iPhone ရဲ့ အဟိုက်ဆိုးဆိုးကြီးနဲ့ Android ဖုန်းကောင်းကောင်းများ

0
491

Mobile World Congress ကို ကြည့်ဖြစ်တာ ဆယ်စုနှစ်တစ်ခုအနားကို နီးကပ်လာပါပြီ။ iPhone ကို လုံးဝကူးယူထားတာမျိုးတော့ မမြင်ဖူးခဲ့ပါဘူး။ MWC 2018 ကတော့ သမိုင်းမှာ iPhone X အဟိုက် ကော်ပီလေးတွေကို အများကြီးတွေ့မြင်နိုင်တဲ့ပွဲလို့ ဆိုရမှာပါ။ Apple ရဲ့ အဟိုက်မှာပါဝင်တဲ့ ရှုပ်ထွေးတဲ့ Face ID စနစ်ကိုတော့ တုပခြင်းမရှိဘဲ Noa နဲ့ Ulefone တို့လိုဖုန်းတွေကတော့ software တွေကို စိတ်ကြိုက်ပြင်ဆင်ပြီးတော့ iPhone X ရဲ့ မျက်နှာပြင်နဲ့တူအောင် ပြင်ဆင်ထားပါတယ်။ MWC ရဲ့ ဟန်းဆက်အများစုမှာ မျက်နှာပြင်ခုံးတွေကိုလည်း တွေ့မြင်ရပါတယ်။

Asus ကတော့ ကမ္ဘာ့အကြီးဆုံးလျှပ်စစ် ကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပြီးတော့ အားလုံးထဲမှာ သူ့ရဲ့အဟိုက်လေးကို အကြိုက်တွေ့မိပါတယ်။ Zenfone 5 ဟာ စပီကာကျယ်ကျယ်နဲ့ feature စုံလင်တဲ့ဖုန်းလို့ ခံစားရပြီးတော့ Sony imaging sensor ကို သာမန်pixel ထက် ကြီးကြီးမားမားအသုံးပြုထားခြင်း ၇သိန်းနီးပါးလောက်ဈေးနဲ့ဆိုတော့ အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း Asus ဟာ Apple ရဲ့ အဟိုက်ကိုကူးချထားတာကတော့ မကျေနပ်ပါဘူး။ iPhone ကို ကူးချတော့မယ်ဆိုရင်တောင် အဆင်ပြေပြေဖြစ်အောင်လုပ်သင့်တာပေါ့။

ဒီရေစီးကြောင်းဟာ ကောင်းမွန်တဲ့တစ်ခုမဟုတ်ဘူးလို့ ပြောပါရစေ။ Apple အပါအ၀င် တစ်ယောက်ယောက်ရဲ့ စိတ်ကူးကိုကော်ပီချတာဖြစ်ဖြစ်၊ ငှားရမ်းသုံးစွဲတာဖြစ်ဖြစ် မိုဘိုင်းလ်လုပ်ငန်းအတွက် မကောင်းတဲ့လက္ခဏာတစ်ခုပါ။ ဈေးကွက်ထဲမှာ တိုးတက်လာတဲ့နည်းပညာတွေကို တစ်ပြိုင်နက်တည်းခံစားနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ အဲဒီအဟိုက်တွေပါဝင်နေတဲ့ စမတ်ဖုန်းတွေဟာ လုံးဝကို အလှဆင်ခြင်းသက်သက်သာ ဖြစ်နေတာပါ။ Apple ရဲ့ iPhone X မှာပါဝင်တဲ့အဟိုက်လေးက မျက်နှာပြင်ကိုကျယ်သွားစေပြီးတော့ Face ID အတွက် TrueDepth ကင်မရာ၊ earpiece တွေကို တွဲဖက်တည်ဆောက်ထားတာပါ။ Asus ကတော့ ဖုန်းရဲ့အောက်ဘက်နားလေးမှာအသုံးပြုထားပါတယ်။ ဒါကြောင့် အပေါ်ပိုင်းဟာ လှရုံသက်သက်သာ ဖြစ်နေပြီးတော့ function မပါဝင်ပါဘူး။

Asus ကိုလည်း နည်းနည်းတော့ နားလည်မိသယောင်ရှိပါတယ်။ MWC ပွဲမှာ Zenfone 5 Lite ကို မြင်လိုက်တော့ သူဟာသေးငယ်ပြီးတော့ ဘောင်တွေရှိနေတယ်။ ဒါပေမယ့်လည်း ပြိုင်ဆိုင်မှုဆိုတာကို တွေ့မြင်နေရပါတယ်။ Zenfone 4 ၊ Zenfone 6 ဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို ဖော်ပြခိုင်းမယ်ဆိုရင်တော့ သင့်အနေနဲ့ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Zenfone 5 ကတော့ ရှက်စရာကောင်းလောက်အောင် iPhone X ရဲ့ ကလုန်းဖြစ်ပါတယ်။ အဲဒီလိုသတင်းဆိုးတွေကတော့ Asus ၊ Ulefone ၊ Doogee နဲ့ Noa တို့ကို တိုက်ခိုက်နေပါတယ်။

ဒီတော့ LG ရဲ့ ဆင်ခြေကဘာဖြစ်မလဲ။ Huawei ကရော။

MWC 2018 အနီးမှာပေါက်ကြားလာခဲ့တဲ့ LG G7 ကို ကြည့်လိုက်တော့ တရားဝင်ပါတယ်။ LG ရဲ့ စီစဉ်ထားတဲ့ flagship ဖုန်းတစ်လုံးဖြစ်ပြီးတော့ ဂျွန်လမှာ တရားဝင်ထုတ်ပြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက LG ဟာ သူ့ရဲ့ flagship ဖုန်းတွေကို MWC ရဲ့ Samsung launch နဲ့အတူ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ သုံးလလောက်နောက်ကျနေပါတယ်။ LG ဟာ iPhone X နဲ့အနီးစပ်ဆုံးတူအောင် ပြင်တင်နေလို့လား။ LG က မဟုတ်ပါဘူးလို့ ဖြေပါလိမ့်မယ်။ ဒါပေမယ့် G7 ကို ကြည့်ပြီးတော့ သင့်ဘာသာဆုံးဖြတ်လိုက်ပါ။

Huawei ရဲ့ flagship launch ကလည်း နောက်ကျပါတယ်။ Asus Zenfone 5 လိုပဲ P20 ကလည်း iPhone X ကို ကူးချထားတာပါ။ အရှေ့ရော အနောက်မှာပါ တွေ့မြင်နိုင်ပါတယ်။ အနောက်ဘက်မှာတော့ ကင်မရာတွေကို iPhone မှာလို နေရာကွက်တိချထားပြီးတော့ အရှေ့ဘက်မှာလည်း အဟိုက်လေးကိုအသုံးပြုပြီးတော့ ဘောင်လေးတွေကို ပါးထားပါတယ်။ Huawei ကို အဟိုက်ပုံစံခြားနားနေလို့ အသိအမှတ်ပြုရမလား။

ဖုန်းထုတ်လုပ်သူတိုင်းက ဖုန်းဒီဇိုင်းကို အရှင်းဆုံးဖြစ်အောင်လုပ်နေကြတဲ့အချိန်မှာ ဖြစ်နေတဲ့ ပြဿနာကတော့ စိတ်ဝင်စားအောင်၊ ထူးခြားသွားအောင် ဘယ်လိုလုပ်ကြမလဲ။ Apple က ဒီစွန့်စားမှုကိုယူပြီးတော့ သူ့ရဲ့အဟိုက်လေးကို စမ်းသပ်ခဲ့ပြီးတော့ တုံ့ပြန်မှုကောင်းကောင်းရခဲ့တာမို့ MWC မှာ အဲဒီလိုတွေဖြစ်လာခဲ့တာပါ။ iPhone X ရဲ့အဟိုက်လေးကို ကောင်းမွန်စွာကူးချနိုင်တယ်ဆိုပေမယ့် ကောင်းကောင်းတော့ ဖြစ်မလာခဲ့ပါဘူး။ အဟိုက်လေးတွေဟာ ညီတူညီမျှဖြစ်အောင် လုပ်ထားတာမျိုးတော့ မတွေ့မြင်ရပါဘူး။

၂၀၁၈အတွက် အဟိုက်ဒီဇိုင်းမျိုးစုံနဲ့ ဈေးကွက်မှာပြည့်နှက်နေပါတယ်။ OnePlus 6 တောင်မှ ရေစီးကြောင်းကို ပါဝင်လာပါတယ်။ OnePlus 5 ကလည်း iPhone 7 နဲ့ဆင်တူနေတာဆိုတော့ မထူးဆန်းတော့ပါဘူး။ အဟိုက်မပါတဲ့ဖုန်းတွေဆိုရင်လည်း Samsung ၊ HMD Global ၊ Sony တို့ဆီက တွေ့မြင်နိုင်ပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင်တော့ Android ဖုန်းထုတ်လုပ်သူအများစုကတော့ လမ်းကြောင်းအမှားကိုလိုက်နေတယ်လို့ မြင်မိပါတယ်။ iPhone ကို ကူးချနေမှုဟာ နာမည်ပျက်စေပါတယ်။ သူတို့ကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ အတွေးအခေါ်တွေနဲ့ ပြင်ဆင်ထုတ်လုပ်စေချင်တာပါ။ ဒါကြောင့် Android ဟာ iPhone ကိုယ်ပွားတွေဖြစ်နေမယ့်အစား iPhone နဲ့ ညီမျှတဲ့ဖုန်းလောကဖြစ်စေချင်တယ်လို့ ဆိုနိုင်ပါတယ်။ Samsung ဟာလည်း သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းနဲ့ ရောင်းအားကောင်းလျက်ရှိပါတယ်။ ဒါကြောင့် LG ၊ Huawei ၊ Asus နဲ့ Android ဖုန်းအားလုံးကို ဒီလိုပဲဖြစ်စေချင်ပါတယ်။