ယူအက္စ္ကိုလာမယ့္လမွာေရာက္လာေတာ့မယ့္ တစ္သိန္းေက်ာ္တန္ Alcatel 1X နဲ႕ 3V

0
398

Zawgyi Version

Alcatel 1X နဲ႕ Alcatel 3V တို႕ကို ယူအက္စ္မွာ launch လုပ္ေတာ့မယ္လို႕ အတည္ျပဳေပးလိုက္ပါတယ္။ အဲဒီဖုန္းေတြကို Alcatel 3 ၊ 3X ၊ 5 တို႕နဲ႕အတူ MWC 2018 မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Alcatel 1X ကေတာ့ ေစ်းအတတ္ႏုိင္ဆံုးျဖစ္ပါတယ္။ Android 8.1 Oreo (Go Edition) ကိုလည္း အသံုးျပဳထားပါတယ္။ အဲဒီဖုန္းမွာ 5.3-inch display ၊ 960 x 640 resolution ၊ 18:9 aspect ratio ၊ MediaTek 6739 processor ၊ 16 GB of native storage ၊ 2,460 mAh ဘတ္ထရီတို႕ ပါ၀င္ပါတယ္။

Alcatel 1X ကို  1 ဒါမွမဟုတ္ 2 GB RAM တုိ႕ကို ေရြးခ်ယ္ႏုိင္မွာပါ။ 1 GB version မွာေတာ့ 8 MP အေနာက္ကင္မရာ၊ 2 GB မွာေတာ့ 13 MP တို႕ကို ထည့္သြင္းေပးထားပါတယ္။ ဗားရွင္းႏွစ္ခုလံုးမွာ တူညီတာကေတာ့ 5 MP အေရွ႕ကင္မရာျဖစ္ပါတယ္။

Alcatel 1X ရဲ႕ ယူအက္စ္ဗားရွင္းမွာေတာ့ fingerprint sensor ျဖစ္ပါတယ္။ MWC 2018 မွာျမင္ခဲ့တာနဲ႕ ျခားနားခ်က္ကေတာ့ sensor ေလးပါပဲ။

Alcatel 3V မွာေတာ့ Alcatel 1X နဲ႕ နည္းနည္းဆင္ပါတယ္။ ၆လက္မ display ၊ 2,160 x 1,080 resolution ၊ 18:9 aspect ratio ၊ MediaTek 8735A processor ၊ 2 GB RAM တို႕ကို အသံုးျပဳထားပါတယ္။ 32 GB အထိိ အသံုးျပဳႏုိင္ျပီးေတာ့ microSD card ကလည္း 128 GB အထိ ခ်ဲ႕ျပီးအသံုးျပဳႏုိင္ပါတယ္။

Alcatel 3V မွာေတာ့ 12 နဲ႕ 2 MP ကင္မရာႏွစ္္လံုး၊ fingerprint sensor တို႕ကို အေနာက္ဘက္မွာေတြ႕ျမင္ႏုိင္ျပီး 5 MP ကင္မရာကိုေတာ့ အေရွ႕ဘက္မွာ တပ္ဆင္ထားပါတယ္။ 3,000 mAh ဘတ္ထရီကေတာ့ microUSB port နဲ႕ အားသြင္းအသံုးျပဳႏုိင္မွာျဖစ္ျပီးေတာ့ headphone jack မပါ၀င္ပါဘူး။

Alcatel 3V မွာ Android Oreo ကို တန္းျပီးအသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

Alcatel ကေတာ့ 1X နဲ႕ 3V ဟာ ယူအက္စ္ကို ဘယ္ေလာက္နဲ႕၀င္ေရာက္မလဲဆိုတာကို မေျပာထားပါဘူး။ 1X ကို ေဒၚလာ၁၀၀(၁သိန္း၃ေသာင္းနီးပါး) ေအာက္ေရာင္းခ်သြားမယ္လို႕ မွန္းထားပါတယ္။

Unicode Version

Alcatel 1X နဲ့ Alcatel 3V တို့ကို ယူအက်စ်မှာ launch လုပ်တော့မယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ အဲဒီဖုန်းတွေကို Alcatel 3 ၊ 3X ၊ 5 တို့နဲ့အတူ MWC 2018 မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Alcatel 1X ကတော့ ဈေးအတတ်နိုင်ဆုံးဖြစ်ပါတယ်။ Android 8.1 Oreo (Go Edition) ကိုလည်း အသုံးပြုထားပါတယ်။ အဲဒီဖုန်းမှာ 5.3-inch display ၊ 960 x 640 resolution ၊ 18:9 aspect ratio ၊ MediaTek 6739 processor ၊ 16 GB of native storage ၊ 2,460 mAh ဘတ်ထရီတို့ ပါဝင်ပါတယ်။

Alcatel 1X ကို 1 ဒါမှမဟုတ် 2 GB RAM တို့ကို ရွေးချယ်နိုင်မှာပါ။ 1 GB version မှာတော့ 8 MP အနောက်ကင်မရာ၊ 2 GB မှာတော့ 13 MP တို့ကို ထည့်သွင်းပေးထားပါတယ်။ ဗားရှင်းနှစ်ခုလုံးမှာ တူညီတာကတော့ 5 MP အရှေ့ကင်မရာဖြစ်ပါတယ်။

Alcatel 1X ရဲ့ ယူအက်စ်ဗားရှင်းမှာတော့ fingerprint sensor ဖြစ်ပါတယ်။ MWC 2018 မှာမြင်ခဲ့တာနဲ့ ခြားနားချက်ကတော့ sensor လေးပါပဲ။

Alcatel 3V မှာတော့ Alcatel 1X နဲ့ နည်းနည်းဆင်ပါတယ်။ ၆လက်မ display ၊ 2,160 x 1,080 resolution ၊ 18:9 aspect ratio ၊ MediaTek 8735A processor ၊ 2 GB RAM တို့ကို အသုံးပြုထားပါတယ်။ 32 GB အထိ အသုံးပြုနိုင်ပြီးတော့ microSD card ကလည်း 128 GB အထိ ချဲ့ပြီးအသုံးပြုနိုင်ပါတယ်။

Alcatel 3V မှာတော့ 12 နဲ့ 2 MP ကင်မရာနှစ်လုံး၊ fingerprint sensor တို့ကို အနောက်ဘက်မှာတွေ့မြင်နိုင်ပြီး 5 MP ကင်မရာကိုတော့ အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ 3,000 mAh ဘတ်ထရီကတော့ microUSB port နဲ့ အားသွင်းအသုံးပြုနိုင်မှာဖြစ်ပြီးတော့ headphone jack မပါဝင်ပါဘူး။

Alcatel 3V မှာ Android Oreo ကို တန်းပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Alcatel ကတော့ 1X နဲ့ 3V ဟာ ယူအက်စ်ကို ဘယ်လောက်နဲ့ဝင်ရောက်မလဲဆိုတာကို မပြောထားပါဘူး။ 1X ကို ဒေါ်လာ၁၀၀(၁သိန်း၃သောင်းနီးပါး) အောက်ရောင်းချသွားမယ်လို့ မှန်းထားပါတယ်။

Aung Phyo Oo (Myanmar Mobile App)