်ပါတယ်။
Aung Phyo Oo (Myanmar Mobile App)