Honor 7C စမတ်ဖုန်း တရားဝင်ထွက်ရှိလာ

0
622

Honor ဟာ တရုတ်နိုင်ငံအတွက် Honor 7C ကို launch လုပ်လိုက်ပါပြီ။

Honor 7C မှာ ၅.၉၉လက်မ HD+ display ၊ resolution ကတော့ 1440 x 720 pixels ဖြစ်ပြီး 18:9 aspect ratio နဲ့ ပွဲထွက်လာပါတယ် ။

အဲဒီဟန်းဆက်ကို Qualcomm Snapdragon 450 processor နဲ့ အားဖြည့်ထားပြီးတော့ 3GB RAM ၊ 32GB သိုလှောင်မှု ဒါမှမဟုတ် 4GB RAM ၊ 64GB သိုလှောင်မှုဆိုပြီးတော့ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ မမ်မိုရီအပိုလိုချင်သေးတယ်ဆိုရင်တော့ microSD card slot လည်း ပါသေးတယ်။

အနောက်ဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး 13 megapixel sensor ၊ 2 megapixel sensor တွေကို အသုံးပြုထားပါတယ်။ အရှေ့ကင်မရာကတော့ 8 megapixel ဖြစ်ပါတယ်။ Android 8.0 Oreo ၊ EMUI 8.0 ပါဝင်ဦးမှာပါ။

Honor 7 အသစ်ကိုတော့ အနီ၊ အနက်၊ ရွှေ၊ အပြာဆိုပြီးတော့ အရောင်ရွေးချယ်နိုင်မှုကတော့ များပြားပါတယ်။ တရုတ်အတွက် 3GB RAM နဲ့ 32GB မော်ဒယ်ဟာ တစ်သိန်း၉သောင်း ဖြစ်ပြီးတော့ 4GB RAM နဲ့ 64GB မော်ဒယ်လ်ကတော့ နှစ်သိန်း၈သောင်းဖြစ်ပါတယ်။ အခြားဒေသတွေကိုရောက်ရှိသွားမလားဆိုတာကတော့ မသိရသေးပါဘူး။