တရား၀င္ထြက္ရွိလာမယ့္ Desire 12 နဲ႕ Desire 12+

0
301

Zawgyi Version

တကယ္လို႕သင္ဟာ HTC ဖုန္းေတြကို ေစ်းကြက္မွာေမွ်ာ္ေနတဲ့သူေတြဆိုရင္ေတာ့ ေစာင့္ရတဲ့အခ်ိန္ေတြက ျပီးဆံုးသြားပါျပီ။ အဲဒီဖုန္းႏွစ္လံုးကို မၾကာခင္မွာ ထုတ္ျပေတာ့မွာပါ။

HTC က Desire 12 နဲ႕ Desire 12+ ကို ဒီေန႕မွာပဲ ျပသလိုက္ပါျပီ။ အဲဒီဖုန္းေတြမွာ ဒီဇုိင္းေတြက ဆင္တူပါတယ္။ ေမွ်ာ္လင့္ထားတဲ့အတုိင္းပါပဲ။ display size နဲ႕ ကင္မရာပိုင္းမွာေတာ့ ျခားနားၾကပါတယ္။

htcdesire12aam

Desire 12 နဲ႕ စလိုက္ရေအာင္။ ၅.၅လက္မ 720p HD display နဲ႕ 18:9 aspect ratio ကို အသံုးျပဳထားပါတယ္။ quad-core MediaTek MT6739 processor ကို အသံုးျပဳထားပါတယ္။ RAM ကေတာ့ 2GB သို႕မဟုတ္ 3GB ၊ သိုေလွာင္မႈကေတာ့ 16GB / 32GB ေရြးခ်ယ္ႏုိင္မွာပါ။ microSD card ကလည္း ထပ္တုိးအသံုးျပဳဖို႕ အဆင္ေျပေစပါတယ္။ ဘတ္ထရီကေတာ့ 2730mAh ကို အသံုးျပဳထားပါတယ္။ SIM ကဒ္က ႏွစ္ကဒ္ထိုးျဖစ္ပါတယ္။ 3.5mm headphone jack နဲ႕ အားသြင္းဖို႕ microUSB port ကို အသံုးျပဳထားပါတယ္။

htcdesire12plusaam

အေနာက္ဘက္မွာ f/2.2 aperture နဲ႕ 13MP ကင္မရာပါ၀င္ျပီးေတာ့ HDR mode လည္း ထည့္သြင္းေပးထားပါတယ္။ အေရွ႕ဘက္မွာေတာ့ 5MP ကင္မရာထည့္သြင္းေပးထားပါတယ္။

Desire 12+ ကိုဆက္သြားရေအာင္။ ၆လက္မ 1440×720 display ၊ 18:9 aspect ratio ၊ octa-core Qualcomm Snapdragon 450 processor ၊ 3GB RAM ၊ 32GB သိုေလွာင္မႈ ၊ microSD card slot ေတြကို ေတြ႕ျမင္ရမွာပါ။ 3.5mm headphone jack ၊ ဆင္းကဒ္ႏွစ္ကတ္ထိုး၊ microUSB ေပါက္၊ 2965mAh ဘတ္ထရီ၊ Android 8.0 Oreo တို႕ကို ေတြ႕ျမင္ရမွာပါ။ fingerprint reader ကိုေတာ့ အေနာက္ဘက္မွာ အသံုးျပဳရမွာပါ။

Desire 12+ ရဲ႕ အေနာက္ဘက္မွာလည္း 13MP နဲ႕ 2MP တုိ႕ကို ေပါင္းစပ္ထားပါတယ္။ ဒါေၾကာင့္ bokeh-style effect ေတြေလာက္ကေတာ့ ေအးေဆးေပါ့။ အေရွ႕ဘက္မွာေတာ့ 8MP ကင္မရာနဲ႕ LED flash တို႕ကို အသံုးျပဳထားပါတယ္။

HTC ဟာ launch လုပ္မယ့္ရက္ကို မေျပာထားေသးသလို ကုန္က်စရိတ္ကိုလည္း ေျပာမထားေသးပါဘူး။ ဒါေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ေပးပါလို႕ပဲ ေျပာရေတာမွာပါ။

Unicode Version

တကယ်လို့သင်ဟာ HTC ဖုန်းတွေကို ဈေးကွက်မှာမျှော်နေတဲ့သူတွေဆိုရင်တော့ စောင့်ရတဲ့အချိန်တွေက ပြီးဆုံးသွားပါပြီ။ အဲဒီဖုန်းနှစ်လုံးကို မကြာခင်မှာ ထုတ်ပြတော့မှာပါ။

HTC က Desire 12 နဲ့ Desire 12+ ကို ဒီနေ့မှာပဲ ပြသလိုက်ပါပြီ။ အဲဒီဖုန်းတွေမှာ ဒီဇိုင်းတွေက ဆင်တူပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ display size နဲ့ ကင်မရာပိုင်းမှာတော့ ခြားနားကြပါတယ်။

Desire 12 နဲ့ စလိုက်ရအောင်။ ၅.၅လက်မ 720p HD display နဲ့ 18:9 aspect ratio ကို အသုံးပြုထားပါတယ်။ quad-core MediaTek MT6739 processor ကို အသုံးပြုထားပါတယ်။ RAM ကတော့ 2GB သို့မဟုတ် 3GB ၊ သိုလှောင်မှုကတော့ 16GB / 32GB ရွေးချယ်နိုင်မှာပါ။ microSD card ကလည်း ထပ်တိုးအသုံးပြုဖို့ အဆင်ပြေစေပါတယ်။ ဘတ်ထရီကတော့ 2730mAh ကို အသုံးပြုထားပါတယ်။ SIM ကဒ်က နှစ်ကဒ်ထိုးဖြစ်ပါတယ်။ 3.5mm headphone jack နဲ့ အားသွင်းဖို့ microUSB port ကို အသုံးပြုထားပါတယ်။

အနောက်ဘက်မှာ f/2.2 aperture နဲ့ 13MP ကင်မရာပါဝင်ပြီးတော့ HDR mode လည်း ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက်မှာတော့ 5MP ကင်မရာထည့်သွင်းပေးထားပါတယ်။
Desire 12+ ကိုဆက်သွားရအောင်။ ၆လက်မ 1440×720 display ၊ 18:9 aspect ratio ၊ octa-core Qualcomm Snapdragon 450 processor ၊ 3GB RAM ၊ 32GB သိုလှောင်မှု ၊ microSD card slot တွေကို တွေ့မြင်ရမှာပါ။ 3.5mm headphone jack ၊ ဆင်းကဒ်နှစ်ကတ်ထိုး၊ microUSB ပေါက်၊ 2965mAh ဘတ်ထရီ၊ Android 8.0 Oreo တို့ကို တွေ့မြင်ရမှာပါ။ fingerprint reader ကိုတော့ အနောက်ဘက်မှာ အသုံးပြုရမှာပါ။

Desire 12+ ရဲ့ အနောက်ဘက်မှာလည်း 13MP နဲ့ 2MP တို့ကို ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် bokeh-style effect တွေလောက်ကတော့ အေးဆေးပေါ့။ အရှေ့ဘက်မှာတော့ 8MP ကင်မရာနဲ့ LED flash တို့ကို အသုံးပြုထားပါတယ်။
HTC ဟာ launch လုပ်မယ့်ရက်ကို မပြောထားသေးသလို ကုန်ကျစရိတ်ကိုလည်း ပြောမထားသေးပါဘူး။ ဒါကြောင့် ဆက်လက်စောင့်ကြည့်ပေးပါလို့ပဲ ပြောရတောမှာပါ။

Aung Phyo Oo (Myanmar Mobile App)