Amazon ပေါ်မှာရောက်ရှိလာတဲ့ 18:9 display ပါဝင်သော BLU Vivo XL3
0
322
Zawgyi Version
Unicode Version
BLU VIVO X ကို Amazon မှာ စာရင်းတင်ခဲ့တာက ပြီးခဲ့တဲ့လတုန်းကပါ။ အခုဆိုရင် ယူအက်စ်အတွက် Blu Vivo တွေကလည်း အဆင်သင့်ဖြစ်လို့နေပါပြီ။ BLU Vivo XL3 ကိုတော့ Android 8.0 Oreo အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။ ၅.၅လက်မ မျက်နှာပြင်၊ HD+ resolution ၊ 18:9 display aspect ratio တွေလည်း တွေ့မြင်ရမှာပါ။ mid-range ဖုန်းဖြစ်ပေမယ့်လည်း instant messaging ၊ web browsing ၊ on-the-go entertainment ၊ ဂိမ်းတွေအတွက် အဆင်ပြေပါတယ်။ BLU ထုတ်ကုန်တွေဟာ mid-range ပိုင်းမှာ နာမည်ရလာပါတယ်။
BLU R2 Plus ၊ BLU Vivo One ၊ ကင်မရာလေးလုံးနဲ့ Vivo X တို့ကို ၂၀၁၈ ပထမဆုံးသုံးလမှာပဲ တွေ့မြင်ပြီးပါပြီ။ တစ်လကိုဖုန်းတစ်လုံးဆိုတာကတော့ လေးစားစရာပါပဲ။ Amazon မှာ ရောင်းနေရတာကတော့ ငွေရောင်ဗားရှင်းလေးဖြစ်ပြီးတော့ 18:9 screen ၊ Corning Gorilla Glass အကွေး၊ 13MP အရှေ့ကင်မရာ နဲ့ LED flash ၊ 13MP ကင်မရာနဲ့ LED flash ၊ 32GB onboard storage ၊ 3GB RAM ၊ microSD card slot ၊ 1.3GHz Quad core MediaTek processor ၊ Mali-T720 GPU ၊ fingerprint sensor ၊ facial recognition ၊ 4G LTE connectivity ၊ Android 8.0 Oreo တို့ကို တွေ့မြင်ခံစားနိုင်မှာပါ။
BLU VIVO XL3 ကတော့ Unlock ဖြစ်ပြီးတော့ GSM network နဲ့ အသုံးပြုနိုင်ပါတယ်။ T-Mobile ၊ Straight Talk ၊ AT&T ၊ MetroPCS ၊ Cricket မရွေးပါဘူး။ အေးဆေးပါ။
Aung Phyo Oo (Myanmar Mobile App)