3D sensing ကင်မရာနည်းပညာကိုအသုံးပြုသွားနိုင်ချေရှိတဲ့ Galaxy 10

0
338

Samsung ဆီကနေ အသစ်ကြေညာထားတဲ့ Galaxy S9 နဲ့ Galaxy S9+ တိုကဟာ ဈေးကွက်ထဲကို မရောက်သေးပေမယ့်လည်း လူတွေစိတ်ဝင်စားနေကြတာကတော့ နောက်နှစ်ရဲ့ flagship တွေပဲ ဖြစ်ပါတယ်။ ခေါ်နေကြတာကတော့ Samsung Galaxy S10 ဖြစ်ပြီးတော့ 3D sensing camera feature ပါမယ်လို့ ပြောနေပါတယ်။ အစ္စရေး start up ဖြစ်တဲ့ Mantis Vision ကတော့ Korean OEM နဲ့တွဲဖက်ပြီးတော့ လုပ်ဆောင်နေတယ်လို့ ကြားထားပါတယ်။

Namuga ကတော့ Samsung ရဲ့ mid-range နဲ့ lower-end ဖုန်းတွေအတွက် ထောက်ပံ့ပေးနေသူတစ်ဦးဖြစ်ပါတယ်။ များသောအားဖြင့် ကင်မရာ module တွေကို ထောက်ပံ့ပေးတာပါ။ ဒါ့အပြင် Intel ရဲ့ RealSense AR ကင်မရာတွေအတွက် 3-D sensing camera module တွေကိုလည်း ထောက်ပံ့နေပါတယ်။ ဒါကြောင့် Samsung အတွက် higher-end ပစ္စည်းတွေမှာလည်း ပါဝင်နေမယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ 3D နဲ့ augmented reality နည်းပညာကို အလေးပေးတဲ့ start up Mantis Vision နဲ့ ပူးပေါင်းမယ်လို့ ကြားထားပါတယ်။

3D sensing ကင်မရာတွေဟာ virtual reality ၊ augmented reality ၊ ဒရုန်းနဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့နည်းပညာတွေကို အသုံးပြုခွင့်ပေးထားပါတယ်။ Apple ဟာ iPhone X အတွက် facial recognition လုပ်ပေးနိုင်တဲ့ 3D ကင်မရာကိုအသုံးပြုပြီးနောက်မှာ Android တွေကလည်းသူ့ကို အနိုင်တိုက်နိုင်အောင် လုပ်ဆောင်ရပါတယ်။ Mantis Vision ကတော့ Samsung ကိုအားဖြည့်ပေးသွားမှာပါ။

Galaxy S10 အကြောင်းကိုတော့ အသေးစိတ်မသိရသေးပေမယ့်လည်း Samsung က ခပ်ကြီးကြီးတွေ ယူလာပေးနေတယ်ဆိုတော့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ထုတ်မှာဖြစ်တဲ့အတွက် စောင့်မျှော်လို့ တန်မှာပါ။