အိန္ဒိယအတွက်ထုတ်လုပ်ထားတဲ့ Xiaomi ရဲ့ Mi Body Composition Scale

0
480

သင့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိကျစွာတိုင်းတာဖို့အတွက် Xiaomi ရဲ့ smart scale လေးဟာ အချက်အလက်၁၀ခုကို အသုံးပြုပါတယ်။ Xiaomi ဟာ  Redmi Note 5 Pro ကို launch လုပ်ခဲ့ပြီးတော့ ဒီနှစ်အတွက်အိန္ဒိယမှာပိုမိုကောင်းမွန်တဲ့ ecosystem ထုတ်ကုန်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ တရုတ်ကနေတင်သွင်းနေရတာထက် ပိုမိုလွယ်ကူတဲ့ ပြည်တွင်းဖြန့်ချိရေးစနစ်နဲ့အတူ ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်းမြင့်မားစေမယ့် ထုတ်ကုန်တွေနဲ့အတူ တွေ့မြင်ရမလားဆိုတာကို စိတ်လှုပ်ရှားနေမိပါတယ်။

Mi Ecosystem series ရဲ့ နောက်ဆုံးထုတ်ကုန်ဟာ အိန္ဒိယမှာ ပထမဆုံးပွဲထွက်မှာဖြစ်တဲ့ Mi Body Composition Scale ဖြစ်ပါတယ်။ ဒါဟာ second-generation smart scale ဖြစ်ပြီးတော့ အချက်၁၀ချက်နဲ့ တိုင်းတာပေးပါတယ်။ သင့်ရဲ့ကြွက်သားအလေးချိန်၊ BMI ၊ အရိုးအလေးချိန်၊ ကိုယ်အလေးချိန်၊ ကိုယ်တွင်းအဆီ၊ ကိုယ်တွင်းအင်္ဂါအဆီ၊ ဇီဝဗေဒလုပ်ငန်းစဉ်များ၊ ကိုယ်တွင်းအရည်တွေကို တိုင်းတာပါတယ်။

Xiaomi ဟာ “complex algorithms” တွေကို Bioelectrical Impedance Analysis တွေနဲ့ပေါင်းစပ်ပြီးတော့ သင့်ရဲ့ ခန္ဓာကိုယ်ရမှတ်တွေကို တိုင်းတာပါတယ်။ သင့်မိသားစုတွေရဲ့ အချက်အလက်တွေကိုတောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အများဆုံး ၁၆ခုအထိ သိမ်းပေးနိုင်ပါတယ်။ Bluetooth ကိုအသုံးပြုပြီးတော့ Mi Fit app ကို ကူးပြောင်းပေးတဲ့အတွက် သင့်ရဲ့အလေးချိန်နဲ့ အခြားသောတိုင်းတာချက်တွေကို app အတွင်းမှာ ကြည့်နိုင်ပါတယ်။

Scale လေးကိုတော့ ABS plastic နဲ့ ပြုလုပ်ထားပြီး အပေါ်ဆုံးမှာ ဖန်သားအလွှာနဲ့ အုပ်ထားပါတယ်။ ကြွက်သားတွေနဲ့ BMI တွေကိုတိုင်းတာဖို့အတွက် stainless steel electrode အပြားလေးတွေလည်း ပါဝင်ပါတယ်။ ဖန်သားအလွှာကတော့ ချော်ခြင်းမရှိအောင်ကာကွယ်ပေးထားပါတယ်။ ဒါကြောင့် ခြေထောက်စိုစွတ်နေရင်တောင်မှ ချော်မသွားနိုင်ပါဘူး။

သူဟာ AAA ဘတ်ထရီလေးလုံးနဲ့ အလုပ်လုပ်နိုင်ပြီးတော့ ဘူးထဲမှာလည်း ဘတ်ထရီလေးတွေကို ထည့်ပေးထားပါတယ်။ Xiaomi ဟာ ဘတ်ထရီသက်တမ်းကို ရှစ်လလောက်အထိ ခံမယ်လို့ ပြောထားပါတယ်။ first-generation smart scale ကို တစ်နှစ်လောက်သုံးလာခဲ့သူပါ။ ချို့ယွင်းချက်မရှိပါဘူး။ Mi Fit နဲ့ sync လုပ်နိုင်စွမ်းကတော့ ထူးခြားတဲ့ feature တစ်ခုပါပဲ။ Mi Body Composition Scale ဟာ ပိုမိုကောင်းမွန်လာတယ်ဆိုတာကတော့ သေချာပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကောင်လေးကို လေးသောင်းလောက်နဲ့ ၀ယ်ယူနိုင်ပါတယ်။