iPhone စတိုင်လ် အဟိုက်လေးပါဝင်မယ့် OnePlus 6 နဲ့ Xiaomi Mi 7

0
559

iPhone စတိုင်လ် စမတ်ဖုန်းကိုကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မျက်နှာပြင်အပြည့်ရဖို့အတွက်ကတော့ ဒီနည်းလမ်းပဲရှိပါသေးတယ်။ ရုပ်ဆိုးတာတွေဘာတွေ ဘေးဖယ်ထားလိုက်ပါ။ Galaxy S9 ကိုတော့ ချစ်မိပါတယ်။ ဒါပေမယ့်လည်း အခြားသောထုတ်လုပ်သူတွေအနေနဲ့ မျက်နှာပြင်ပြည့်ရဖို့အတွက်ကတော့ ဒီနည်းလမ်းနောက်ကို လိုက်ကြပါလိမ့်မယ်။

ဒီတွေ့ရှိချက်ကသာ မှန်ကန်မယ်ဆိုရင်တော့ OnePlus နဲ့ Xiaomi တို့ကလည်း အဟိုက်လေးနောက်ကို လိုက်ကြပါပြီ။ XDA ဟာ OxygenOS Open Beta 4 ရဲ့ firmware ကို တွေ့ရှိခဲ့ပြီးတော့ အဲဒီ firmware ကို OnePlus 6 protoype အတွက် အသုံးပြုမယ်လို့သိရပါတယ်။ firmware ဖိုင်ကို ကြည့်လိုက်တဲ့အခါမှာ အဟိုက်လေးပါဝင်နေတာကို သတိထားလိုက်မိပါတယ်။ အောက်ကပုံလေးကိုကြည့်လိုက်ပါ။ အံ့သြစရာပါပဲ။

လာမယ့် Xiaomi Mi 7 အတွက်လည်း စစ်ဆေးကြည့်တဲ့အခါမှာ XDA တွေ့လိုက်ရတာကတော့ အဟိုက်လေးပါနေတယ်ဆိုတာပါပဲ။ MIUI Camera ၊ MIUI SystemUI နဲ့ MIUI Settings apps တွေထဲမှာ အဟိုက်လေးကို ညွှန်းထားတာတွေ အများကြီးတွေ့ရပါတယ်။ ro.miui.notch ဆိုတာလေးကို မြင်ရပါတယ်။

ဟုတ်ပါတယ်။ ဒီပစ္စည်းတွေမှာ ပါမယ်လို့တော့ တပ်အပ်ပြောလို့မရပါဘူး။ ဦးတည်နေတယ်ဆိုတာကတော့ သေချာသလောက်ရှိပါတယ်။ နောက်ထပ်သတင်းတွေကို စုံစမ်းပြီးတော့မှ ကောက်ချက်ချကြည့်တာပေါ့။