သင့်ရဲ့ Galaxy Note 8 က နှေးနေတဲ့လက္ခဏာတွေပြနေပြီလား

0
492

ဘာမှတော့ မပြပါဘူး။

Galaxy S9 ကတော့ အဟော့ဆုံး flagship ဖြစ်နေပေမယ့် Samsung က အကောင်းဆုံးပေးထားတယ်လို့တော့ မဆိုနိုင်တာအမှန်ပါ။ Galaxy Note 8 ကတော့ စွမ်းအားအမြင့်ဆုံး Android ဖုန်းတစ်လုံးဖြစ်ပါတယ်။ နောက်ဆုံးထွက်ဖုန်းနဲ့ လတွေကွာပေမယ့်လည်း ကိုင်ဆောင်သူတွေရဲ့ ပျော်ရွှင်မှုကို ယူဆောင်ပေးနေဆဲပါပဲ။

Samsungဖုန်းတွေဟာ အချိန်ကြာလာတာနဲ့ နှေးသွာတယ်ဆိုပြီးတော့ သတင်းတွေထွက်ဖူးခဲ့တယ်။ ဆိုတော့ Galaxy Note 8 ပိုင်ရှင်တွေကလည်း ဒီအကြောင်းကို ပြောလာကြပါတယ်။ အွန်လိုင်းပေါ်က သူတို့ရဲ့ ပြောကြားချက်လေးတွေကို နားထောင်ကြည့်လိုက်ရအောင်။

 

Lepa79

ပထမဆုံးတစ်ရက်။ မြင်းတစ်ကောင်လိုအလုပ်လုပ်ပြီးတော့ ထောပတ်လို ချောမွေ့နေတယ်။ ၂ပတ်တစ်ခါ reboot ချပေးတယ်။ အဲဒီအပတ်မှာဝယ်ထားတဲ့ Pixel 2 XL လည်း ရှိပါတယ်။ Note 8 ကို ဆယ်ဆပိုချစ်ပါတယ်။ Note 8 ကို လဲစရာဆိုလို့ Note 9 လို့ပဲမြင်မိပါတယ်။

Cwbcpa

ငါးလလောက်အထိ ဘယ်လိုမှမကြုံရပါဘူး။ Nova ကို အသုံးပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီfeature တချို့ကို ကျွန်တော်ကြိုက်လို့ပါ။ stock Samsung experience ကို အသုံးပြုနိုင်တာကလည်း မိုက်ပါတယ်။ ဘယ်လိုမှ လစ်ဟာနေတာမျိုးကို မခံစားရပါဘူး။ Note 8 က အံ့သြစရာပါပဲ။ Note 9 မှာလည်း ဘယ်လိုမျိုးခံစားရမလဲဆိုတာကို ရင်ခုန်နေမိ

Amyf27

စက်တင်ဘာကတည်းက ကိုင်ခဲ့တာဖြစ်ပြီး အတော်လေးကြည်နူးစရာကောင်းပါတယ်။ နှေးသွားတယ်ဆိုတာကို သတိမထားမိပါဘူး။ လအနည်းငယ်လောက်တုန်းကတော့ freezing/ error moisture code ပြနေတဲ့အတွက် အသစ်တစ်လုံးလဲလိုက်ပါတယ်။ ဒါလေးကလွဲရင် ကျန်တာအဆင်ပြေပါတယ်။ ဒါကြောင့် S9 Plus ကို ရက်အနည်းငယ်သုံးကြည့်ပြီးနောက်မှာတော့ Note 8 ကိုပဲ ပြန်သုံးဖြစ်ခဲ့ပါတယ်။

Climb14er

ဘယ်လိုမျိုး အမြန်နှုန်းကျသွားတာမျိုးမှ မရှိပါဘူး။ S9 ရဲ့ chipset က Note 8 ထက်ပိုမြန်တယ်လို့ ပြောကြတယ်။ တကယ်ပဲလား။ Note 8 ကလည်း နှောင့်နှေးလစ်ဟာခြင်းမရှိအောင်ကို ကောင်းနေတော့ သံသယတောင် ၀င်မိတယ်။ ကျွန်တော့်အတွက်ကတော့ မြန်ဆန်ပြီးတော့ stable ဖြစ်တဲ့ဖုန်းတစ်လုံးပါပဲ။

 

ကျွန်တော်လည်း မြန်မာမိတ်ဆွေတွေဆီက ကြားချင်ပါတယ်။ သင့်မှာ Galaxy Note 8 ရှိတယ်ဆိုရင် ၀ယ်ကာစတုန်းကလို မြန်ဆန်နေတုန်းပဲလား။