Gadget Trending

သင့်အပြုံးကိုကြည့်ပြီး သင်ဟာ ယောက်ျား၊မိန်းမခွဲခြားပေးနိုင်တော့မယ့် AI

ဟုတ်ပါတယ်။ AI အသစ်လေးက သင့်ရဲ့အပြုံးကိုကြည့်ပြီးတော့ သင့်ရဲ့လိင်ပိုင်းဆိုင်ရာကို ခွဲခြားသိနိုင်တော့မှာပါ။

အင်္ဂလန်တက္ကသိုလ် Bradford မှ သုတေသီတွေဟာ ယောက်ျားနဲ့ မိန်းမအပြုံးတွေကို ခွဲခြားသိနိုင်တဲ့ AI တစ်မျိုးကို ဖန်တီးခဲ့ကြပါတယ်။

အလှကုန်ပစ္စည်းတွေက ဒီခြားနားချက်ကို ဘယ်လိုသက်ရောက်မှုတွေရှိနိုင်သလဲ၊ ပုံပြောင်းလိင်တွေအတွက်ရောက် ဘယ်လိုသက်ရောက်လာနိုင်သလဲဆိုတာကို လေ့လာသွားဖို့အထိ မျှော်မှန်းထားကြပါတယ်။

သူတို့ရဲ့လေ့လာချက်ကို The Visual Computer: International Journal of Computer Graphics  မှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

Bradford တက္ကသိုလ်ရဲ့ သုတေသနအသစ်ဟာ လူတွေရဲ့လိင်ကို သူတို့ပြုံးနေတဲ့ ဗွီဒီယိုအခြေခံပြီးတော့ ခွဲခြားနိုင်တဲ့ AI အသစ်ကို ဖန်တီးဖို့ဖြစ်ပါတယ်။ သုတေသီတွေဟာ စာတမ်းအတွက် ယောက်ျားနဲ့မိန်းမတို့ရဲ့ ခြားနားတဲ့အပြုံးကို တွက်ချက်ထားကြပါတယ်

သုတေသီတွေ့ရှိထားတာကတော့ အမျိုးသားတွေရဲ့အပြုံးဟာ အမျိုးသမီးတွေလောက် မကျယ်ပြန့်ပါဘူး။ သိပ္ပံပညာရှင်တစ်ယောက်ကတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်ကို အမျိုးသားတွေထက် ပိုမိုဖွင့်ထားလေ့ရှိပါတယ်လို့ ပြောခဲ့ပါတယ်။

အလှအပတွေအတွက် ခွဲစိတ်ပြုပြင်မှုတွေကလည်း AI ရဲ့ ခန့်မှန်းချက်ကိုဘယ်လိုထိခိုက်သွားစေနိုင်သလဲဆိုတာကို လေ့လာကြမှာဖြစ်ပါတယ်။

လူတွေက AI ကို ဘာကြောင့်စိတ်တွေပူနေကြတာလဲ

ဘီလ်ဂိတ်ကနေ အီလွန်မက် အထိ ဥာဏ်ကြီးတွေရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုရှိပါတယ်။

SpaceX နဲ့ Tesla ရဲ့ စီအီးအို အီလွန်မက်က AI ဟာ ကျွန်တော်တို့ရဲ့ခြိမ်းခြောက်မှုကြီးတစ်ခုလို့ ဖော်ပြခဲ့ပြီးတော့ မကောင်းဆိုးဝါးကိုဖိတ်ခေါ်နေတဲ့ ဖန်တီးမှုလို့ ပြောခဲ့ပါတယ်။

သူကတော့ စူပါအသိဥာဏ်ရှိတဲ့စက်တွေဟာ လူသားတွေကို အိမ်မွေးတိရိစ္ဆာလေးတွေအဖြစ်နဲ့ အသုံးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပရော်ဖက်ဆာ စတီဖင်ဟော့ကင်းကလည်း နောက်ထပ် နှစ်ပေါင်း ၁၀၀၀ ကနေ ၁၀ ၀၀၀ လောက်မှာ နည်းပညာတွေက လူသားတွေကို ခြိမ်းခြောက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

အလုပ်အကိုင်တွေကို ခိုးယူသွားလိမ့်မယ်။

လူတွေကြောက်လန့်နေရတဲ့အကြောက်တရားရဲ့၆၀%ကတော့ စက်ရုပ်တွေဟာ နောက်ထပ်၁၀နှစ်လောက်မှာ အလုပ်အကိုင်တွေရှားပါးအောင် လုပ်နိုင်လိမ့်မယ်။ ဒီဖြစ်ရပ်ကတော့ 2016 YouGov စစ်တမ်းအရ သိရတာပါ။

ခန့်မှန်းချက်ရဲ့ ၂၇%ကတော့ admin ပိုင်းနဲ့ ၀န်ဆောင်မှုအပိုင်းကအလုပ်သမားတွေဟာ အထိခိုက်ခံရနိုင်ချေအများဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။

အခြားသောကျွမ်းကျင်သူတွေကလည်း AI စနစ်တွေဟာ တဖြည်းဖြည်းနဲ့ ခက်ခဲရှုပ်ထွေးလာတာမို့ ပညာရှင်တွေတောင် နားမလည်တော့တဲ့အနေအထားကို ရောက်သွားမယ်လို့ ယုံကြည်ကြပါတယ်။

၁၁နှစ်ကနေ အနှစ်၂၀အတွင်းမှာပဲ စက်ရုပ်တွေဟာ နေ့စဉ်ဘ၀တွေမှာ ပါဝင်လာမယ်လို့ အများစုက ထင်နေကြပါတယ်။ မကြာခင်ဆယ်စုနှစ်အတွင်းမှာ အကောင်အထည်ပေါ်လာနိုင်ချေလည်း ရှိနေတယ်မဟုတ်လား။

သူတို့ဟာ လူဆိုးစာရင်းမှာ ပါလာနိုင်တယ်။

ကွန်ပျူတာသိပ္ပံပရော်ဖက်ဆာ Michael Wooldridge ကတော့ AI စက်တွေဟာ အလွန်ကိုထူးခြားလာပြီးတော့ သူတို့ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အင်ဂျင်နီယာတွေ အပြည်အ၀နားမလည်နိုင်လောက်တဲ့အထိ ဖြစ်လာမယ်လို့ ပြောထားပါတယ်။

တကယ်လို့ ကျွမ်းကျင်သူတွေကတောင် AI algorithms function တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားမည်တော့ရင် ဘယ်အချိန်မှာ မှားသွားနိုင်တယ်ဆိုတာကို သူတို့ဘယ်လိုခန့်မှန်းကြတော့မလဲ။

ဒါကြောင့် မောင်းသူမဲ့ကားတွေ၊ အသိဥာဏ်ရှိတဲ့စက်ရုပ်တွေဟာ မခန့်မှန်းထားတဲ့အချိန်မှာ ဖောက်သွားခဲ့မယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိနေပါပြီ။

ဥပမာပြောရရင် မောင်းသူမဲ့ကားရဲ့နောက်ကွယ်က AI ဟာ လမ်းသွားလမ်းလာတွေကို ၀င်တိုးတာ၊ လမ်းလယ်ကျွန်းတွေကို ၀င်တိုက်တာမျိုးတွေ ဖြစ်မလာနိုင်ဘူးလား။

လူသားကို လုံးဝဖယ်ထုတ်ပစ်နိုင်တယ်။

“တဖြည်းဖြည်းနဲ့ လူသားမျိုးတုံးမှုတွေတောင်ဖြစ်လာနိုင်တယ်။ နည်းပညာတွေကလည်း အဲဒီကဏ္ဍမှာ အရေးကြီးတဲ့အပိုင်းက ပါဝင်နေတယ်။” လို့ DeepMind ရဲ့ Shane Legg က အင်တာဗျူးတစ်ခုမှာ အခုလိုပြောခဲ့တာပါ။

AI က ဒီရာစုရဲ့ နံပါတ်တစ်အန္တရာယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါ။

မက်က မြောက်ကိုရီးယားထက် လူသားတွေကို ခြိမ်းခြောက်နေတာက AI ဆိုတာကို အခုလိုပြောခဲ့တယ်။

“သင်က AI လုံခြုံရေးနဲ့ မဆိုင်သေးဘူးဆိုရင် ဆိုင်သင့်ပြီ။ မြောက်ကိုရီးယားထက် ပိုကြောက်ရမယ်”လို့ တွစ်တာပေါ်မှာ ရေးခဲ့တာပါ။

“ဘယ်သူကမှတော့ စည်းမျဉ်းတွေနဲ့ မနေချင်ဘူး။ ဒါပေမယ့် ကား၊ လေယာဉ်၊ အစားအသောက်၊ ဆေးဝါးတွေမှာလည်း အန္တရာယ်ရှိလို့ စည်းကမ်းတွေချမှတ်ထားရမယ်။ AI လည်း အဲဒီလိုစည်းမျဉ်းတွေရှိသင့်တယ်”

မက်က အစိုးရတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို AI နည်းပညာတွေအပေါ် စည်းမျဉ်းသတ်မှတ်ဖို့အတွက် ပြောဆိုခဲ့ပါတယ်။

ထိန်းချုပ်မှုတွေက လူသားတွေထက်သာလွန်တဲ့ ၊ ထိန်းချုပ်မရနိုင်တော့တဲ့အခြေအနေတွေ မဖြစ်အောင် လုပ်ဆောင်ထားသင့်ကြောင်း ပြောဆိုခဲ့တာပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org