Android ဖုန္းထုတ္လုပ္သူေတြဟာ Face ID နဲ႕ ျပိဳင္ဆုိင္ျခင္းကို လက္ေလွ်ာ့လုိက္ၾက

0
469

Zawgyi Version

အခုလတ္တေလာပုိင္းမွာ ေခတ္ထေနတဲ့ Face ID ကို Android ေတြမွာ ေတြ႕ရေတာ့မယ္လို႕ မွန္းခ်က္ေတြထုတ္ထားခဲ့ေပမယ့္လည္း ထုတ္လုပ္သူေတြဟာ လက္ေဗြစနစ္ကို မ်က္ႏွာျပင္ေအာက္မွာပဲ ထည့္သြင္းထားဖို႕ ျပင္ဆင္ေနၾကတယ္လို႕ သိထားပါတယ္။

ဟုတ္ပါတယ္။ iPhone X ရဲ႕ Face ID ဟာ 3D facial recognition ကို အသံုးျပဳထားျပီးေတာ့ အဲဒီလိုတည္ေဆာက္ဖို႕အတြက္ ကုန္က်စရိတ္ကလည္း မနည္းပါဘူး။ ဒီနည္းလမ္းကို စဥ္းစားခဲ့ၾကေပမယ့္လည္း အမ်ားစုကေတာ့ ကုန္က်စရိတ္ေၾကာင့္ လက္ေလွ်ာ့လိုက္ၾကတာပါ။ ဒါေၾကာင့္ လက္ေဗြစနစ္ကိုပဲ ျပန္ျပီးေတာ့ ပိုေကာင္းလာေအာင္ စဥ္းစားျဖစ္ခဲ့ပါတယ္။

Android ဖုန္းထုတ္လုပ္သူေတြဟာ အခုအခ်ိန္မွာ Qualcomm ရဲ႕ ultrasonic လက္ေဗြစနစ္ကို ဖန္တီးဖို႕အတြက္ အာရံုစိုက္ေနၾကျပီး အဲဒီနည္းပညာဟာ မ်က္ႏွာျပင္ေအာက္မွာ ထည့္သြင္းအသံုးျပဳလို႕ရပါတယ္။ ဒါေၾကာင့္ sensor ကို အေနာက္ဘက္မွာထားဖို႕မလိုအပ္ေတာ့တဲ့အျပင္ physical home ခလုတ္ကိုလည္း ထည့္သြင္းစရာမလိုေတာ့ပါဘူး။

Face ID လိုနည္းပညာမ်ိဳးဟာ ကုန္က်စရိတ္မ်ားတဲ့အျပင္ software ၊ hardware ေတြကိုလည္း ျပင္ဆင္ရမွာျဖစ္တဲ့အတြက္ အဆင္မေျပလွဘူးလို႕ ထုတ္လုပ္သူေတြက ေျပာျပပါတယ္။

Apple iPhone X မွာအသံုးျပဳထားတဲ့ TrueDepth sensor ေတြဟာ တစ္ခုခ်င္းစီကို ေဒၚလာ၆၀(၈ေသာင္း)ကုန္က်ပါတယ္။ ဒါဟာ Android ဖုန္းေတြအမ်ားစုအတြက္ေတာ့ အလြန္မ်ားတဲ့ပမာဏတစ္ခု ျဖစ္လို႕ေနပါတယ္။ iPhone X ဟာ ေဒၚလာ၉၉၉(၁၃သိန္းနီးပါး)ဆိုေတာ့ ကင္မရာကလည္း အဲဒီေလာက္ေစ်းရွိေနတာ ဆန္းၾကယ္တယ္ေတာ့မဟုတ္ပါဘူး။

Qualcomm ရဲ႕ လက္ေဗြစနစ္ကေတာ့ Huawei Mate 11 မွာ အသံုးျပဳခဲ့ျပီး ျဖစ္ပါတယ္။ ဒီႏွစ္၀က္ေလာက္မွာ ျမင္ရႏုိင္တယ္လို႕ ခန္႕မွန္းထားပါတယ္။ ယူအက္စ္ေစ်းကြက္ကိုေတာ့ မေရာက္လာႏုိင္ေလာက္ပါဘူး။ ကမာၻ႕ေနရာအႏွံ႕အျပားမွာလည္း ထို႕အတူပါပဲ။

Face ID နဲ႕ ပတ္သတ္တဲ့ ကုန္က်စရိတ္အျပင္ Apple ကလည္း 2018 iPhone ေမာ္ဒယ္လ္သံုးလံုးကိုလည္း launch လုပ္ဖို႕အတြက္ အသင့္ျဖစ္ေနပါျပီ။ အကုန္လံုးမွာလည္း Touch ID ျဖဳတ္ထားပါတယ္။ ဒါေပမယ့္ ေစ်းႏႈန္းေတြကေတာ့ သိဖို႕က်န္ရွိေနပါေသးတယ္။

Unicode Version

အခုလတ်တလောပိုင်းမှာ ခေတ်ထနေတဲ့ Face ID ကို Android တွေမှာ တွေ့ရတော့မယ်လို့ မှန်းချက်တွေထုတ်ထားခဲ့ပေမယ့်လည်း ထုတ်လုပ်သူတွေဟာ လက်ဗွေစနစ်ကို မျက်နှာပြင်အောက်မှာပဲ ထည့်သွင်းထားဖို့ ပြင်ဆင်နေကြတယ်လို့ သိထားပါတယ်။

ဟုတ်ပါတယ်။ iPhone X ရဲ့ Face ID ဟာ 3D facial recognition ကို အသုံးပြုထားပြီးတော့ အဲဒီလိုတည်ဆောက်ဖို့အတွက် ကုန်ကျစရိတ်ကလည်း မနည်းပါဘူး။ ဒီနည်းလမ်းကို စဉ်းစားခဲ့ကြပေမယ့်လည်း အများစုကတော့ ကုန်ကျစရိတ်ကြောင့် လက်လျှော့လိုက်ကြတာပါ။ ဒါကြောင့် လက်ဗွေစနစ်ကိုပဲ ပြန်ပြီးတော့ ပိုကောင်းလာအောင် စဉ်းစားဖြစ်ခဲ့ပါတယ်။

Android ဖုန်းထုတ်လုပ်သူတွေဟာ အခုအချိန်မှာ Qualcomm ရဲ့ ultrasonic လက်ဗွေစနစ်ကို ဖန်တီးဖို့အတွက် အာရုံစိုက်နေကြပြီး အဲဒီနည်းပညာဟာ မျက်နှာပြင်အောက်မှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်။ ဒါကြောင့် sensor ကို အနောက်ဘက်မှာထားဖို့မလိုအပ်တော့တဲ့အပြင် physical home ခလုတ်ကိုလည်း ထည့်သွင်းစရာမလိုတော့ပါဘူး။

Face ID လိုနည်းပညာမျိုးဟာ ကုန်ကျစရိတ်များတဲ့အပြင် software ၊ hardware တွေကိုလည်း ပြင်ဆင်ရမှာဖြစ်တဲ့အတွက် အဆင်မပြေလှဘူးလို့ ထုတ်လုပ်သူတွေက ပြောပြပါတယ်။

Apple iPhone X မှာအသုံးပြုထားတဲ့ TrueDepth sensor တွေဟာ တစ်ခုချင်းစီကို ဒေါ်လာ၆၀(၈သောင်း)ကုန်ကျပါတယ်။ ဒါဟာ Android ဖုန်းတွေအများစုအတွက်တော့ အလွန်များတဲ့ပမာဏတစ်ခု ဖြစ်လို့နေပါတယ်။ iPhone X ဟာ ဒေါ်လာ၉၉၉(၁၃သိန်းနီးပါး)ဆိုတော့ ကင်မရာကလည်း အဲဒီလောက်ဈေးရှိနေတာ ဆန်းကြယ်တယ်တော့မဟုတ်ပါဘူး။

Qualcomm ရဲ့ လက်ဗွေစနစ်ကတော့ Huawei Mate 11 မှာ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်ဝက်လောက်မှာ မြင်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယူအက်စ်ဈေးကွက်ကိုတော့ မရောက်လာနိုင်လောက်ပါဘူး။ ကမ္ဘာ့နေရာအနှံ့အပြားမှာလည်း ထို့အတူပါပဲ။

Face ID နဲ့ ပတ်သတ်တဲ့ ကုန်ကျစရိတ်အပြင် Apple ကလည်း 2018 iPhone မော်ဒယ်လ်သုံးလုံးကိုလည်း launch လုပ်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။ အကုန်လုံးမှာလည်း Touch ID ဖြုတ်ထားပါတယ်။ ဒါပေမယ့် ဈေးနှုန်းတွေကတော့ သိဖို့ကျန်ရှိနေပါသေးတယ်။

Aung Phyo Oo (Myanmar Mobile App)