MSI ရဲ့ စွမ်းဆောင်ရည်မြင့် MSI GT83VR Titan Notebook ရဲ့ ပေါက်ကြားလာသောအချက်အလက်များ

0
458

MSI ရဲ့ စွမ်းအားကောင်းကောင်းတဲ့ notebook လေးကတော့ ပေါက်ကြားလို့လာပါပြီ။ သူရဲ့နာမည်လေးကတော့ MSI GT83VR Titan Notebook ဖြစ်ပြီးတော့ Intel ရဲ့ Core i7-8850H processor နဲ့ တွဲဖက်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို high-performance gaming laptop လေးကိုတော့ ဒေါ်လာ၇၆၉၁ လောက်လို့ ခန့်မှန်းထားပြီးတော့ ထွက်ရှိလာတဲ့အသေးစိတ်အချက်အလက်တွေနဲ့ ခန့်မှန်းထားကြည့်ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့မူရင်းဝက်ဘ်ဆိုက်မှာ ပြန်ဖျက်ထားတာမို့ အခုဆိုရင်တော့ မြင်ရမှာမဟုတ်ပါဘူး။

အဲဒီ notebook လေးမှာ SteelSeries RGB mechanical keyboard ၊ Cherry MX Brown key switch ၊ ၁၈.၄လက်မ display ၊ resolution 1920 x 1080 pixels တွေ ပါဝင်မှာပါ။

စွမ်းဆောင်ရည်မြင့်တဲ့ MSI GT83VR Titan notebook လေးမှာ နောက်ထပ်ပါဝင်မှာကတော့ Intel Core i7-8850H processor ၊ Intel’s Coffee Lake architecture ကိုအခြေခံထားတဲ့ 6-core/12-thread processor ၊ 64 GB RAM နဲ့ dual NVIDIA GeForce GTX 1080 GPU တွေကို SLI ပုံစံနဲ့ အသုံးပြုထားမယ်လို့ယူဆရပါတယ်။ 2.6GHz clock နဲ့ Turbo mode ကို 4GHz ကို အသုံးပြုနိုင်မှာဖြစ်ပြီးတော့ core ၆ခုကို အသုံးပြုထားပါတယ်။ 4.3GHz ကတော့ core တစ်ခုတည်းပါ။

MSI မှာ L3 cache 9MB ပါဝင်ပါတယ်။ လက်ရှိမှာတော့  4K Ultra HD ပါဝင်မလား မသိရသေးပါဘူး။ အဲဒီအချက်အလက်တွေကို မကြာခင်မှာထွက်ရှီလာတဲ့အချိန်ရောက်ရင် ဆက်လက်တင်ပြပေးသွားမှာပါ။