ဖုန်း၊ တက်ဘလက်၊ ပီစီ အားလုံးကိုအစားထိုးမယ့် Vision X Concept

0
610

‘Vision X’ မှာ ချောမွေ့စွာအသုံးပြုနိုင်စေဖို့ ခွဲနိုင်တဲ့ စမတ်ဖုန်းပါဝင်

စမတ်ဖုန်းတွေဟာ ဒီနေ့ခေတ် လူနေမှုစတိုင်လ်ရဲ့ နေရာအနှံ့အပြားကို လွှမ်းမိုးထားနေပါတယ်။ ဒါကြောင့် ‘Vision X’ တက်ဘလက်ကတော့ ဒီဂျစ်တယ်ခံစားမှုကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီပစ္စည်းလေးကတော့ သင့်ရဲ့တက်ဘလက်၊ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပစ္စည်းတစ်မျိုးတည်းမှာ ပေါင်းစည်းပေးသွားမှာဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ တက်ဘလက်ကိုပေါင်းစည်းလိုက်ခြင်းအားဖြင့် လိုအပ်တဲ့အချိန်မှာ ထည့်သွင်းနိုင်တဲ့ကီးဘုတ်လေးတွေလည်း ပါဝင်လာမှာပါ။

‘Vision X’ တက်ဘလက်ကတော့ x86 Software တွေနဲ့ ထွက်ပေါ်လာမှာဖြစ်ပြီးတော့ Qualcomm ရဲ့ Snapdragon Platform ကို အသုံးပြုထားတဲ့အတွက်ကြောင့်မို့ သမရိုးကျ PC တွေလောက်နီးနီး စွမ်းဆောင်ရည်မြင့်မားမှာဖြစ်ပါတယ်။