Zawgyi Version
Google Photos ကေတာ့ iPhone ေတြအတြက္ အသက္ကယ္app တစ္ခုလို႕ ဆုိႏုိင္ပါတယ္။ သင့္ရဲ႕ဓါတ္ပံုေတြကို သိုေလွာင္စရာအမ်ားၾကီးမလိုအပ္ေတာ့ပါဘူး။ ဒါေပမယ့္ ဒီတစ္ခ်က္တည္းက iOS ဖုန္းေတြမွာ Google app ေတြ install လုပ္ဖို႕အေၾကာင္းရင္း မဟုတ္ပါဘူး။ ဒါေၾကာင့္ iPhone ကိုေရာက္လာတဲ့ trick ေလးအေၾကာင္းကို သိထားသင့္ပါတယ္။
Google Lens ကေတာ့ Googl ရဲ႕ AI image recognition ျဖစ္ျပီး သူ႕အတြက္အေကာင္းဆံုးတစ္ခုပါပဲ။ ကင္မရာကို တစ္ခုခုေရွ႕မွာထားလိုက္တာနဲ႕ Google Lens က အဲဒီအရာနဲ႕ပတ္သတ္ျပီးေတာ့ သင္ရွာေနတဲ့အခ်က္အလက္ေတြကို ျပသေပးႏုိင္ပါတယ္။ ျပီးေတာ့ အျခားapp ေတြနဲ႕လည္း ပူးေပါင္းေဆာင္ရြက္ႏုိင္ပါေသးတယ္။
Starting today and rolling out over the next week, those of you on iOS can try the preview of Google Lens to quickly take action from a photo or discover more about the world around you. Make sure you have the latest version (3.15) of the app.https://t.co/Ni6MwEh1bu pic.twitter.com/UyIkwAP3i9
— Google Photos (@googlephotos) March 15, 2018
https://platform.twitter.com/widgets.js
Google Lens ကေတာ့ standalone app မဟုတ္ပါဘူး။ Google Photos ထဲမွာ ေပါင္းစပ္ထားပါတယ္။ standalone ျဖစ္သြားရင္ေတာ့ ပိုေကာင္းမွာပါ။ Apple ကလည္း မၾကာခင္ျပိဳင္ေတာ့မယ္လို႕ ထင္ျမင္မိပါတယ္။ အဲဒီ app ေလးကိုေတာ့ Google Pixel 2 မွာ စတင္ launch လုပ္ခဲ့ျပီးေတာ့ ဒီလအေစာပုိင္းမွာပဲ Android အားလံုးကို ျဖန္႕ခ်ိေပးခဲ့ပါတယ္။
Landmarks ဒါမွမဟုတ္ ျပတုိက္ထဲကပံုေတြကို Lens နဲ႕ၾကည့္လုိက္မယ္ဆိုရင္ Google က သင့္ကိုသူသိသမွ်ေျပာပါလိမ့္မယ္။ သင့္ပတ္၀န္းက်င္ကအရာေတြအေၾကာင္းသိခ်င္တယ္ဆိုရင္လည္း အသံုးျပဳႏုိင္ပါတယ္။
Google Lens က ဒီေလာက္ပဲအသံုး၀င္တာမဟုတ္ပါဘူး။ business card ကို ဓါတ္ပံုရိုက္လိုက္တာနဲ႕ သူ႕ရဲ႕အခ်က္အလက္ေတြကို contact တစ္ခုဖန္တီးေပးသြားမွာပါ။ ပြဲတစ္ခုခုရဲ႕ flyer ကုိၾကည့္လိုက္ပါ။ calendar app ထဲကိုထည့္မလားလို႕ ေမးပါလိမ့္မယ္။
iPhone နဲ႕ iPad အတြက္ဆိုရင္ Google Photos 3.15 ဒါမွမဟုတ္ ေနာက္ပိုင္းထြက္ေတြမွာသာ Lens ကို အသံုးျပဳႏုိင္မွာပါ။ အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ app အတြင္းက Lens icon ေလးကို ႏွိပ္လိုက္ပါ။
Google ထုတ္ကုန္ျဖစ္တဲ့အတြက္ေၾကာင့္ Google Lens က သင့္ရဲ႕လုပ္ေဆာင္ခ်က္ေတြကို မွတ္သားထားမွာပါ။ သိပ္ေတာ့အံ့ၾသစရာမရွိပါဘူး။ ဒါေပမယ့္ သင့္ရဲ႕ Lens history ကို Google အေကာင့္ကေနျပီးေတာ့ ဖ်က္ႏုိင္တာမို႕ စိတ္ခ်လို႕ရပါတယ္။
Unicode Version
Google Photos ကတော့ iPhone တွေအတွက် အသက်ကယ်app တစ်ခုလို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့ဓါတ်ပုံတွေကို သိုလှောင်စရာအများကြီးမလိုအပ်တော့ပါဘူး။ ဒါပေမယ့် ဒီတစ်ချက်တည်းက iOS ဖုန်းတွေမှာ Google app တွေ install လုပ်ဖို့အကြောင်းရင်း မဟုတ်ပါဘူး။ ဒါကြောင့် iPhone ကိုရောက်လာတဲ့ trick လေးအကြောင်းကို သိထားသင့်ပါတယ်။
Google Lens ကတော့ Googl ရဲ့ AI image recognition ဖြစ်ပြီး သူ့အတွက်အကောင်းဆုံးတစ်ခုပါပဲ။ ကင်မရာကို တစ်ခုခုရှေ့မှာထားလိုက်တာနဲ့ Google Lens က အဲဒီအရာနဲ့ပတ်သတ်ပြီးတော့ သင်ရှာနေတဲ့အချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ ပြီးတော့ အခြားapp တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်ပါသေးတယ်။
Google Lens ကတော့ standalone app မဟုတ်ပါဘူး။ Google Photos ထဲမှာ ပေါင်းစပ်ထားပါတယ်။ standalone ဖြစ်သွားရင်တော့ ပိုကောင်းမှာပါ။ Apple ကလည်း မကြာခင်ပြိုင်တော့မယ်လို့ ထင်မြင်မိပါတယ်။ အဲဒီ app လေးကိုတော့ Google Pixel 2 မှာ စတင် launch လုပ်ခဲ့ပြီးတော့ ဒီလအစောပိုင်းမှာပဲ Android အားလုံးကို ဖြန့်ချိပေးခဲ့ပါတယ်။
Starting today and rolling out over the next week, those of you on iOS can try the preview of Google Lens to quickly take action from a photo or discover more about the world around you. Make sure you have the latest version (3.15) of the app.https://t.co/Ni6MwEh1bu pic.twitter.com/UyIkwAP3i9
— Google Photos (@googlephotos) March 15, 2018
https://platform.twitter.com/widgets.js
Landmarks ဒါမှမဟုတ် ပြတိုက်ထဲကပုံတွေကို Lens နဲ့ကြည့်လိုက်မယ်ဆိုရင် Google က သင့်ကိုသူသိသမျှပြောပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်ကအရာတွေအကြောင်းသိချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။
Google Lens က ဒီလောက်ပဲအသုံးဝင်တာမဟုတ်ပါဘူး။ business card ကို ဓါတ်ပုံရိုက်လိုက်တာနဲ့ သူ့ရဲ့အချက်အလက်တွေကို contact တစ်ခုဖန်တီးပေးသွားမှာပါ။ ပွဲတစ်ခုခုရဲ့ flyer ကိုကြည့်လိုက်ပါ။ calendar app ထဲကိုထည့်မလားလို့ မေးပါလိမ့်မယ်။
iPhone နဲ့ iPad အတွက်ဆိုရင် Google Photos 3.15 ဒါမှမဟုတ် နောက်ပိုင်းထွက်တွေမှာသာ Lens ကို အသုံးပြုနိုင်မှာပါ။ အသုံးပြုချင်တယ်ဆိုရင်တော့ app အတွင်းက Lens icon လေးကို နှိပ်လိုက်ပါ။
Google ထုတ်ကုန်ဖြစ်တဲ့အတွက်ကြောင့် Google Lens က သင့်ရဲ့လုပ်ဆောင်ချက်တွေကို မှတ်သားထားမှာပါ။ သိပ်တော့အံ့သြစရာမရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ Lens history ကို Google အကောင့်ကနေပြီးတော့ ဖျက်နိုင်တာမို့ စိတ်ချလို့ရပါတယ်။
Aung Phyo Oo (Myanmar Mobile App)