Geekbench ပေါ်မှာတွေ့မြင်ရတဲ့ Vivo X21 UD ရဲ့ feature များ
0
400
Zawgyi Version
Unicode Version
Vivo V9 အပြင် မျက်နှာပြင်အောက်က fingerprint sensor ပါတဲ့ဖုန်းတစ်လုံးကို Vivo လုပ်ဆောင်နေတယ်ဆိုတာလည်း ကျွန်တော်တို့ သိထားပြီးသားပါ။ ဇန်နဝါရီလမှာမိတ်ဆက်ခဲ့တဲ့ Vivo X20 Plus UD ကတော့ Vivo X21 UD အဖြစ်နဲ့ တွေ့မြင်ရဦးမယ်လို့ မှန်းထားပါတယ်။
ကြေညာထားတာမျိုးတော့ မရှိသေးပေမယ့်လည်း benchmark ဆိုက်မှာ ပေါ်လာခဲ့ပါတယ်။ Geekbench ရဲ့ ဖော်ပြချက်အရ Qualcomm Snapdragon 660 processor ၊ in-glass fingerprint reader ၊ Android 8.1 Oreo တို့ကို ပါဝင်မယ်ဆိုတာ သိရပါတယ်။
Vivo X20 Plus UD ရဲ့နောက်ကနေ လိုက်လာတာကတော့ Vivo X21 Plus UD ဖြစ်ပါတယ်။ မျက်နှာပြင်အောက်က scanner ပါတဲ့ Vivo X20 Plus ကတော့ မနှစ်က စက်တင်ဘာလမှာ launch လုုပ်ခဲ့တာပါ။ ဒီတော့ နောက်ထပ်တစ်လုံးထွက်ဖို့ စောလွန်းနေသေးတယ်မလား။ Vivo ရဲ့ X21 UD ကတော့ APEX feature တွေပါမယ်လို့ မျှော်လင့်ထားလို့မရပါဘူး။ Snapdragon 660 processor ကတော့ ဒီနည်းပညာကိုထောက်ပံ့ပေးနိုင်ဖို့တော့ လုံလောက်ပါတယ်။ concept အဆင့်သာရှိသေးတာမို့ Vivo ဟာ အဲဒီစိတ်ကူးတွေကို လက်တွေ့ဖြစ်အောင်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Snapdragon 660 chipset တွေဟာ mid-range smartphone အဖြစ်နဲ့တွေ့မြင်ရလေ့ရှိပါတယ်။ ဒါပေမယ့် 4GB RAM အစား 6GB RAM ကို ပြောင်းလဲအသုံးပြုမှာလားဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။
Aung Phyo Oo (Myanmar Mobile App)