Cambridge Analytica နဲ႕ပတ္သတ္ေနတဲ့ ၀န္ထမ္းေတြကို စစ္ေဆးေနတဲ့ Facebook

0
432

Zawgyi Version

လက္ရွိ Facebook သုေတသီတစ္ေယာက္ဟာ အရင္တုန္းက ကုမၸဏီတစ္ခုမွာအလုပ္လုပ္ခဲ့ျပီးေတာ့ သူတို႕ဆီကိုအခ်က္အလက္ေတြပို႕ေနဆဲျဖစ္တယ္လို႕ သိရပါတယ္။

Facebook ဟာ လက္ရွိ၀န္ထမ္းေတြကို Cambridge Analytica ဆိုတဲ့ ၂၀၁၆ယူအက္စ္သမၼတေရြးေကာက္ပြဲမွာ အလုပ္လုပ္ဖူးတဲ့ data လုပ္ငန္းတစ္ခုနဲ႕ ပတ္သတ္ေနသလားဆိုတာကို စံုစမ္းေနပါတယ္။

New York Times နဲ႕ UK’s Guardian ၊ Observer သတင္းစာတို႕ရဲ႕တင္ျပခ်က္အရ Cambridge Analytica ဟာ သံုးစြဲသူေတြရဲ႕ ခြင့္ျပဳခ်က္မရဘဲ Facebook အေကာင့္ ၅၀မီလီယံေလာက္ရဲ႕ သတင္းအခ်က္အလက္ကို ယူသံုးျပီးေတာ့ ၂၀၁၆ယူအက္စ္သမၼတေရြးေကာက္ပြဲအတြက္ ႏုိင္ငံေရးေၾကာ္ျငာေတြထည့္ခဲ့ေၾကာင္း သိရပါတယ္။ Joseph Chancellor ကေတာ့ အခုလက္ရွိ Faecbook မ်ာ VR သုေတသီတစ္ေယာက္ျဖစ္ျပီး အရင္တုန္းက Cambridge Analytica ကို အခ်က္လက္ေတြေပးခဲ့တဲ့ Global Science Research ရဲ႕ ဒါရိုက္တာတစ္ေယာက္ျဖစ္ပါတယ္။

Facebook ကေတာ့ Global Science Research မွာ လုပ္ခဲ့တဲ့အလုပ္ေတြက သူ႕ရဲ႕လက္ရွိအလုပ္နဲ႕ မသက္ဆုိင္ေၾကာင္း ေျပာထားပါတယ္။ ဒါေပမယ့္ စံုစမ္းေနဆဲျဖစ္ပါတယ္။

Cambridge Analytica ရဲ႕ ေျပာဆိုခြင့္ရွိသူတစ္ေယာက္ကေတာ့ Chancellor နဲ႕ အခ်က္အလက္ေတြကို ပူးေပါင္းစုေဆာင္းတာမ်ိဳးမရွိဘူးလို႕ ေျပာထားပါတယ္။

Chancellor ကေတာ့ ဘာမွေျပာၾကားထားျခင္း မရွိေသးပါဘူး။

ဒီကိစၥကေတာ့ ၂၀၁၆ ေရြးေကာက္ပြဲမွာျဖစ္ခဲ့တဲ့အျဖစ္ေတြေၾကာင့္ Facebook ကို ရုရွားအာဏာပိုင္ေတြက တြန္းအားေပးေနတဲ့ကိစၥျဖစ္ပါတယ္။ ဒီကိစၥကို FBI နဲ႕ ယူအက္စ္တရားရံုးက စံုစမ္းေနပါတယ္။

Cambridge Analytica နဲ႕ “thisisyourdigitallife” ဆိုတဲ့ စိတ္ပညာရွင္ေတြအတြက္ သုေတသန app ေလးကိုေရးသာားခဲ့တဲ့ Cambridge professor Aleksandr Kogan တို႕ကို ဆိုင္းငံ့ထားပါတယ္။ Kogan ဟာ Global Science Research ရဲ႕ ဒါရုိက္တာနဲ႕ တည္ေထာင္သူျဖစ္ျပီးေတာ့ Cambridge Analytica နဲ႕ တြဲဖက္အလုပ္လုုပ္ဖူးခဲ့သူပါ။

Kogan ရဲ႕ အခ်က္အလက္စုေဆာင္းေပးမႈကေတာ့ Facebook စည္းကမ္းေတြကို ခ်ိဳးေဖာက္ေနပါတယ္။ Kogan ဟာ Cambridge Analytica ကို သံုးစြဲသူေတြရဲ႕ခြင့္ျပဳခ်က္မေတာင္းဘဲ အခ်က္အလက္ေတြကို ေပးခဲ့တာပါ။

Cambridge Analytica ကို အခ်က္အလက္ေတြဖ်က္ေပးဖုိ႕အတြက္ Facebook က ေျပာထားပါတယ္။ ဒါေပမယ့္လည္း မဖ်က္ရေသးဘူးလို႕ ေျပာပါတယ္။

Facebook ရဲ႕ စီနီယာအမႈေဆာင္အမ်ားစုကေတာ့ Facebook ၾကံဳေနရတဲ့ဖိစီးမႈေတြကို ေျဖေလွ်ာ့ေအာင္ ၾကိဳးစားေနပါတယ္။ Kogan ဟာ အခ်က္အလက္ေတြကိုလည္း မေပးသင့္ပါဘူး။ ပါ၀င္ခဲ့တယ္ဆိုရင္ေတာ့ အခ်က္အလက္ေတြကို ဖ်က္ဖို႕ေျပာေပးသင့္ပါတယ္။

Kogan က သံုးစြဲသူေတြကို လိမ္ခဲ့တယ္။ Facebook ကို လည္းလိမ္ခဲ့တယ္လို႕ Facebook ရဲ႕ လံုျခံဳေရးေခါင္းေဆာင္ Alex Stamos ကတြစ္တာေပၚမွာေရးသားထားခဲ့ေပမယ့္ အခုေတာ့ ျပန္ဖ်က္လိုုက္ပါျပီ။

Unicode Version

လက်ရှိ Facebook သုတေသီတစ်ယောက်ဟာ အရင်တုန်းက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ခဲ့ပြီးတော့ သူတို့ဆီကိုအချက်အလက်တွေပို့နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Facebook ဟာ လက်ရှိဝန်ထမ်းတွေကို Cambridge Analytica ဆိုတဲ့ ၂၀၁၆ယူအက်စ်သမ္မတရွေးကောက်ပွဲမှာ အလုပ်လုပ်ဖူးတဲ့ data လုပ်ငန်းတစ်ခုနဲ့ ပတ်သတ်နေသလားဆိုတာကို စုံစမ်းနေပါတယ်။

New York Times နဲ့ UK’s Guardian ၊ Observer သတင်းစာတို့ရဲ့တင်ပြချက်အရ Cambridge Analytica ဟာ သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်မရဘဲ Facebook အကောင့် ၅၀မီလီယံလောက်ရဲ့ သတင်းအချက်အလက်ကို ယူသုံးပြီးတော့ ၂၀၁၆ယူအက်စ်သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံရေးကြော်ငြာတွေထည့်ခဲ့ကြောင်း သိရပါတယ်။ Joseph Chancellor ကတော့ အခုလက်ရှိ Faecbook မျာ VR သုတေသီတစ်ယောက်ဖြစ်ပြီး အရင်တုန်းက Cambridge Analytica ကို အချက်လက်တွေပေးခဲ့တဲ့ Global Science Research ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။
Facebook ကတော့ Global Science Research မှာ လုပ်ခဲ့တဲ့အလုပ်တွေက သူ့ရဲ့လက်ရှိအလုပ်နဲ့ မသက်ဆိုင်ကြောင်း ပြောထားပါတယ်။ ဒါပေမယ့် စုံစမ်းနေဆဲဖြစ်ပါတယ်။

Cambridge Analytica ရဲ့ ပြောဆိုခွင့်ရှိသူတစ်ယောက်ကတော့ Chancellor နဲ့ အချက်အလက်တွေကို ပူးပေါင်းစုဆောင်းတာမျိုးမရှိဘူးလို့ ပြောထားပါတယ်။

Chancellor ကတော့ ဘာမှပြောကြားထားခြင်း မရှိသေးပါဘူး။

ဒီကိစ္စကတော့ ၂၀၁၆ ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့အဖြစ်တွေကြောင့် Facebook ကို ရုရှားအာဏာပိုင်တွေက တွန်းအားပေးနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို FBI နဲ့ ယူအက်စ်တရားရုံးက စုံစမ်းနေပါတယ်။
Cambridge Analytica နဲ့ “thisisyourdigitallife” ဆိုတဲ့ စိတ်ပညာရှင်တွေအတွက် သုတေသန app လေးကိုရေးသာားခဲ့တဲ့ Cambridge professor Aleksandr Kogan တို့ကို ဆိုင်းငံ့ထားပါတယ်။ Kogan ဟာ Global Science Research ရဲ့ ဒါရိုက်တာနဲ့ တည်ထောင်သူဖြစ်ပြီးတော့ Cambridge Analytica နဲ့ တွဲဖက်အလုပ်လုုပ်ဖူးခဲ့သူပါ။

Kogan ရဲ့ အချက်အလက်စုဆောင်းပေးမှုကတော့ Facebook စည်းကမ်းတွေကို ချိုးဖောက်နေပါတယ်။ Kogan ဟာ Cambridge Analytica ကို သုံးစွဲသူတွေရဲ့ခွင့်ပြုချက်မတောင်းဘဲ အချက်အလက်တွေကို ပေးခဲ့တာပါ။
Cambridge Analytica ကို အချက်အလက်တွေဖျက်ပေးဖို့အတွက် Facebook က ပြောထားပါတယ်။ ဒါပေမယ့်လည်း မဖျက်ရသေးဘူးလို့ ပြောပါတယ်။

Facebook ရဲ့ စီနီယာအမှုဆောင်အများစုကတော့ Facebook ကြုံနေရတဲ့ဖိစီးမှုတွေကို ဖြေလျှော့အောင် ကြိုးစားနေပါတယ်။ Kogan ဟာ အချက်အလက်တွေကိုလည်း မပေးသင့်ပါဘူး။ ပါဝင်ခဲ့တယ်ဆိုရင်တော့ အချက်အလက်တွေကို ဖျက်ဖို့ပြောပေးသင့်ပါတယ်။
Kogan က သုံးစွဲသူတွေကို လိမ်ခဲ့တယ်။ Facebook ကို လည်းလိမ်ခဲ့တယ်လို့ Facebook ရဲ့ လုံခြုံရေးခေါင်းဆောင် Alex Stamos ကတွစ်တာပေါ်မှာရေးသားထားခဲ့ပေမယ့် အခုတော့ ပြန်ဖျက်လိုုက်ပါပြီ။

Aung Phyo Oo (Myanmar Mobile App)