လေထဲကနေ ဟန်ပန်လှုပ်ရှားမှုတွေ နဲ့ မော်တော်ကားကို ထိန်းချုပ်နိုင်မယ့် သိပ္ပံရုပ်ရှင်ဆန်လှတဲ့ နည်းပညာ

0
463

Sony ရဲ့ portable projector လေးကတော့ EyeSight နည်းပညာကြောင့် လေထဲက gesture တွေနဲ့ ထိန်းချုပ်နိုင်ပါပြီ။ ၂၀၂၀ဆိုရင် သင့်ရဲ့ ကား dashboard ကို လက်ကလေးပြပြီးတော့ ထိန်းချုပ်လိုက်ပါ။

ကီးဘုတ်သုံးမရတဲ့ ဒီဂျစ်တယ် device တစ်ခုကို ဘာလုပ်လို့ရမှာလဲလို့မေးလာမယ်ဆိုရင်တော့ အသံနဲ့ထိန်းချုပ်ဖို့ စိတ်ထဲမှာအရင်ဆုံးသတိရပါလိမ့်မယ်။ ဖုန်း၊ ဒီဂျစ်တယ် assistant နဲ့ စမတ်စပီကာတွေမှာ အသုံးပြုနိုင်နေပါပြီ။

ဒါပေမယ့် တချို့device တွေကတော့ ဒီဂျစ်တယ်နားတွေအပြင် ဒီဂျစ်တယ်မျက်စိတွေလည်း ပါလာပါပြီ။ EyeSight နည်းပညာကြောင့် အမြင်တွေလည်း ရလာပါပြီ။ EyeSight ကတော့ သူ့ရဲ့နည်းပညာကို ဖုန်းတွေ၊ တီဗွီတွေနဲ့ ပီစီတွေမှာ ထည့်သွင်းဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဈေးကွက်အသစ်ကို ၀င်ရောက်သွားပါပြီ။ ဒါကတော့ အိမ်တွေနဲ့ ကားတွေကိုချိတ်ဆက်နိုင်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။

Sony နဲ့ EyeSight ဟာ Xperia Touch ဆိုတဲ့ interactive portable projector မှာ vision နည်းပညာကို ထည့်သွင်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီပစ္စည်းလေးကတော့ နံရံ ဒါမှမဟုတ် မျက်နှာပြင်တစ်ခုပေါ်ကို ပုံရိပ်တွေထုတ်ပေးနိုင်မှာဖြစ်ပြီး အနီအောက်ရောင်ခြည် sensor တွေက မျက်နှာပြင်ပေါ်ကပုံရိပ်တွေကို သင်ဘယ်လိုမျိုးထိတွေ့နေသလဲဆိုတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် Fruit Ninja ကို စားပွဲပေါ်မှာကစားမလား၊ ပီယာနိုကိုလည်း ကစားနိုင်ပါပြီ။

EyeSight ရဲ့ upgrade လုပ်ထားမှုဟာ ခပ်လှမ်းလှမ်းကနေပြီးတော့ ထိန်းချုပ်ခွင့်ပေးထားတာမို့ မျက်နှာပြင်ပေါ်ကပုံရိပ်ကို ထိစရာမလိုအပ်ပါဘူး။ “Minority Report” ထဲက တွမ်ခရုလိုမျိုးပေါ့။

Microsoft ရဲ့ Kinect လိုမျိုး ဗွီဒီယိုဂိမ်းတွေထဲက gesture တွေနဲ့ရင်းနှီးပြီးသားသူတစ်ယောက်ဆိုရင်တော့ အဆင်ပြေမှာပါ။ ဒါပေမယ့် အခြားသော တွက်ချက်မှု device တွေမှာလည်း ရောက်လာတော့မှာပါ။

Xperia Touch မှာထည့်သွင်းထားတဲ့ gesture တွေအရ အလုပ်ဖြစ်ဖို့ ခဲယဉ်းနေပါသေးတယ်။ ကီးဘုတ်နဲ့ မိုက်ခ်တွေကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူတို့ကအခြေအနေတိုင်းမှာ မလုပ်နိုင်ပါဘူး။

ကားတွေမှာလည်း ရနိုင်ပါပြီ။

EyeSight ဟာ သူ့ရဲ့ gesture-detection interface ကို နည်းပညာမြင့်ကားတွေမှာလည်း အသုံးပြုတော့မှာပါ။ လက်အနေအထားနဲ့ ရွေ့လျားမှုတွေက touch screen ထိနေတာထက် ပိုမိုလွယ်ကူစေမှာပါ။

“လက်ချောင်းလေးနဲ့ စက်ဝိုင်းပုံလုပ်ပြီးတော့ ညာဘက်၊ ဘယ်ဘက်ကိုရွှေ့လိုက်ခြင်းက အသံကို တိုး၊ကျယ် ဖြစ်စေမှာပါ။” လက်တစ်ချောင်းဆိုရင် အိမ်ကို၊ နှစ်ချောင်းဆိုရင် ရုံးကို၊ လက်အပြားဆိုရင် အ၀င်ဖုန်းတွေဖြေကြားခြင်းတွေ လုပ်နိုင်တော့မှာပါ။

ဒါပေမယ့်လည်း ဒီစိတ်ကူးက ဘယ်လောက်အောင်မြင်နေပြီလဲဆိုတာကို မသိရသေးပါဘူး။ ကြိုးစားနေဆဲအဆင့်ပါပဲ။

နည်းဗျူဟာအသစ်ကတော့ အလုပ်ဖြစ်နေတယ်လို့ဆိုထားပါတယ်။

“ကားနယ်ပယ်အတွက်ကတော့ ဆွဲဆောင်မှုမြင့်မားနေပါတယ်။” အိမ်နဲ့ချိတ်ဆက်ထားတဲ့ ဒီဂျစ်တယ်ပစ္စည်းတွေမှာလည်း စိတ်ဝင်စားခံနေရပါတယ်။ “အဲဒီဈေးကွက်နှစ်ခုမှာ ဗျာများနေပါတယ်။”