အိမ်ရှေ့တံခါးကိုစောင့်ရှောက်ပေးမယ့် Nest ရဲ့ စမတ်ထုတ်ကုန်သစ်

0
448

Nest က ပစ္စည်းအသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Nest Hello video doorbell နဲ့ Nest x Yale Lock တို့ဖြစ်ပါတယ်။ အခြားသော ဘယ်လိုbrand တွေနဲ့ပေါင်းစပ်ထားသလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒီနှစ်အစောပိုင်းတုန်းက Google Home Mini နဲ့ အရောက်ပို့ပေးမယ်လို့ ကြေညာခဲ့တာလေးကိုတော့ အမှတ်ရနေတုန်းပါပဲ။ Nest Hello ကတော့ စိတ်ဝင်စားစရာပစ္စည်းတွေကို မိတ်ဆက်ပေးနေပါတယ်။ သူနဲ့သာဆိုရင် အိမ်ရှေ့မှာ ဘယ်သူရောက်နေသလဲဆိုတာကို ကြည့်နိုင်ပါပြီ။ အလင်းလေးကလည်း ဘယ်နားကမြည်နေသလဲဆိုတာကို ဖော်ပြပေးဦးမှာပါ။

Nest Hello ကတော့ ဘဲလ်မမြည်ခင်မှာ အိမ်ရှေ့ကိုဘယ်သူရောက်နေသလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။ compatible app လေးကလည်း သင့်ကိုဖော်ပြပေးနိုင်ပြီးတော့ အဲဒီလူတွေနဲ့ စကားပြောဆိုမှုတွေကို လုပ်နိုင်စေဦးမှာပါ။ တကယ်လို့ ၀င်ခိုးမယ့်သူက တံခါးရှေ့မှာရောက်နေတယ်။ ဒါပေမယ့် ဘဲလ်မတီးသေးဘဲစောင့်ကြည့်နေတယ်ဆိုရင်တောင် သင်ကတွေ့မြင်နိုင်ပြီးတော့ သူတို့ကို လန့်သွားအောင်လုပ်နိုင်ပါသေးတယ်။ Nest Hello ကတော့ Nest.com ၊ Nest.com ၊ Home Depot ၊ Best Buy တို့မှာ ၀ယ်ယူနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Nest x Yale Lock ကိုလည်းမိတ်ဆက်ထားပါတယ်။ Yale နဲ့ ပူးပေါင်းပြီးတော့ tamper-proof ဖြစ်တဲ့ ကီးမလိုအပ်တော့တဲ့ စမတ်လော့ခ်ဖြစ်ပါတယ်။ Nest Hello နဲ့တော့ ခြားနားပါတယ်။ ဒီဂျစ်တယ်တံခါးလော့ခ်လေးကတော့ Nest app နဲ့ရိုးရိုးလေးပဲ ချိတ်ဆက်ထားတာပါ။ passcodes ဖန်တီးနိုင်ပြီးတော့ remotely ဖွင့်လို့လည်းရပါတယ်။ codes နဲ့လာတဲ့သူတွေကို ဖွင့်ပေးနိုင်အောင် အချိန်သတ်မှတ်ထားခြင်းလည်း လုပ်နိုင်ပါတယ်။

တံခါးဟာ စမတ်ဖြစ်ပါတယ်။ တံခါးကိုအခြားသူတစ်ယောက်က လော့ခ်ချသွားတာ၊ ဖွင့်သွားတာ၊ passcode မေ့တာတွေကိုလည်း ပြန်ပြောပြနိုင်ပါတယ်။ အိမ်မှာ သာသာယာယာဖြစ်မယ့် ပစ္စည်းလေးတွေကိုအသုံးပြုချင်တယ်ဆိုရင်တော့ Nest thermostat နဲ့ Nest Temperature Sensor တွေလည်းရှိပါသေးတယ်။