ဥရောပကိုအရင်ရောက်ပြီး အခြားနေရာတွေပါရနိုင်တော့မယ့် Xiaomi Redmi Note 5 Pro
0
507
Zawgyi Version
Unicode Version
Xiaomi ဟာ Redmi Note 5 Pro ကို Redmi Note 5 နဲ့အတူ ပြီးခဲ့တဲ့လက အိန္ဒိယမှာ ထုတ်ပေးခဲ့ပါတယ်။ Redmi Note 5 Pro ကတော့ တရုတ်၊ အိန္ဒိယကိုသာမက အခြားနေရာတွေကိုပါ ရောင်းချသွားမှာဖြစ်ပါတယ်။ ဥရောပကို 32GB/ 64GB သိုလှောင်မှုနဲ့ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၂၈၃/ဒေါ်လာ၃၃၂(၃သိန်း၇သောင်း၊၄သိန်း၄သောင်း) ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီသတင်းကောင်းကို မျှဝေပေးတဲ့သူကတော့ Roland Quandt ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေနဲ့ feature ပိုင်းကိုပြောရမယ်ဆိုရင် Xiaomi Redmi Note 5 Pro ဟာ ၅.၉၉လက်မမျက်နှာမြင်၊ 1080 x 2160 pixel resolution ၊ 18:9 aspect ratio ၊ LED light နဲ့အတူ 20MP ဆယ်လ်ဖီကင်မရာ၊ 12 MP Sony IMX 486 sensor + 5MP color sensor၊ Snapdragon 636 processor တို့လည်း ပါဝင်ပါတယ်။ 4000mAh နဲ့အတူ Android 7.1.2 Nougat OS ကို တန်းပြီးအသုံးပြုနိုင်မှာပါ။ အရောင်တွေကတော့ Black ၊ Rose Gold ၊ Champagne Gold ၊ Lake Blue တို့ဖြစ်ပါတယ်။
Redmi ဖုန်းအသစ်တွေကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ Redmi Note 5 ၊ Note 5 Pro ၊ Redmi 5 Plus တို့ဖြစ်ပါတယ်။ ကြည့်လိုက်မယ်ဆိုရင်တော့ တူသယောင်ယောင်ရှိပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကတော့ သိသာထင်ရှားပါတယ်။ မျက်နှာပြင်အရွယ်အစားနဲ့ 18:9 display တို့ကို တူညီစွာအသုံးပြုထားပေမယ့်လည်း အထဲကအချက်အလက်တွေကတော့ ကွဲပြားပါတယ်။
Aung Phyo Oo (Myanmar Mobile App)