Android Go ကို အေျခခံထားတဲ့ Alcatel 1X နဲ႕ Alcatel 3V ဖုန္းမ်ား

0
345

Zawgyi Version

Android Go ဖုန္းေတြ ယူအက္စ္ကို ေရာက္လာေတာ့မယ္တဲ့။ Alcatel က 1X နဲ႕ 3X ကို ထုတ္လုပ္ေပးေတာ့မွာပါ။ ဒီေမာ္ဒယ္လ္ေတြဟာ unlock ျဖစ္တဲ့အတြက္ေၾကာင့္ ႏုိင္ငံတြင္းက carrier အမ်ားစုနဲ႕ ကိုက္ညီပါတယ္။ ဒီဖုန္းေတြကို ပထမဆံုးျမင္ခဲ့ရတာကေတာ့ MWC 2018 မွာ ျမင္ခဲ့ရတာပါ။ Android Go လည္းျဖစ္၊ 18:9 display ပါ၀င္တဲ့ဖုန္းေတြျဖစ္ပါတယ္။ Android Oreo ကို အေျခခံထားတာမို႕ ေနာက္ဆံုးေပၚ feature ေတြကို ခံစားႏုိင္မွာပါ။

Alcatel 1X ကေတာ့ Android Oreo Go Edition ျဖစ္ျပီးေတာ့ entry-level သာသာေလာက္သာျဖစ္ပါတယ္။ ဒါေပမယ့္ 18:9 display နဲ႕ဆိုေတာ့ premium flagship အတုိင္းခံစားရမွာပါ။ မ်က္ႏွာျပင္ ရွည္ရွည္၊ ၾကီးၾကီးနဲ႕ မိုက္ပါတယ္။ မ်က္ႏွာျပင္က်ယ္ေတာ့ မ်ားမ်ားျမင္ရတာေပါ့။

1X မွာ ၅.၃လက္မ FullView display ၊ flash နဲ႕ Social Mode  ပါ၀င္တဲ့ 5MP ဆယ္လ္ဖီကင္မရာ၊ 13MP အေနာက္ကင္မရာ၊ One-Handed Mode ၊ fingerprint sensor တို႕ ပါ၀င္ပါတယ္။ အေသးစိတ္အခ်က္လက္ေတြကေတာ့ high-end ပံုစံေပါက္ေပမယ့္လည္း ေဒၚလာ၁၀၀ ေအာက္မွာပါ။

Alcatel 3V ဘက္ကို သြားရေအာင္။ သူကလည္း entry-level ျဖစ္ေပမယ့္ အေနာက္ဘက္မွာ ကင္မရာႏွစ္လံုးကို တပ္ဆင္ထားပါတယ္။ ၆လက္မ မ်က္ႏွာျပင္၊ 18:9 display ၊ 2K resolution ၊ Face Key ၊ fingerprint sensor ၊ split-screen ၊ 3D curved ေတြကို ေတြ႕ျမင္ရမွာပါ။ ေစ်းႏႈန္းကေတာ့ မသိရေသးပါဘူး။

Unicode Version

Android Go ဖုန်းတွေ ယူအက်စ်ကို ရောက်လာတော့မယ်တဲ့။ Alcatel က 1X နဲ့ 3X ကို ထုတ်လုပ်ပေးတော့မှာပါ။ ဒီမော်ဒယ်လ်တွေဟာ unlock ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတွင်းက carrier အများစုနဲ့ ကိုက်ညီပါတယ်။ ဒီဖုန်းတွေကို ပထမဆုံးမြင်ခဲ့ရတာကတော့ MWC 2018 မှာ မြင်ခဲ့ရတာပါ။ Android Go လည်းဖြစ်၊ 18:9 display ပါဝင်တဲ့ဖုန်းတွေဖြစ်ပါတယ်။ Android Oreo ကို အခြေခံထားတာမို့ နောက်ဆုံးပေါ် feature တွေကို ခံစားနိုင်မှာပါ။
Alcatel 1X ကတော့ Android Oreo Go Edition ဖြစ်ပြီးတော့ entry-level သာသာလောက်သာဖြစ်ပါတယ်။ ဒါပေမယ့် 18:9 display နဲ့ဆိုတော့ premium flagship အတိုင်းခံစားရမှာပါ။ မျက်နှာပြင် ရှည်ရှည်၊ ကြီးကြီးနဲ့ မိုက်ပါတယ်။ မျက်နှာပြင်ကျယ်တော့ များများမြင်ရတာပေါ့။

1X မှာ ၅.၃လက်မ FullView display ၊ flash နဲ့ Social Mode ပါဝင်တဲ့ 5MP ဆယ်လ်ဖီကင်မရာ၊ 13MP အနောက်ကင်မရာ၊ One-Handed Mode ၊ fingerprint sensor တို့ ပါဝင်ပါတယ်။ အသေးစိတ်အချက်လက်တွေကတော့ high-end ပုံစံပေါက်ပေမယ့်လည်း ဒေါ်လာ၁၀၀ အောက်မှာပါ။

Alcatel 3V ဘက်ကို သွားရအောင်။ သူကလည်း entry-level ဖြစ်ပေမယ့် အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို တပ်ဆင်ထားပါတယ်။ ၆လက်မ မျက်နှာပြင်၊ 18:9 display ၊ 2K resolution ၊ Face Key ၊ fingerprint sensor ၊ split-screen ၊ 3D curved တွေကို တွေ့မြင်ရမှာပါ။ ဈေးနှုန်းကတော့ မသိရသေးပါဘူး။

Aung Phyo Oo (Myanmar Mobile App)