Official launch မတုိင္ခင္ထြက္ရွိလာတဲ့ Meizu E3 ရဲ႕ အေသးစိတ္အခ်က္အလက္မ်ား

0
409

Zawgyi Version

Meizu 15 Plus ျပီးကတည္းက Meizu ေပ်ာက္သြားလိုက္တာ သတင္းအစအနေတာင္မၾကားရေတာ့ပါဘူး။ တရုတ္ႏုိင္ငံမွာပြဲထြက္မယ့္ 18:9 edge-to-edge display ၊ Exynos chipsetပါ၀င္တဲ့ Meizu M6s ဟာလည္း ပြဲေန႕မတုိင္ခင္မွာ ပံုေတြနဲ႕ အခ်က္အလက္ေတြ ေပါက္ၾကားခဲ့ပါတယ္။ သတင္းေတြမထြက္ဘူးလို႕သာဆိုရတယ္။ Meizu Pro 7 Plus ကိုလည္း DxOMark Mobile ေပၚမွာ စမ္းထားျပီးပါျပီ။ လာမယ့္ Meizu E3 ကေတာ့ မတ္လ၂၁ရက္ေန႕မွာ launch လုပ္မယ္လို႕ ခန္႕မွန္းထားခဲ့ပါတယ္။ Xiaomi Redmi Note 5 ကို တုိက္ရိုက္ယွဥ္ျပိဳင္မယ့္အလံုးလည္း ျဖစ္ပါတယ္။

Meizu E3 ကေတာ့ ေဒၚလာ၂၃၇(၃သိန္းနီးပါး) ျဖစ္ျပီး 4GB RAM ၊ 32GB သိုေလွာင္မႈေတြကို ရရွိမွာျဖစ္ပါတယ္။ ျမန္ႏႈန္းျမင့္ကိုၾကိဳက္ႏွစ္သက္သူေတြအတြက္ကေတာ့ 6GB RAM နဲ႕ 128GB သိုေလွာင္မႈရွိတဲ့ ေမာ္ဒယ္လ္ကိုလည္း ေရြးခ်ယ္ႏုိင္ပါေသးတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၃၁၅(၄သိန္းနီးပါး) ျဖစ္ပါတယ္။ 5.9-inch screen ၊ 18:9 aspect ratio ၊ 2160 x 1080 pixel resolution ၊ full metal design ၊ အေနာက္ကင္မရာႏွစ္လံုးကို ေဒါင္လိုက္တပ္ဆင္ထားျခင္း၊ Snapdragon 636 processor ၊ a 3000mAh ဘတ္ထရီ ၊ 20W အားအျမန္သြင္းနည္းပညာေတြ ပါ၀င္မယ္လို႕ သိရပါတယ္။

Meizu E3 ကေတာ့ ေဖေဖာ္၀ါရီအေစာပိုင္းက ထြက္ရွိထားတဲ့ Xiaomi Redmi Note 5 နဲ႕ ျပိဳင္ဆိုင္မွာ ျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ဟာ mid-range အမ်ိဳးအစားေတြျဖစ္တဲ့အတြက္ေၾကာင့္ ေရာင္းခ်မႈအပိိုင္းမွာ ဘယ္သူကအားသာသြားမလဲဆိုတာကို ရင္ခုန္စြာနဲ႕ ေစာင့္ၾကည့္ရမွာပါ။

Unicode Version

Meizu 15 Plus ပြီးကတည်းက Meizu ပျောက်သွားလိုက်တာ သတင်းအစအနတောင်မကြားရတော့ပါဘူး။ တရုတ်နိုင်ငံမှာပွဲထွက်မယ့် 18:9 edge-to-edge display ၊ Exynos chipsetပါဝင်တဲ့ Meizu M6s ဟာလည်း ပွဲနေ့မတိုင်ခင်မှာ ပုံတွေနဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပါတယ်။ သတင်းတွေမထွက်ဘူးလို့သာဆိုရတယ်။ Meizu Pro 7 Plus ကိုလည်း DxOMark Mobile ပေါ်မှာ စမ်းထားပြီးပါပြီ။ လာမယ့် Meizu E3 ကတော့ မတ်လ၂၁ရက်နေ့မှာ launch လုပ်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ Xiaomi Redmi Note 5 ကို တိုက်ရိုက်ယှဉ်ပြိုင်မယ့်အလုံးလည်း ဖြစ်ပါတယ်။

Meizu E3 ကတော့ ဒေါ်လာ၂၃၇(၃သိန်းနီးပါး) ဖြစ်ပြီး 4GB RAM ၊ 32GB သိုလှောင်မှုတွေကို ရရှိမှာဖြစ်ပါတယ်။ မြန်နှုန်းမြင့်ကိုကြိုက်နှစ်သက်သူတွေအတွက်ကတော့ 6GB RAM နဲ့ 128GB သိုလှောင်မှုရှိတဲ့ မော်ဒယ်လ်ကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၃၁၅(၄သိန်းနီးပါး) ဖြစ်ပါတယ်။ 5.9-inch screen ၊ 18:9 aspect ratio ၊ 2160 x 1080 pixel resolution ၊ full metal design ၊ အနောက်ကင်မရာနှစ်လုံးကို ဒေါင်လိုက်တပ်ဆင်ထားခြင်း၊ Snapdragon 636 processor ၊ a 3000mAh ဘတ်ထရီ ၊ 20W အားအမြန်သွင်းနည်းပညာတွေ ပါဝင်မယ်လို့ သိရပါတယ်။

Meizu E3 ကတော့ ဖေဖော်ဝါရီအစောပိုင်းက ထွက်ရှိထားတဲ့ Xiaomi Redmi Note 5 နဲ့ ပြိုင်ဆိုင်မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ mid-range အမျိုးအစားတွေဖြစ်တဲ့အတွက်ကြောင့် ရောင်းချမှုအပိုင်းမှာ ဘယ်သူကအားသာသွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါ။

Aung Phyo Oo (Myanmar Mobile App)