Cambridge Analytica ကို Facebook အျပစ္တင္လို႕ရမလား

0
338

Zawgyi Version

Facebook ရဲ႕ သံုးစြဲသူအခ်က္အလက္ေတြက မားကတ္တင္းနဲ႕ သုေတသနအတြက္ စြမ္းအားေကာင္းတဲ့ကိရိယာေတြျဖစ္ပါတယ္။ သူ႕ရဲ႕စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္လိုက္တဲ့အခါ app ျပဳလုုပ္သူအတြက္ ဘာေတြတာ၀န္ယူေပးရမလဲ။

Facebook မွာက ၂၀၁၆ယူအက္စ္သမၼတေရြးေကာက္ပြဲနဲ႕ပတ္သတ္ျပီးေတာ့ အျငင္းပြားဖြယ္ရာေတြလည္း ေတြ႕ၾကံဳေနရပါတယ္။ ဒီျဖစ္ရပ္ကေတာ့ social network ၾကီးက အခ်က္အလက္ေတြကို ဘယ္လိုျပဳမူထားသလဲ၊ ဒီအခ်က္အလက္ေတြကိုအသံုးျပဳႏုိင္တဲ့ software developer အသိုင္းအ၀ိုင္းနဲ႕လည္း ပတ္သတ္ေနပါတယ္။

New York Times ကေတာ့ Donald Trump campaign အတြက္ အလုပ္လုပ္ဖူးတဲ့ Cambridge Analytica  ဆိုတဲ့လုပ္ငန္းဟာ သူတုိ႕ရဲ႕ခြင့္ျပဳခ်က္မရွိဘဲ Facebook အေကာင့္၅၀မီလီယံရဲ႕ သတင္းအခ်က္အလက္ကို အသံုးျပဳခဲ့တယ္လို႕ သိရပါတယ္။

Cambridge Analytica ဟာ အခ်က္အလက္ေတြကို ဘယ္ကေနရတာလဲ။ Cambridge professor နဲ႕ “thisisyourdigitallife” app ကို ေရးခဲ့တဲ့ Aleksandr Kogan ၾကားကဆက္ဆံေရးကလည္း ပတ္သတ္ေနပါတယ္။

သူဟာ Facebook ရဲ႕ Login feature ကေနျပီးေတာ့ အေကာင့္ေပါင္း ၂၇၀ ၀၀၀ ရဲ႕အခ်က္အလက္ေတြကို ရရွိခဲ့ပါတယ္။ အဲဒီfeature ကေတာ့ အျပင္ app ေတြမွာလည္း login ထပ္၀င္စရာမလိုေအာင္ ေဆာင္ရြက္ေပးထားတဲ့ feature ျဖစ္ပါတယ္။ Kogan အခ်က္အလက္ေတြ စုေဆာင္းေနတဲ့အခ်ိန္မွာပဲ Facebook ဟာ developer ေတြကို အဲဒီ feature နဲ႕ ပတ္သတ္တဲ့သူေတြရဲ႕အခ်က္လက္ေတြကိုသာမက သူတို႕ရဲ႕ friends ေတြအခ်က္အလက္ကိုပါ အသံုးျပဳခြင့္ေပးလိုက္ပါတယ္။ ဒါေၾကာင့္ အေကာင့္ေပါင္းဟာ ၅၀မီလီယံေလာက္အထိ ေရာက္သြားပါတယ္။

ဒါေၾကာင့္ Kogan ရဲ႕ အခ်က္အလက္စုေဆာင္းမႈဟာ က်ယ္ျပန္႕သြားျပီးေတာ့ စည္းကမ္းေတြကို ခ်ိဳးေဖာက္သလိုျဖစ္ေနပါတယ္။

၂၀၁၅ခုႏွစ္တုန္းက Kogan ဟာ Cambridge Analytica နဲ႕ အခ်က္အလက္ေတြပူးေပါင္းလုပ္ေဆာင္ခဲ့ေၾကာင္းကို သိထားပါတယ္။ Facebook သိသြားခဲ့တဲ့အတြက္ အခ်က္အလက္ေတြကိုဖ်က္ေပးဖုိ႕အတြက္ Cambridge Analytica နဲ႕ Kogan တို႕ကို ေျပာခဲ့ပါတယ္။

အခုအခ်ိန္မ်ာ အခ်က္အလက္အားလံုးက မဖ်က္ဆီးရေသးဘူးလို႕ သိရပါတယ္။

Facebook ရဲ႕ တာ၀န္ရွိမႈ

အျငင္းပြားဖြယ္ေတြကို တံု႕ျပန္တဲ့အေနနဲက Facebook ရဲ႕ စီနီယာအမႈေဆာင္အေတာ္မ်ားမ်ားကေတာ့ ၾကိဳးစားေနၾကပါတယ္။ Kogan ဟာ အခ်က္အလက္ေတြကို မေပးသင့္သလို ေပးလိုက္မိရင္လည္း ဖ်က္ပစ္သင့္ပါတယ္။

Kogan က သံုးစြဲသူေတြကို လိမ္ခဲ့တယ္။ Facebook ကို လည္းလိမ္ခဲ့တယ္လို႕ Facebook ရဲ႕ လံုျခံဳေရးေခါင္းေဆာင္ Alex Stamos ကတြစ္တာေပၚမွာေရးသားထားခဲ့ေပမယ့္ အခုေတာ့ ျပန္ဖ်က္လိုုက္ပါျပီ။

ဒါေပမယ့္ အားလံုးကေတာ့ Facebook ရဲ႕ တာ၀န္ယူမႈကို ေမးေနပါျပီ။ Facebook ဟာ တစ္လကို သံုးစြဲသူေပါင္း ၂မီလီယံရွိတဲ့ စြမ္းအားျမင့္tool တစ္ခုျဖစ္ပါတယ္။ သူဟာ လူေပါင္းမ်ားစြာကို တစ္ေယာက္နဲ႕တစ္ေယာက္ ခ်ိတ္ဆက္ႏုိင္ေအာင္ကူညီေပးေနသလို ေၾကာ္ျငာသူေတြကိုလည္း သူတို႕ရဲ႕ ပရိုဖိုင္ေတြအရ ခ်ိတ္ဆက္ေပးေနတာလည္း ျဖစ္ပါတယ္။

Developer ေတြရဲ ႕အလြဲသံုးစားလုပ္မႈကို Facebook အေနနဲ႕ ဘယ္လိုမ်ိဳး တာ၀န္ယူေပးမလဲ။ Facebook ဟာ ဖ်က္ျပီးျပီဆိုတာကို ေသခ်ာေအာင္ လုပ္ေပးနုိင္လား။ developer ေတြကို အျခားသူေတြဆီ အခ်က္အလက္မေပါက္ၾကားေအာင္ ဘယ္လိုလုပ္မလဲ။

ဒီေမးခြန္းေတြ အားလံုးကိုေတာ့ Facebook မေျဖခဲ့ပါဘူး။

ေ၀ဖန္မႈေတြကေတာ့ social network ကိုပဲ ဦးတည္ေနပါတယ္။ “Facebook ဦးေဆာင္သူေတြက ကၽြန္ေတာ္တို႕ဟာ သူတို႕ရဲ႕လႈပ္ရွားမႈေတြနဲ႕ရိုးသားမႈကို ေမးခြန္းထုတ္တယ္လို႕ ထင္ေနၾကတယ္။ ခက္ေတာ့တာပဲ” လို႕ ဗာဂ်ီးနီးယားတကၠသိုလ္မွာရွိတဲ့ Center for Media and Citizenship ရဲ႕ ဒါရိုက္တာ Siva Vaidhyanathan က တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။ “ကၽြန္ေတာ္တို႕က သူတို႕ရဲ႕ ေပၚလစီေတြ၊ လုပ္ေဆာင္ခ်က္ေတြနဲ႕ အက်ိဳးဆက္ေတြကို ေမးျမန္းေနတာပါ”

Faecbook ဘက္မွာလည္း developer ေတြနဲ႕ အေပးအယူလုပ္ပံုေတြကုိ လြန္ခဲ့တဲ့ငါးႏွစ္ေလာက္ကတည္းက ျပဳလုုပ္ခဲ့တာျဖစ္ပါတယ္။ ဥပမာ app review လုပ္ဖို႕အတြက္ဆိုရင္ ရက္စြဲအတိအက် လိုအပ္တာမ်ိဳးေပါ့။

ပိုမိုက်ယ္ျပန္႕တဲ့ ျပႆနာ

Cambridge Analytica နဲ႕ ဘာျဖစ္သလဲဆိုတာကေတာ့ Facebook’s platform ကို အလြဲသံုးစားလုပ္တဲ့ျဖစ္ရပ္တစ္ခုသာသာပါ။

သေရာ္တဲ့သူ၊ ၀ါဒျဖန္႕တဲ့သူေတြကေတာ့ ဒါဟာျပစ္မႈၾကီးတစ္ခုလို႕ သတ္မွတ္ေျပာဆိုေနၾကပါတယ္။ Facebook ဟာ ရုရွားသေရာ္စာေတြေအာက္မွာ ျပားျပား၀ပ္ေနရတာျဖစ္ျပီးေတာ့ အေမရိကန္ေတြဟာ ၂၀၁၆သမၼတေရြးေကာက္ပြဲမွာ ေၾကာ္ျငာေတြထည့္ခဲ့တယ္လို႕ စြပ္စြဲထားတာျဖစ္ပါတယ္။

ဒါေၾကာင့္ Facebook ဟာ သူ႕ရဲ႕ စည္းကမ္းေတြနဲ႕ ေၾကာ္ျငာလုပ္ငန္းေတြကို သတိထားေနရတာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ႏို၀င္ဘာတုန္းက Facebook၊ Twitter နဲ႕ Google တုိ႕ဟာ Congress တစ္ခုကို တက္ေရာက္ခဲ့ၾကပါေသးတယ္။

Cambridge Analytica ျဖစ္ရပ္ေၾကာင့္ စည္းကမ္းပိုင္းကို ပိုအေလးသာသြားေစပါတယ္။ “စည္းကမ္းထုတ္သူေတြ၊ ႏုိင္ငံေရးပညာရွင္ေတြနဲ႕ Facebook ရဲ႕ စီးပြားေရးေမာ္ဒယ္လ္ေတြကို ေသခ်ာဂရုစိုက္ဖို႕ လိုလာပါျပီ။ ”

Congress ကလည္း Facebook ကို အျပစ္တင္ေနပါျပီ။ ဒီတစ္ၾကိမ္မွာေတာ့ ဥပေဒပညာရွင္ေတြက အေျဖကိုအထက္ကေျပာတာ ၾကားခ်င္ၾကတာပါ။

“သူတုိ႕ဘာသာ စည္းမ်ဥ္းမထုတ္ႏုိင္တာ ရွင္းေနတာပဲ”လို႕ ဒီမိုကရက္တစ္လႊတ္ေတာ္အမတ္ Amy Klobuchar ကေျပာပါတယ္။ “သူတို႕ကိုယံုပါလို႕ေျပာတယ္”လို႕ Mark Zuckerberg ကလည္း ေျပာခဲ့တယ္။

ဒီကိစၥဟာ ယူအက္စ္အျပင္ဘက္ကို ေရာက္သြားပါတယ္။ ဥေရာပပါလီမန္အမတ္ Antonio Tajani ကလည္း အခုလိုေျပာၾကားခဲ့ပါတယ္။ “Facebook ရဲ႕ သံုးစြဲသူအခ်က္အလက္ေတြကုိ အလြဲသံုးစားလုပ္ခံရတာက ကၽြန္ေတာ္တို႕ျပည္သူေတြရဲ႕အခြင့္အေရးကို ခ်ိဳးေဖာက္လိုက္တာပါပဲ။ ဒါကို စံုစမ္းရမယ္။”လို႕ Tajani က တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။

အေရးၾကီးေနတာက ရုရွားျဖစ္ျပီး အခုဆိုရင္ Cambridge Analytica လည္း ပါ၀င္ပတ္သတ္လာပါတယ္။ အဲဒီမွာ password အခုိုးမခံရသလို ဟက္ခံရတာမ်ိဳးလည္း မရွိပါဘူး။ သူတို႕လုပ္ရမယ့္အလုုပ္ကို လုပ္ခဲ့တာပါ။

Stamos နဲ႕ Andrew Bosworth တို႕ကေတာ့ Facebook ရဲ႕ အမႈေဆာင္ေတြျဖစ္ျပီးေတာ့ သူတုိ႕ရဲ႕ေၾကာ္ျငာလုပ္ငန္းကို ေမာင္းႏွင္ေနတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႕ဟာ အခ်က္အလက္ခ်ိဳးေဖာက္မႈနဲ႕ ၀န္ေဆာင္မႈေဖာက္ဖ်က္ျခင္းၾကားက ျခားနားခ်က္ကို ျမင္ေအာင္ၾကည့္ဖို႕ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႕အေနနဲ႕ လူေတြကို ကာကြယ္ေပးရမယ့္ သူတုိ႕ရဲ႕တာ၀န္ရွိမႈကိုေတာ့ အသိအမွတ္ျပဳေၾကုာင္း ေျပာခဲ့ပါတယ္။

“အလြဲသံုးစားလုပ္မႈနဲ႕ အခ်က္အလက္ခ်ိဳးေဖာက္မႈတို႕ဟာ သင္ၾကည့္တဲ့အေပၚမွာ အမ်ားၾကီးမူတည္ပါတယ္။ ကၽြန္ေတာ္တို႕ဘက္က ၾကည့္လို႕မရပါဘူး”လို႕ Evan Baily ကတြစ္တာေပၚမွာ ျပန္လည္တံု႕ျပန္ခဲ့ပါတယ္။ “Facebook platform က ကၽြန္ေတာ္တို႕ကို ကာကြယ္ေပးရမယ္။ မဟုတ္ရင္ေတာ့ ဒီplatform ကို မယံုရေတာ့ဘူးလား။”

Bosworth ကေတာ့ တြစ္တာေပၚမွာ အခုလို တင္ခဲ့ပါတယ္။

“ဒါေတာ့ ကၽြန္ေတာ္လည္း သေဘာတူပါတယ္။”

Unicode Version

Facebook ရဲ့ သုံးစွဲသူအချက်အလက်တွေက မားကတ်တင်းနဲ့ သုတေသနအတွက် စွမ်းအားကောင်းတဲ့ကိရိယာတွေဖြစ်ပါတယ်။ သူ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်လိုက်တဲ့အခါ app ပြုလုုပ်သူအတွက် ဘာတွေတာဝန်ယူပေးရမလဲ။
Facebook မှာက ၂၀၁၆ယူအက်စ်သမ္မတရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ အငြင်းပွားဖွယ်ရာတွေလည်း တွေ့ကြုံနေရပါတယ်။ ဒီဖြစ်ရပ်ကတော့ social network ကြီးက အချက်အလက်တွေကို ဘယ်လိုပြုမူထားသလဲ၊ ဒီအချက်အလက်တွေကိုအသုံးပြုနိုင်တဲ့ software developer အသိုင်းအဝိုင်းနဲ့လည်း ပတ်သတ်နေပါတယ်။
New York Times ကတော့ Donald Trump campaign အတွက် အလုပ်လုပ်ဖူးတဲ့ Cambridge Analytica ဆိုတဲ့လုပ်ငန်းဟာ သူတို့ရဲ့ခွင့်ပြုချက်မရှိဘဲ Facebook အကောင့်၅၀မီလီယံရဲ့ သတင်းအချက်အလက်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Cambridge Analytica ဟာ အချက်အလက်တွေကို ဘယ်ကနေရတာလဲ။ Cambridge professor နဲ့ “thisisyourdigitallife” app ကို ရေးခဲ့တဲ့ Aleksandr Kogan ကြားကဆက်ဆံရေးကလည်း ပတ်သတ်နေပါတယ်။

သူဟာ Facebook ရဲ့ Login feature ကနေပြီးတော့ အကောင့်ပေါင်း ၂၇၀ ၀၀၀ ရဲ့အချက်အလက်တွေကို ရရှိခဲ့ပါတယ်။ အဲဒီfeature ကတော့ အပြင် app တွေမှာလည်း login ထပ်ဝင်စရာမလိုအောင် ဆောင်ရွက်ပေးထားတဲ့ feature ဖြစ်ပါတယ်။ Kogan အချက်အလက်တွေ စုဆောင်းနေတဲ့အချိန်မှာပဲ Facebook ဟာ developer တွေကို အဲဒီ feature နဲ့ ပတ်သတ်တဲ့သူတွေရဲ့အချက်လက်တွေကိုသာမက သူတို့ရဲ့ friends တွေအချက်အလက်ကိုပါ အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် အကောင့်ပေါင်းဟာ ၅၀မီလီယံလောက်အထိ ရောက်သွားပါတယ်။
ဒါကြောင့် Kogan ရဲ့ အချက်အလက်စုဆောင်းမှုဟာ ကျယ်ပြန့်သွားပြီးတော့ စည်းကမ်းတွေကို ချိုးဖောက်သလိုဖြစ်နေပါတယ်။

၂၀၁၅ခုနှစ်တုန်းက Kogan ဟာ Cambridge Analytica နဲ့ အချက်အလက်တွေပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းကို သိထားပါတယ်။ Facebook သိသွားခဲ့တဲ့အတွက် အချက်အလက်တွေကိုဖျက်ပေးဖို့အတွက် Cambridge Analytica နဲ့ Kogan တို့ကို ပြောခဲ့ပါတယ်။

အခုအချိန်မျာ အချက်အလက်အားလုံးက မဖျက်ဆီးရသေးဘူးလို့ သိရပါတယ်။

Facebook ရဲ့ တာဝန်ရှိမှု
အငြင်းပွားဖွယ်တွေကို တုံ့ပြန်တဲ့အနေနဲက Facebook ရဲ့ စီနီယာအမှုဆောင်အတော်များများကတော့ ကြိုးစားနေကြပါတယ်။ Kogan ဟာ အချက်အလက်တွေကို မပေးသင့်သလို ပေးလိုက်မိရင်လည်း ဖျက်ပစ်သင့်ပါတယ်။
Kogan က သုံးစွဲသူတွေကို လိမ်ခဲ့တယ်။ Facebook ကို လည်းလိမ်ခဲ့တယ်လို့ Facebook ရဲ့ လုံခြုံရေးခေါင်းဆောင် Alex Stamos ကတွစ်တာပေါ်မှာရေးသားထားခဲ့ပေမယ့် အခုတော့ ပြန်ဖျက်လိုုက်ပါပြီ။
ဒါပေမယ့် အားလုံးကတော့ Facebook ရဲ့ တာဝန်ယူမှုကို မေးနေပါပြီ။ Facebook ဟာ တစ်လကို သုံးစွဲသူပေါင်း ၂မီလီယံရှိတဲ့ စွမ်းအားမြင့်tool တစ်ခုဖြစ်ပါတယ်။ သူဟာ လူပေါင်းများစွာကို တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်နိုင်အောင်ကူညီပေးနေသလို ကြော်ငြာသူတွေကိုလည်း သူတို့ရဲ့ ပရိုဖိုင်တွေအရ ချိတ်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။
Developer တွေရဲ့အလွဲသုံးစားလုပ်မှုကို Facebook အနေနဲ့ ဘယ်လိုမျိုး တာဝန်ယူပေးမလဲ။ Facebook ဟာ ဖျက်ပြီးပြီဆိုတာကို သေချာအောင် လုပ်ပေးနိုင်လား။ developer တွေကို အခြားသူတွေဆီ အချက်အလက်မပေါက်ကြားအောင် ဘယ်လိုလုပ်မလဲ။

ဒီမေးခွန်းတွေ အားလုံးကိုတော့ Facebook မဖြေခဲ့ပါဘူး။

ဝေဖန်မှုတွေကတော့ social network ကိုပဲ ဦးတည်နေပါတယ်။ “Facebook ဦးဆောင်သူတွေက ကျွန်တော်တို့ဟာ သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့ရိုးသားမှုကို မေးခွန်းထုတ်တယ်လို့ ထင်နေကြတယ်။ ခက်တော့တာပဲ” လို့ ဗာဂျီးနီးယားတက္ကသိုလ်မှာရှိတဲ့ Center for Media and Citizenship ရဲ့ ဒါရိုက်တာ Siva Vaidhyanathan က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ “ကျွန်တော်တို့က သူတို့ရဲ့ ပေါ်လစီတွေ၊ လုပ်ဆောင်ချက်တွေနဲ့ အကျိုးဆက်တွေကို မေးမြန်းနေတာပါ”

Faecbook ဘက်မှာလည်း developer တွေနဲ့ အပေးအယူလုပ်ပုံတွေကို လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ပြုလုုပ်ခဲ့တာဖြစ်ပါတယ်။ ဥပမာ app review လုပ်ဖို့အတွက်ဆိုရင် ရက်စွဲအတိအကျ လိုအပ်တာမျိုးပေါ့။

ပိုမိုကျယ်ပြန့်တဲ့ ပြဿနာ
Cambridge Analytica နဲ့ ဘာဖြစ်သလဲဆိုတာကတော့ Facebook’s platform ကို အလွဲသုံးစားလုပ်တဲ့ဖြစ်ရပ်တစ်ခုသာသာပါ။

သရော်တဲ့သူ၊ ဝါဒဖြန့်တဲ့သူတွေကတော့ ဒါဟာပြစ်မှုကြီးတစ်ခုလို့ သတ်မှတ်ပြောဆိုနေကြပါတယ်။ Facebook ဟာ ရုရှားသရော်စာတွေအောက်မှာ ပြားပြားဝပ်နေရတာဖြစ်ပြီးတော့ အမေရိကန်တွေဟာ ၂၀၁၆သမ္မတရွေးကောက်ပွဲမှာ ကြော်ငြာတွေထည့်ခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

ဒါကြောင့် Facebook ဟာ သူ့ရဲ့ စည်းကမ်းတွေနဲ့ ကြော်ငြာလုပ်ငန်းတွေကို သတိထားနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက Facebook၊ Twitter နဲ့ Google တို့ဟာ Congress တစ်ခုကို တက်ရောက်ခဲ့ကြပါသေးတယ်။
Cambridge Analytica ဖြစ်ရပ်ကြောင့် စည်းကမ်းပိုင်းကို ပိုအလေးသာသွားစေပါတယ်။ “စည်းကမ်းထုတ်သူတွေ၊ နိုင်ငံရေးပညာရှင်တွေနဲ့ Facebook ရဲ့ စီးပွားရေးမော်ဒယ်လ်တွေကို သေချာဂရုစိုက်ဖို့ လိုလာပါပြီ။ ”
Congress ကလည်း Facebook ကို အပြစ်တင်နေပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဥပဒေပညာရှင်တွေက အဖြေကိုအထက်ကပြောတာ ကြားချင်ကြတာပါ။

“သူတို့ဘာသာ စည်းမျဉ်းမထုတ်နိုင်တာ ရှင်းနေတာပဲ”လို့ ဒီမိုကရက်တစ်လွှတ်တော်အမတ် Amy Klobuchar ကပြောပါတယ်။ “သူတို့ကိုယုံပါလို့ပြောတယ်”လို့ Mark Zuckerberg ကလည်း ပြောခဲ့တယ်။

ဒီကိစ္စဟာ ယူအက်စ်အပြင်ဘက်ကို ရောက်သွားပါတယ်။ ဥရောပပါလီမန်အမတ် Antonio Tajani ကလည်း အခုလိုပြောကြားခဲ့ပါတယ်။ “Facebook ရဲ့ သုံးစွဲသူအချက်အလက်တွေကို အလွဲသုံးစားလုပ်ခံရတာက ကျွန်တော်တို့ပြည်သူတွေရဲ့အခွင့်အရေးကို ချိုးဖောက်လိုက်တာပါပဲ။ ဒါကို စုံစမ်းရမယ်။”လို့ Tajani က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။
အရေးကြီးနေတာက ရုရှားဖြစ်ပြီး အခုဆိုရင် Cambridge Analytica လည်း ပါဝင်ပတ်သတ်လာပါတယ်။ အဲဒီမှာ password အခိုးမခံရသလို ဟက်ခံရတာမျိုးလည်း မရှိပါဘူး။ သူတို့လုပ်ရမယ့်အလုုပ်ကို လုပ်ခဲ့တာပါ။
Stamos နဲ့ Andrew Bosworth တို့ကတော့ Facebook ရဲ့ အမှုဆောင်တွေဖြစ်ပြီးတော့ သူတို့ရဲ့ကြော်ငြာလုပ်ငန်းကို မောင်းနှင်နေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အချက်အလက်ချိုးဖောက်မှုနဲ့ ဝန်ဆောင်မှုဖောက်ဖျက်ခြင်းကြားက ခြားနားချက်ကို မြင်အောင်ကြည့်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ လူတွေကို ကာကွယ်ပေးရမယ့် သူတို့ရဲ့တာဝန်ရှိမှုကိုတော့ အသိအမှတ်ပြုကြေုာင်း ပြောခဲ့ပါတယ်။

“အလွဲသုံးစားလုပ်မှုနဲ့ အချက်အလက်ချိုးဖောက်မှုတို့ဟာ သင်ကြည့်တဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျွန်တော်တို့ဘက်က ကြည့်လို့မရပါဘူး”လို့ Evan Baily ကတွစ်တာပေါ်မှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “Facebook platform က ကျွန်တော်တို့ကို ကာကွယ်ပေးရမယ်။ မဟုတ်ရင်တော့ ဒီplatform ကို မယုံရတော့ဘူးလား။”
Bosworth ကတော့ တွစ်တာပေါ်မှာ အခုလို တင်ခဲ့ပါတယ်။
“ဒါတော့ ကျွန်တော်လည်း သဘောတူပါတယ်။”

Aung Phyo Oo (Myanmar Mobile App)