Posted on

ဆိုလာပြားပါဝင်လို့ ၇၂နာရီအားခံမယ့် Bluetooth စပီကာ

ဒီစပီကာနဲ့ဆိုရင် ပါတီရဲ့ပျော်ရွှင်ဖွယ်အချိန်လေးတွေ မရပ်တံ့ရတော့ဘူးပေါ့။ ပက်လက်လှန်လိုက်ပြီး နေရောင်အောက်မှာ အားသွင်းနိုင်ပါတယ်။

ဒေါ်လာ ၃၉.၉၉ နှုန်းသာ ရှိတဲ့အတွက် မြန်မာငွေ နဲ့ ဆိုရင် ငွေကျပ် ငါးသောင်းမျှသာ ကျသင့်မှာ ဖြစ်ပါတယ်။

ဘတ်ထရီသက်တမ်းကြီးကိုလည်းကြည့်လိုက်ဦးလေ။ ၇၂နာရီဆိုတော့ ZeroLemon Bluetooth စပီကာက ၀ယ်ကိုဝယ်သင့်တဲ့အမျိုးအစား ဖြစ်နေပြီ။ သူ့မှာ built-in 10000mAh ဘတ်ထရီရှိပြီးတော့ အားနည်းလာတဲ့အချိန်မှာလည်း ဆိုလာပြားလေးတွေကို အသုံးပြုပြီးတော့ အားသွင်းလို့ရတယ်။

အဲဒီစပီကာလေးမှာ USB output နှစ်ခုပါဝင်ပြီး 10000mAh အတွက် အားသွင်းနိုင်ပါတယ်။ ဒါကြောင့် ဘာဘီကျူးပွဲ၊ ရုံး၊ ကားရုံထဲမှာ၊ ကမ်းခြေမှာ၊ စဉ်းစားလို့ရသမျှအခြေအနေတိုင်းနဲ့ ကိုက်ညီမှုရှိပါတယ်။

Micro-USB port ကို အားသွင်းဖို့အတွက် အသုံးပြုနိုင်ပြီးတော့ microSD card slot နဲ့ aux jack ပါဝင်ပါတယ်။ ဒါကြောင့် Bluetooth မသုံးချင်တဲ့အခါမျိုးမှာ အသုံးပြုနိုင်တာပေါ့။ ZeroLemon ကတော့ ၂၄လ အာမခံပေးထားပါတယ်။ QZYC37WI ကုဒ်အသုံးပြုမယ်ဆိုရင်တော့ ဈေးလျှော့ပေးမယ်လို့ ကြားထားပါတယ်။