TP-Link ရဲ႕ ပထမဆံုးေသာ ကင္မရာႏွစ္လံုးပါ၀င္တဲ့ Neffos N1

0
437

Zawgyi Version

TP-Link ဆိုတာနဲ႕ ဘာကိုေျပးျမင္မိပါသလဲ။ ဟုတ္ပါတယ္။ ျမန္မာႏုိင္ငံက အင္တာနက္သံုးစြဲသူအမ်ားစုကေတာ့ သူ႕ရဲ႕ network solution ၀န္ေဆာင္မႈကို ေျပးျမင္မိမွာပါ။ ဒါေပမယ့္သူ႕မွာ အျခားေသာ device ေတြလည္း ရွိပါတယ္။ အခုဆုိရင္ေတာ့ ပထမဆံုးေသာ ကင္မရာႏွစ္လံုးပါ၀င္တဲ့ Neffos N1 ကို ထုတ္လုပ္လုိက္ပါျပီ။ 12MP ကင္မရာႏွစ္လံုးပါ၀င္တဲ့အျပင္ က်န္တဲ့အခ်က္အလက္ေတြကေတာ့ mid-range ျဖစ္တဲ့အတြက္ ေစ်းႏႈန္းကိုလည္း flagship ေတြထက္ သက္သာလိမ့္မယ္လို႕ မွန္းထားပါတယ္။ အခုအခ်ိန္မွာ မေလးရွားမွာသာ ရႏုိင္ဦးမွာပါ။ အာရွမွာလည္း ေရာက္လာမလားဆိုတာ ေၾကညာထားျခင္း မရွိေသးပါဘူး။

Neffos N1 မွာ ၅.၅လက္မ IPS LCD ၊ Full HD resolution ၊ Corning Gorilla Glass 3 နဲ႕ ဖံုးအုပ္ထားပါတယ္။ Helios P25 chipset ကို octa-core CPU နဲ႕ တြဲဖက္ထားျပီးေတာ့ 2.5GHz အထိ လုပ္ေဆာင္ႏုိင္ပါတယ္။ GPU ကေတာ့ Mali-T880 ကို အသံုးျပဳထားပါတယ္။ 4GB RAM ၊ 64GB သိုေလွာင္မႈဆိုေတာ့ မိုက္ပါတယ္။ မမ္မိုရီအတြက္ မပူပါနဲ႕ micro-SD card စိုက္လို႕ရတယ္။ 3,260 mAh ဘတ္ထရီနဲ႕ အားအျမန္သြင္းစနစ္ကလည္း ေက်နပ္စရာပါပဲ။ Android 7.0 Nougat ကို ျပန္လည္ျပင္ဆင္ထားတဲ့ NFUI 7.0 user interface ကို အသံုးျပဳထားပါတယ္။

ဘာက ေရာင္းထြက္ေစမွာလဲလို႕ေမးရင္ ေသခ်ာပါတယ္။ Sony IMX386 12MP ကင္မရာႏွစ္လံုးေၾကာင့္ ျဖစ္ပါလိမ့္မယ္။ အေနာက္ဘက္မွာတပ္ဆင္ထားတဲ့ပံုစံအရ Huawei P10 နဲ႕ ဆင္တူျပီးေတာ့ LED flash ႏွစ္လံုးနဲ႕ fingerprint scanner ေတြကိုပါ တစ္ပါတည္းေတြ႕ျမင္ရမွာပါ။ ကင္မရာဟာ bokeh affect ရုိက္ကူးႏုိင္မွာဆိုေတာ့ ဒီေန႕ေခတ္လူငယ္ေတြအၾကိဳက္ပဲေပါ့။ အလင္းအားမ်ားမ်ား၊ color spectrum က်ယ္က်ယ္၊ multi-frame noise ေလွ်ာ့ခ်မႈေတြကိုလည္း ခံစားရဦးမွာပါ။

Neffos N1 ကေတာ့ မေလးရွားမွာ ရႏုိင္မွာျဖစ္ျပီးေတာ့ ေဒၚလာ၂၈၀(၃သိန္း၇ေသာင္း) ျဖစ္ပါတယ္။ ပထမဆံုးအေယာက္၃၀ထဲမွာ ပါသြားမယ္ဆိုုရင္ေတာ့ ႏွစ္ႏွစ္အာမခံနဲ႕ USB hub ဒါမွမဟုတ္ car charger ကို လက္ေဆာင္ရရွိမွာပါ။

Unicode Version

TP-Link ဆိုတာနဲ့ ဘာကိုပြေးမြင်မိပါသလဲ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူအများစုကတော့ သူ့ရဲ့ network solution ဝန်ဆောင်မှုကို ပြေးမြင်မိမှာပါ။ ဒါပေမယ့်သူ့မှာ အခြားသော device တွေလည်း ရှိပါတယ်။ အခုဆိုရင်တော့ ပထမဆုံးသော ကင်မရာနှစ်လုံးပါဝင်တဲ့ Neffos N1 ကို ထုတ်လုပ်လိုက်ပါပြီ။ 12MP ကင်မရာနှစ်လုံးပါဝင်တဲ့အပြင် ကျန်တဲ့အချက်အလက်တွေကတော့ mid-range ဖြစ်တဲ့အတွက် ဈေးနှုန်းကိုလည်း flagship တွေထက် သက်သာလိမ့်မယ်လို့ မှန်းထားပါတယ်။ အခုအချိန်မှာ မလေးရှားမှာသာ ရနိုင်ဦးမှာပါ။ အာရှမှာလည်း ရောက်လာမလားဆိုတာ ကြေညာထားခြင်း မရှိသေးပါဘူး။

Neffos N1 မှာ ၅.၅လက်မ IPS LCD ၊ Full HD resolution ၊ Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ထားပါတယ်။ Helios P25 chipset ကို octa-core CPU နဲ့ တွဲဖက်ထားပြီးတော့ 2.5GHz အထိ လုပ်ဆောင်နိုင်ပါတယ်။ GPU ကတော့ Mali-T880 ကို အသုံးပြုထားပါတယ်။ 4GB RAM ၊ 64GB သိုလှောင်မှုဆိုတော့ မိုက်ပါတယ်။ မမ်မိုရီအတွက် မပူပါနဲ့ micro-SD card စိုက်လို့ရတယ်။ 3,260 mAh ဘတ်ထရီနဲ့ အားအမြန်သွင်းစနစ်ကလည်း ကျေနပ်စရာပါပဲ။ Android 7.0 Nougat ကို ပြန်လည်ပြင်ဆင်ထားတဲ့ NFUI 7.0 user interface ကို အသုံးပြုထားပါတယ်။
ဘာက ရောင်းထွက်စေမှာလဲလို့မေးရင် သေချာပါတယ်။ Sony IMX386 12MP ကင်မရာနှစ်လုံးကြောင့် ဖြစ်ပါလိမ့်မယ်။ အနောက်ဘက်မှာတပ်ဆင်ထားတဲ့ပုံစံအရ Huawei P10 နဲ့ ဆင်တူပြီးတော့ LED flash နှစ်လုံးနဲ့ fingerprint scanner တွေကိုပါ တစ်ပါတည်းတွေ့မြင်ရမှာပါ။ ကင်မရာဟာ bokeh affect ရိုက်ကူးနိုင်မှာဆိုတော့ ဒီနေ့ခေတ်လူငယ်တွေအကြိုက်ပဲပေါ့။ အလင်းအားများများ၊ color spectrum ကျယ်ကျယ်၊ multi-frame noise လျှော့ချမှုတွေကိုလည်း ခံစားရဦးမှာပါ။

Neffos N1 ကတော့ မလေးရှားမှာ ရနိုင်မှာဖြစ်ပြီးတော့ ဒေါ်လာ၂၈၀(၃သိန်း၇သောင်း) ဖြစ်ပါတယ်။ ပထမဆုံးအယောက်၃၀ထဲမှာ ပါသွားမယ်ဆိုုရင်တော့ နှစ်နှစ်အာမခံနဲ့ USB hub ဒါမှမဟုတ် car charger ကို လက်ဆောင်ရရှိမှာပါ။

Aung Phyo Oo (Myanmar Mobile Ap)