ယူအက္စ္နဲ႕ဖြံ႕ျဖိဳးျပီးႏုိင္ငံေတြမွာ စတင္အသံုးျပဳႏုိင္ျပီျဖစ္တဲ့ Facebook Lite

0
430

Zawgyi Version

Facebook ရဲ႕ ေပါ့ေပါ့ပါးပါးဗားရွင္းကိုေတာ့ Facebook Lite လို႕ေခၚပါတယ္။ စစခ်င္းတုန္းကေတာ့ အင္တာနက္ျမန္ျမန္ဆန္ဆန္ မရႏုိင္ေသးတဲ့ ဖြံ႕ျဖိဳးဆဲတုိင္းျပည္ေတြအတြက္ ထုတ္လုပ္ေပးခဲ့တာျဖစ္ျပီး မမ္မိုရီနည္းနည္း၊ သိုေလွာင္မႈသက္သာစြာနဲ႕ အသံုးျပဳႏုိင္ေအာင္ လုပ္ေဆာင္ေပးထားတာပါ။ ဒါေပမယ့္ အဲဒီ app ေလးဟာ ဖြံ႕ျဖိဳးျပီးႏုိင္ငံေတြမွာလည္း လူၾကိဳက္မ်ားတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ သူတို႕ဆီမွာလည္း ထုတ္ေပးဖို႕ေတာင္းဆိုခံရပါတယ္။ အခုဆိုရင္ေတာ့ Facebook Lite ဟာ ယူအက္စ္နဲ႕ အျခားဖြံ႕ျဖိဳးျပီးႏုိင္ငံေတြျဖစ္တဲ့ ကေနဒါ၊ ဥေရာပ၊ ၾသစေတးလ်၊ နယူးဇီလန္ေတြမွာ ရႏုိင္ေတာ့မွာပါ။

Facebook app ကေတာ့ မမ္မိုရီစားျခင္း၊ သိုေလွာင္မႈအမ်ားအျပားလိုအပ္ျခင္း၊ data စားျခင္းေတြေၾကာင့္ နာမည္ဆိုးနဲ႕ေက်ာ္ၾကားပါတယ္။ Lite ဗားရွင္းကို အရင္ကတည္းကရေနတဲ့သူေတြကေတာ့ မထူးဆန္းပါဘူး။ ေပါ့ေပါ့ပါးပါးဗားရွင္းကေတာ့ Android ဗားရွင္းအေဟာင္းေတြ၊ ဖုန္းအေဟာင္းေတြမွာ အသံုးျပဳႏုိင္ေစဖို႕အတြက္ လုပ္ေဆာင္ထားသလိုမ်ိဳးပဲ data ကိုလည္း ေခၽြတာသံုးစြဲႏုိင္ေစမွာပါ။

စစခ်င္းထြက္ရွိခဲ့တာကေတာ့ အိႏၵိယႏုိင္ငံျဖစ္ျပီးေတာ့ ေနာက္ပိုင္းမွာ အာရွ၊ အာဖရိက၊ ဥေရာပေတြမွာလည္း ထြက္ရွိခဲ့ပါတယ္။ ေနာက္ပိုင္းေတြကေတာ့ official မရတဲ့အတြက္ေၾကာင့္ APK တင္ေပးတဲ့သူေတြဆီက ေဒါင္းလုတ္ဆြဲၾကရပါတယ္။ ဒီနည္းလမ္းက စိတ္ခ်ရျခင္းမရွိပါဘူး။ အခုဆိုရင္ေတာ့ ကေနဒါ၊ ဥေရာပ၊ ၾသစေတးလ်၊ နယူးဇီလန္ေတြမွာ Google Play Store ကေန ေဒါင္းလုတ္ဆြဲယူႏုိင္ပါျပီ။

အင္တာနက္ေႏွးျပီးေတာ့ low-end device ေတြအသံုးမ်ားတဲ့ ႏုိင္ငံေတြမွာလည္း ဒီလို Lite ဗားရွင္းေတြကို ထုတ္လုပ္ေပးေတာ့မွာပါ။ Facebook ရဲ႕ လုပ္ေဆာင္ခ်က္ကေတာ့ Lite ဗားရွင္းရဲ႕ အေရးပါပံုကို မီးေမာင္းထိုးျပလိုက္သလိုပါပဲ။

Unicode Version

Facebook ရဲ့ ပေါ့ပေါ့ပါးပါးဗားရှင်းကိုတော့ Facebook Lite လို့ခေါ်ပါတယ်။ စစချင်းတုန်းကတော့ အင်တာနက်မြန်မြန်ဆန်ဆန် မရနိုင်သေးတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအတွက် ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး မမ်မိုရီနည်းနည်း၊ သိုလှောင်မှုသက်သာစွာနဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားတာပါ။ ဒါပေမယ့် အဲဒီ app လေးဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း လူကြိုက်များတာကိုတွေ့ရပါတယ်။ ဒါကြောင့် သူတို့ဆီမှာလည်း ထုတ်ပေးဖို့တောင်းဆိုခံရပါတယ်။ အခုဆိုရင်တော့ Facebook Lite ဟာ ယူအက်စ်နဲ့ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ဥရောပ၊ သြစတေးလျ၊ နယူးဇီလန်တွေမှာ ရနိုင်တော့မှာပါ။

Facebook app ကတော့ မမ်မိုရီစားခြင်း၊ သိုလှောင်မှုအများအပြားလိုအပ်ခြင်း၊ data စားခြင်းတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ Lite ဗားရှင်းကို အရင်ကတည်းကရနေတဲ့သူတွေကတော့ မထူးဆန်းပါဘူး။ ပေါ့ပေါ့ပါးပါးဗားရှင်းကတော့ Android ဗားရှင်းအဟောင်းတွေ၊ ဖုန်းအဟောင်းတွေမှာ အသုံးပြုနိုင်စေဖို့အတွက် လုပ်ဆောင်ထားသလိုမျိုးပဲ data ကိုလည်း ချွေတာသုံးစွဲနိုင်စေမှာပါ။

စစချင်းထွက်ရှိခဲ့တာကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီးတော့ နောက်ပိုင်းမှာ အာရှ၊ အာဖရိက၊ ဥရောပတွေမှာလည်း ထွက်ရှိခဲ့ပါတယ်။ နောက်ပိုင်းတွေကတော့ official မရတဲ့အတွက်ကြောင့် APK တင်ပေးတဲ့သူတွေဆီက ဒေါင်းလုတ်ဆွဲကြရပါတယ်။ ဒီနည်းလမ်းက စိတ်ချရခြင်းမရှိပါဘူး။ အခုဆိုရင်တော့ ကနေဒါ၊ ဥရောပ၊ သြစတေးလျ၊ နယူးဇီလန်တွေမှာ Google Play Store ကနေ ဒေါင်းလုတ်ဆွဲယူနိုင်ပါပြီ။
အင်တာနက်နှေးပြီးတော့ low-end device တွေအသုံးများတဲ့ နိုင်ငံတွေမှာလည်း ဒီလို Lite ဗားရှင်းတွေကို ထုတ်လုပ်ပေးတော့မှာပါ။ Facebook ရဲ့ လုပ်ဆောင်ချက်ကတော့ Lite ဗားရှင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

Aung Phyo Oo (Myanmar Mobile App)