Vero လို့ခေါ်တဲ့ Social Media app အသစ်လေး

0
571

Vero ဆိုတာလေးကို ကြားဖူးနေပြီလား။ တကယ်လို့သင်က  social media မကြာခဏသုံးစွဲသူတစ်ယောက်ဆိုရင်တော့ ကြားဖူးနေလောက်မှာပါ။ သင့်သူငယ်ချင်းတွေက ဒီအကြောင်းကို ပြောနေကြလောက်ပါပြီ။ သူ့ကို Instagram အသစ်လို့တောင် တင်စားထားကြပါတယ်။

ဆိုတော့ ဘယ်လိုအချက်အလက်တွေကများ Vero ကို ပြိုင်ပွဲအတွင်းဝင်ရောက်လာစေတာလဲ။ စမ်းသုံးကြည့်သင့်ရဲ့လားဆိုတာကို စဉ်းစားနိုင်အောင် ကျွန်တော်တို့က အမြည်းလေးတွေ ကျွေးချင်ပါတယ်။

Vero ရဲ့ ကနဦး

Vero ဟာ ၂၀၁၅ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်စတင်ခဲ့ပြီးတော့ ဘီလျံနာ Hariri ၊ ဇာတ်လမ်းဖရန်ချိုင်းလုပ်သူ Motaz Nabulsi နဲ့ အကျိုးတူအရင်းရှင် Scott Birnbaum တို့ပူးပေါင်းပြီး လုပ်ခဲ့ကြတာပါ။

Vero ဆိုတာကတော့ အမှန်တရားလို့ ဘာသာပြန်နိုင်ပါတယ်။ ဒါကြောင့် လူသားတွေကို လုံခြုံပြီးတော့ လက်တွေ့ဘ၀တွေကိုထင်ဟပ်နေတဲ့ ဆက်ဆံရေးတွေပေးအပ်နိုင်စေဖို့ ရည်ရွယ်ထားပါတယ်။

အစစ်အမှန်နည်းလမ်းတွေနဲ့ မိတ်ဆွေဖွဲ့ခြင်း

Vero ဟာ Facebook လိုမျိုး feed တွေကိုပြသပေးပြီးတော့ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကိုတော့ Instagram လိုမျိုးရှုထောင့်ကနေ ပြသပေးပါတယ်။

“လက်တွေ့မှာ ကျွန်တော်တို့တွေဟာ ကြည့်ရှူသူအားလုံးကို တစ်ပုံစံတည်းနဲ့တင်ပြနေတာမဟုတ်ပါဘူး။ လူအမျိုးမျိုးကို မတူညီတဲ့ပုံစံတွေနဲ့ တင်ပြနေတာဖြစ်ပါတယ်။ လူမှုကွန်ရက်အများစုကတော့ လူတိုင်းကို သူငယ်ချင်း၊ follower တစ်ယောက် လျော့သွားဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့က အဲဒါကိုအသုံးပြုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို မျှဝေဖို့အတွက် တွန်းအားပေးနေပါတယ်။ ဒီဟာကို ဘယ်သူ့ကိုပြမယ်ဆိုတာကို ထိန်းချုပ်နိုင်တဲ့အခါမှာ ဒါကပိုပြီးတော့ သဘာဝဆန်တယ်လို့ ခံစားရပါတယ်။ သင့်အတွက်လည်းပိုကောင်းမှာပါ။”

ကြော်ငြာအခြေပြုထက် သုံးစွဲသူအခြေပြုထားခြင်း

“အခြားသူတွေနဲ့ မတူတာကတော့ Veroရဲ့ စီးပွားရေးမော်ဒယ်လ်ဟာ ကြော်ငြာတွေကိုအခြေပြုထားခြင်းမဟုတ်ပါဘူး။ subscription အခြေပြုစနစ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့သုံးစွဲသူတွေက ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဖြစ်ပြီးတော့ ကြော်ငြာတွေကို အလေးပေးမှာမဟုတ်ပါဘူး။ subscription လုပ်ရတယ်ဆိုတာကတော့ ကြော်ငြာကင်းစင်သွားအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့် အကောင်းဆုံး လူမှုဆက်ဆံရေးခံစားမှုကို ပေးစွမ်းနိုင်အောင် လုပ်သွားမှာပါ။”

ဟုတ်ပါတယ်။ ဒီ app လေးကတော့ ကြော်ငြာတွေမြင်နေရတာကို မကြိုက်တဲ့သုံးစွဲသူတွေအတွက်ကတော့ အဆင်ပြေပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကြော်ငြာတွေထည့်ပြီးတော့ အမြတ်ထုတ်တာမျိုးတွေလုပ်မသွားပါဘူး။ သင့်ကို ဘာတွေမျှဝေထားသလဲဆိုတာကို မြင်ရမယ်။ ဘယ်အချိန်မှာ မျှဝေထားသလဲဆိုတာကို မြင်ရမယ်။ ပို့စ်ကို boost လုပ်ဖို့အတွက် ငွေပေးစရာမလိုအပ်ပါဘူး။”

လက်ရှိမှာတော့ အခမဲ့ပါ

ပထမဆုံးသော အသုံးပြုသူ ၁မီလီယံလောက်ကို တစ်သက်တာအခမဲ့ သုံးခွင့်ပေးမှာဖြစ်ပြီးတော့ နောက်ပိုင်းလူတွေကို အခကြေးငွေယူသွားမှာပါ။

Vero ဟာ အောင်မြင်လာနိုင်ချေရှိသလား

အခုအချိန်မှာတော့ ကျွန်တော်တို့မပြောနိုင်ပါဘူး။ အများစုရဲ့အမြင်တွေက ကွဲပြားနေပါတယ်။ Vero ကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒေါင်းလုတ်ဆွဲပြီးအသုံးပြုနိုင်ပါတယ်။ iOS ရော ၊ App Store မှာပါ ဒေါင်းလုတ်ဆွဲနိုင်နေပါပြီ။