JBL Pulse 3 Review

0
519

Zawgyi

အသံထြက္လန္းတဲ့ ပါတီစပီကာ

JBL ကေတာ့ Bluetooth စပီကာေလာကမွာ သူ႕ရဲ႕ အသံအရည္အေသြး၊ ေရြးခ်ယ္ႏုိင္တဲ့စပီကာမ်ိဳးစံုတုိ႕ေၾကာင့္ ဦးေဆာင္သူတစ္ေယာက္ျဖစ္ေနပါတယ္။

JBL ရဲ႕ ၀က္ဘ္ဆုိက္ကိုသြားၾကည့္လုိက္မယ္ဆိုရင္ သင္ေရြးခ်ယ္ႏုိင္တဲ့ Bluetooth စပီကာအမ်ိဳးအစား ၁၀ခုေလာက္ရွိပါတယ္။ ေရြးရတာခက္မယ့္အေနအထားမွာ ရွိေနတယ္ဆိုေပမယ့္လည္း သင့္ရဲ႕လိုအပ္ခ်က္နဲ႕ ကိုက္ညီေအာင္ထုတ္ထားတဲ့ လွ်ိဳ႕၀ွက္ခ်က္ေလးေတြကို ျမင္ေအာင္ၾကည့္ဖို႕လိုပါတယ္။

ultra-portable စပီကာကို လိုခ်င္တယ္ဆိုရင္ေတာ့ JBL Clip 2 ေလးကို ၀ယ္ယူသင့္ပါတယ္။ bass သံၾကီးၾကီးကို လိုခ်င္ရင္ေတာ့ JBL Charge 3 က အဆင္ေျပေစမွာပါ။

က်ယ္ေလာင္ရမယ္။ အသံထြက္လည္းေကာင္းရမယ္။ light show ေလးေတြကိုလည္း ကစားခ်င္ေသးတယ္ဆိုရင္ေတာ့ ဘယ္ဟာကိုေရြးသင့္သလဲ။ သင့္လိုအပ္ခ်က္နဲ႕ ကိုက္ညီမယ့္စပီကာေလးကေတာ့ JBL Pulse 3 ျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္ေလာက္ကစျပီးေတာ့ Pulse ဟာ စပီကာေတြကိုထုတ္လုပ္ခဲ့တာပါ။ တတိယမ်ိဳးဆက္စပီကာေလးကေတာ့ လံုး၀ကို ေတာက္ပလြန္းပါတယ္။ JBL ဟာ အသံအရည္အေသြးကို ပိုေကာင္းေအာင္၊ ၾကာရွည္ခံေအာင္၊ chaining နဲ႕ stereo mode လိုမ်ိဳး feature ေတြကိုလည္း ေပးစြမ္းထားပါတယ္။

အလင္းေလးေတြကစားတဲ့ပံုကေတာ့ လူေတြကို စိတ္ပါေအာင္ဆြဲေဆာင္ေနပါတယ္။ ဒါေပမယ့္ ဒါေပမယ့္ pool-side စပီကာအျဖစ္အသံုးျပဳဖို႕အတြက္ကေတာ့ အားကအဲဒီေလာက္မခံႏုိင္ပါဘူး။

ဒီဇုိင္း

No automatic alt text available.

JBL Pulse 3 ဟာ IPX7 အသိအမွတ္ျပဳ ေရစိုခံပါတယ္။ ဒါေၾကာင့္ ေရေအာက္၁မီတာအနက္အထိ အသံုးျပဳႏုိင္ပါတယ္။ စပီကာရဲ႕ကိုယ္ထည္ဟာ ေခ်ာေမြ႕တဲ့ပလတ္စတစ္နဲ႕ ဖမ္းစားထားျပီးေတာ့ ေခါက္ၾကည့္လုိက္ရင္လည္း ဖန္သားလို႕ထင္ရပါတယ္။ built-in LED ေလးေတြနဲ႕ အလင္းေလးေတြကို ထုတ္ေပးပါတယ္။ Pulse 3 က JBL Charge 3 နဲ႕ ဆင္တူျပီးေတာ့ ျခံဳၾကည့္ရမယ္ဆိုရင္ေတာ့ ပိုၾကီးမား ပိုအားေကာင္းတာကိုေတြ႕ရပါတယ္။

စပီကာရဲ႕အေပၚနဲ႕ေအာက္မွာ ၾကီးမားတဲ့ bass radiator ေလးေတြကို သတိျပဳမိမွာပါ။ radiator ေတြကို ထိခိုက္မိမွာစိုးလို႕ မထိခ်င္ေလာက္ေပမယ့္လည္း သူတို႕တုန္ခါေနတာကိုၾကည့္ရတာကလည္း ေပ်ာ္စရာတစ္ခုလိုျဖစ္ေနပါတယ္။ သီခ်င္းပိုင္းကိုေျပာရမယ္ဆိုရင္ JBL Pulse 3 ဟာ 360-degree ဖြင့္ေပးႏုိင္ျပီးေတာ့ ဘယ္ေနရာေရာက္ေရာက္ ဒီခံစားမႈကိုပဲ ေပးစြမ္းနုိင္မွာပါ။ outdoor မွာ အသံုးျပဳမယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။

No automatic alt text available.

 

Pulse 3 ရဲ႕ ထိန္းခ်ဳပ္မႈအားလံုးဟာ အေနာက္ဘက္မွာ ရွိပါတယ္။ ပါ၀ါ၊ အသံ၊ Bluetooth pairing ၊ play/pause/voice assistant ၊ JBL Connect+ နဲ႕ light mode အတြက္ ခလုတ္တစ္ခုရွိပါတယ္။ light button ေလးကိုအခ်ိန္နည္းနည္းၾကာဖိထားမယ္ဆိုရင္ေတာ့ light show ကို ပိတ္ထားေပးမွာပါ။ ဒါဆိုရင္ ေပ်ာ္စရာဘယ္ေကာင္းေတာ့မလဲ။

Performance

စပီကာရဲ႕ လြယ္ကူတဲ့သဘာ၀အရ အသံအရည္အေသြးပိုင္းမွာ အရမ္းၾကီးေမွ်ာ္လင့္မထားပါဘူး။ ဒါေပမယ့္လည္း JBL Pulse 3 ဟာ အသံကို ဟန္ခ်က္ညီေအာင္လုပ္ေဆာင္ထားတာကိုေတြ႕ရေတာ့ အလြန္စိတ္ေက်နပ္မိသြားပါတယ္။ သူဟာ Sony SRS-XB40 ေလာက္ရွိလိမ့္မယ္လို႕ ေတြးမိႏုိင္ပါတယ္။ အရူးလုပ္မခံပါနဲ႕။ ဒီစပီကာက အရမ္းမိုက္ပါတယ္။

JBL Charge 3 ဟာ bass ကို အေလးေပးထားေပမယ့္လည္း JBL Pulse 3 ကေတာ့ ဟန္ခ်က္ညီေအာင္ ထိန္းေပးထားပါတယ္။ အျမင့္သံေတြက နည္းနည္းေလးပါးထားေပမယ့္လည္း တေယာလိုမ်ိဳး တူရိယာသံေတြကိုလည္း ေကာင္းေကာင္းတင္ဆက္ေပးႏုိင္ပါတယ္။

360-degree audio ကေတာ့ ပါတီလိုမ်ိဳး၊ ကမ္းေျခ၊ ေရကူးကန္ေဘးလိုေနရာေတြအတြက္ အသင့္ေတာ္ဆံုးပါပဲ။ အဲဒီေနရာမွာရွိတဲ့လူတုိင္းကို နားေထာင္ရတဲ့ခံစားမႈ ထပ္တူေပးႏုိင္ပါတယ္။ JBL Connect+ လုပ္ေဆာင္ႏုိင္စြမ္းရွိတဲ့ စပီကာေတြနဲ႕ ခ်ိတ္ဆက္ျပီးေတာ့ အသံက်ယ္က်ယ္ ဒါမွမဟုတ္ စတူရီယိုနဲ႕ နားေထာင္ႏုိင္ပါတယ္။ ၾကားခ်င္မွာမဟုတ္တဲ့စကားကိုေတာ့ ေျပာရပါဦးမယ္။ Connect+ လိုအပ္တဲ့အတြက္ေၾကာင့္ အဲဒီ feature မပါ၀င္ဘဲ့ JBL စပီကာေတြနဲ႕ေတာ့ ခ်ိတ္လို႕မရပါဘူး။

ဘတ္ထရီသက္တမ္းကေတာ့ အလင္းဖြင့္ထားမယ္ဆိုုရင္ ၁၂နာရီေလာက္ခံျပီးေတာ့ အျခားေသာစပီကာေတြနဲ႕ယွဥ္မယ္ဆုိရင္ သက္တမ္းတိုေနတာပါ။ ဥပမာ။ UE Boom 2 က ၁၅နာရီ၊ JBL ရဲ႕ Charge 3 ကေတာ့ ၂၄နာရီခံပါတယ္။

Image may contain: phone and screen

အလင္းပိတ္ထားမယ္ဆုိရင္ေတာ့ ဘတ္ထရီၾကာရွည္ခံႏုိင္ေလာက္မယ္ဆိုေပမယ့္လည္း သံုးတဲ့သူေတြက အလင္းပိတ္သံုးခ်င္မွေတာ့ ဒီေကာင့္ကို မ၀ယ္ေလာက္ေတာ့ပါဘူး။ ဆိုေတာ့ အလင္းဖြင့္ထားမယ္ဆိုရင္ အားသြင္းၾကိဳးပါတစ္ပါတည္းယူသြားဖို႕ လိုလိမ့္မယ္။

ဆံုးျဖတ္ခ်က္ၾကည့္မယ္

JBL Pulse 3 ကေတာ့ အံ့ၾသစရာပါပဲ။ light show က စြဲမက္စရာတစ္ခုျဖစ္ျပီးေတာ့ Pulse 3 ဟာ အသံပိုင္းဆုိင္ရာမွာလည္း ဟန္ခ်က္ထိန္းညွိထားပါတယ္။ Bass သံေတြကလည္း မိုက္ပါတယ္။ တကယ္လို႕ အသံပိုင္းဆုိင္ရာေတြ ဘာမွနားမလည္ဘူးဆိုရင္ေတာင္ စပီကာဟာ အသံက်ယ္ျပီးေတာ့ မိုက္တယ္လို႕ ေျပာခ်င္ပါတယ္။

Sony SRS-XB40 နဲ႕ယွဥ္လိုက္မယ္ဆိုရင္ light show ေပးႏုိင္တဲ့စပီကာေလးျဖစ္ျပီးေတာ့ JBL ဟာ ၀ယ္သင့္တဲ့စပီကာတစ္လံုးျဖစ္ပါတယ္။ Sony ကေတာ့ genre ေတြအားလံုးမွာ bass-heavy ျဖစ္လြန္းေနပါတယ္။ waterproof မဟုတ္ဘဲ splashproof ျဖစ္ပါတယ္။ Sony စပီကာကေတာ့ ပိုၾကီးမားတဲ့အတြက္ သင့္ေတာ္တဲ့အားသြင္းၾကိဳးလိုအပ္ပါတယ္။

အသံထြက္ေကာင္းတဲ့ Bluetooth စပီကာ၊ ေရစိုခံလည္းျဖစ္တာကိုလိုခ်င္ရင္ေတာ့ JBL Pulse 3 က ၀ယ္သင့္တဲ့ စပီကာတစ္လံုးလို႕ ေျပာလိုက္ပါရေစ။

JBL စပီကာေလးကို ၾကိဳက္တယ္ဆိုရင္ေတာ့ ဘယ္မွာသြား၀ယ္ရမလဲဆိုတာ ေသာကေရာက္မေနပါနဲ႕။ ခ်စ္မိတ္ေဆြတို႕အတြက္ ကၽြန္ေတာ္တို႕ MMASမွာ JBL Pulse 3 ကို ေရာင္းခ်ေပးေနပါျပီ။ ေစ်းႏႈန္းကေတာ့ ၂သိန္း၇ေသာင္းျဖစ္ပါတယ္။ အလံုးေရအကန္႕အသတ္ရွိတာမို႕ ျမန္ျမန္၀ယ္မွ စိတ္ခ်ရမယ္ေနာ္။

ေၾသာ္ ေမ့လို႕။ နယ္သမားေတြအတြက္လည္း ကားဂိတ္အေရာက္ပို႕ေပးတဲ့ အစီအစဥ္ရွိပါတယ္။ ဘာေတြစဥ္းစားေနဦးမွာလဲ။ ဒီေန႕ပဲဆိုင္ကိုလာလိုက္ေတာ့။ အသံုးျပဳနည္းေတြအကုန္လံုးကို စိတ္ရွည္လက္ရွည္နဲ႕ရွင္းျပေပးဖို႕ ကၽြန္ေတာ္တို႕က တာ၀န္ယူပါတယ္။

Unicode

အသံထွက်လန်းတဲ့ ပါတီစပီကာ

JBL ကတော့ Bluetooth စပီကာလောကမှာ သူ့ရဲ့ အသံအရည်အသွေး၊ ရွေးချယ်နိုင်တဲ့စပီကာမျိုးစုံတို့ကြောင့် ဦးဆောင်သူတစ်ယောက်ဖြစ်နေပါတယ်။

JBL ရဲ့ ဝက်ဘ်ဆိုက်ကိုသွားကြည့်လိုက်မယ်ဆိုရင် သင်ရွေးချယ်နိုင်တဲ့ Bluetooth စပီကာအမျိုးအစား ၁၀ခုလောက်ရှိပါတယ်။ ရွေးရတာခက်မယ့်အနေအထားမှာ ရှိနေတယ်ဆိုပေမယ့်လည်း သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီအောင်ထုတ်ထားတဲ့ လျှို့ဝှက်ချက်လေးတွေကို မြင်အောင်ကြည့်ဖို့လိုပါတယ်။

ultra-portable စပီကာကို လိုချင်တယ်ဆိုရင်တော့ JBL Clip 2 လေးကို ဝယ်ယူသင့်ပါတယ်။ bass သံကြီးကြီးကို လိုချင်ရင်တော့ JBL Charge 3 က အဆင်ပြေစေမှာပါ။

ကျယ်လောင်ရမယ်။ အသံထွက်လည်းကောင်းရမယ်။ light show လေးတွေကိုလည်း ကစားချင်သေးတယ်ဆိုရင်တော့ ဘယ်ဟာကိုရွေးသင့်သလဲ။ သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့်စပီကာလေးကတော့ JBL Pulse 3 ဖြစ်ပါတယ်။

၂၀၁၄ခုနှစ်လောက်ကစပြီးတော့ Pulse ဟာ စပီကာတွေကိုထုတ်လုပ်ခဲ့တာပါ။ တတိယမျိုးဆက်စပီကာလေးကတော့ လုံးဝကို တောက်ပလွန်းပါတယ်။ JBL ဟာ အသံအရည်အသွေးကို ပိုကောင်းအောင်၊ ကြာရှည်ခံအောင်၊ chaining နဲ့ stereo mode လိုမျိုး feature တွေကိုလည်း ပေးစွမ်းထားပါတယ်။

အလင်းလေးတွေကစားတဲ့ပုံကတော့ လူတွေကို စိတ်ပါအောင်ဆွဲဆောင်နေပါတယ်။ ဒါပေမယ့် ဒါပေမယ့် pool-side စပီကာအဖြစ်အသုံးပြုဖို့အတွက်ကတော့ အားကအဲဒီလောက်မခံနိုင်ပါဘူး။

ဒီဇိုင်း

JBL Pulse 3 ဟာ IPX7 အသိအမှတ်ပြု ရေစိုခံပါတယ်။ ဒါကြောင့် ရေအောက်၁မီတာအနက်အထိ အသုံးပြုနိုင်ပါတယ်။ စပီကာရဲ့ကိုယ်ထည်ဟာ ချောမွေ့တဲ့ပလတ်စတစ်နဲ့ ဖမ်းစားထားပြီးတော့ ခေါက်ကြည့်လိုက်ရင်လည်း ဖန်သားလို့ထင်ရပါတယ်။ built-in LED လေးတွေနဲ့ အလင်းလေးတွေကို ထုတ်ပေးပါတယ်။ Pulse 3 က JBL Charge 3 နဲ့ ဆင်တူပြီးတော့ ခြုံကြည့်ရမယ်ဆိုရင်တော့ ပိုကြီးမား ပိုအားကောင်းတာကိုတွေ့ရပါတယ်။

စပီကာရဲ့အပေါ်နဲ့အောက်မှာ ကြီးမားတဲ့ bass radiator လေးတွေကို သတိပြုမိမှာပါ။ radiator တွေကို ထိခိုက်မိမှာစိုးလို့ မထိချင်လောက်ပေမယ့်လည်း သူတို့တုန်ခါနေတာကိုကြည့်ရတာကလည်း ပျော်စရာတစ်ခုလိုဖြစ်နေပါတယ်။ သီချင်းပိုင်းကိုပြောရမယ်ဆိုရင် JBL Pulse 3 ဟာ 360-degree ဖွင့်ပေးနိုင်ပြီးတော့ ဘယ်နေရာရောက်ရောက် ဒီခံစားမှုကိုပဲ ပေးစွမ်းနိုင်မှာပါ။ outdoor မှာ အသုံးပြုမယ်ဆိုရင်တော့ ကောင်းပါတယ်။

Pulse 3 ရဲ့ ထိန်းချုပ်မှုအားလုံးဟာ အနောက်ဘက်မှာ ရှိပါတယ်။ ပါဝါ၊ အသံ၊ Bluetooth pairing ၊ play/pause/voice assistant ၊ JBL Connect+ နဲ့ light mode အတွက် ခလုတ်တစ်ခုရှိပါတယ်။ light button လေးကိုအချိန်နည်းနည်းကြာဖိထားမယ်ဆိုရင်တော့ light show ကို ပိတ်ထားပေးမှာပါ။ ဒါဆိုရင် ပျော်စရာဘယ်ကောင်းတော့မလဲ။

Performance

စပီကာရဲ့ လွယ်ကူတဲ့သဘာဝအရ အသံအရည်အသွေးပိုင်းမှာ အရမ်းကြီးမျှော်လင့်မထားပါဘူး။ ဒါပေမယ့်လည်း JBL Pulse 3 ဟာ အသံကို ဟန်ချက်ညီအောင်လုပ်ဆောင်ထားတာကိုတွေ့ရတော့ အလွန်စိတ်ကျေနပ်မိသွားပါတယ်။ သူဟာ Sony SRS-XB40 လောက်ရှိလိမ့်မယ်လို့ တွေးမိနိုင်ပါတယ်။ အရူးလုပ်မခံပါနဲ့။ ဒီစပီကာက အရမ်းမိုက်ပါတယ်။

JBL Charge 3 ဟာ bass ကို အလေးပေးထားပေမယ့်လည်း JBL Pulse 3 ကတော့ ဟန်ချက်ညီအောင် ထိန်းပေးထားပါတယ်။ အမြင့်သံတွေက နည်းနည်းလေးပါးထားပေမယ့်လည်း တယောလိုမျိုး တူရိယာသံတွေကိုလည်း ကောင်းကောင်းတင်ဆက်ပေးနိုင်ပါတယ်။

360-degree audio ကတော့ ပါတီလိုမျိုး၊ ကမ်းခြေ၊ ရေကူးကန်ဘေးလိုနေရာတွေအတွက် အသင့်တော်ဆုံးပါပဲ။ အဲဒီနေရာမှာရှိတဲ့လူတိုင်းကို နားထောင်ရတဲ့ခံစားမှု ထပ်တူပေးနိုင်ပါတယ်။ JBL Connect+ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ စပီကာတွေနဲ့ ချိတ်ဆက်ပြီးတော့ အသံကျယ်ကျယ် ဒါမှမဟုတ် စတူရီယိုနဲ့ နားထောင်နိုင်ပါတယ်။ ကြားချင်မှာမဟုတ်တဲ့စကားကိုတော့ ပြောရပါဦးမယ်။ Connect+ လိုအပ်တဲ့အတွက်ကြောင့် အဲဒီ feature မပါဝင်ဘဲ့ JBL စပီကာတွေနဲ့တော့ ချိတ်လို့မရပါဘူး။

ဘတ်ထရီသက်တမ်းကတော့ အလင်းဖွင့်ထားမယ်ဆိုုရင် ၁၂နာရီလောက်ခံပြီးတော့ အခြားသောစပီကာတွေနဲ့ယှဉ်မယ်ဆိုရင် သက်တမ်းတိုနေတာပါ။ ဥပမာ။ UE Boom 2 က ၁၅နာရီ၊ JBL ရဲ့ Charge 3 ကတော့ ၂၄နာရီခံပါတယ်။

အလင်းပိတ်ထားမယ်ဆိုရင်တော့ ဘတ်ထရီကြာရှည်ခံနိုင်လောက်မယ်ဆိုပေမယ့်လည်း သုံးတဲ့သူတွေက အလင်းပိတ်သုံးချင်မှတော့ ဒီကောင့်ကို မဝယ်လောက်တော့ပါဘူး။ ဆိုတော့ အလင်းဖွင့်ထားမယ်ဆိုရင် အားသွင်းကြိုးပါတစ်ပါတည်းယူသွားဖို့ လိုလိမ့်မယ်။

ဆုံးဖြတ်ချက်ကြည့်မယ်

JBL Pulse 3 ကတော့ အံ့သြစရာပါပဲ။ light show က စွဲမက်စရာတစ်ခုဖြစ်ပြီးတော့ Pulse 3 ဟာ အသံပိုင်းဆိုင်ရာမှာလည်း ဟန်ချက်ထိန်းညှိထားပါတယ်။ Bass သံတွေကလည်း မိုက်ပါတယ်။ တကယ်လို့ အသံပိုင်းဆိုင်ရာတွေ ဘာမှနားမလည်ဘူးဆိုရင်တောင် စပီကာဟာ အသံကျယ်ပြီးတော့ မိုက်တယ်လို့ ပြောချင်ပါတယ်။

Sony SRS-XB40 နဲ့ယှဉ်လိုက်မယ်ဆိုရင် light show ပေးနိုင်တဲ့စပီကာလေးဖြစ်ပြီးတော့ JBL ဟာ ဝယ်သင့်တဲ့စပီကာတစ်လုံးဖြစ်ပါတယ်။ Sony ကတော့ genre တွေအားလုံးမှာ bass-heavy ဖြစ်လွန်းနေပါတယ်။ waterproof မဟုတ်ဘဲ splashproof ဖြစ်ပါတယ်။ Sony စပီကာကတော့ ပိုကြီးမားတဲ့အတွက် သင့်တော်တဲ့အားသွင်းကြိုးလိုအပ်ပါတယ်။

အသံထွက်ကောင်းတဲ့ Bluetooth စပီကာ၊ ရေစိုခံလည်းဖြစ်တာကိုလိုချင်ရင်တော့ JBL Pulse 3 က ဝယ်သင့်တဲ့ စပီကာတစ်လုံးလို့ ပြောလိုက်ပါရစေ။

JBL စပီကာလေးကို ကြိုက်တယ်ဆိုရင်တော့ ဘယ်မှာသွားဝယ်ရမလဲဆိုတာ သောကရောက်မနေပါနဲ့။ ချစ်မိတ်ဆွေတို့အတွက် ကျွန်တော်တို့ MMASမှာ JBL Pulse 3 ကို ရောင်းချပေးနေပါပြီ။ ဈေးနှုန်းကတော့ ၂သိန်း၇သောင်းဖြစ်ပါတယ်။ အလုံးရေအကန့်အသတ်ရှိတာမို့ မြန်မြန်ဝယ်မှ စိတ်ချရမယ်နော်။

သြော် မေ့လို့။ နယ်သမားတွေအတွက်လည်း ကားဂိတ်အရောက်ပို့ပေးတဲ့ အစီအစဉ်ရှိပါတယ်။ ဘာတွေစဉ်းစားနေဦးမှာလဲ။ ဒီနေ့ပဲဆိုင်ကိုလာလိုက်တော့။ အသုံးပြုနည်းတွေအကုန်လုံးကို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့ ကျွန်တော်တို့က တာဝန်ယူပါတယ်။

Aung Phyo Oo (Myanmar Mobile App)