Galaxy Note 9 မှာလည်း မျက်နှာပြင်အောက်က လက်ဗွေရာစနစ်ပါဝင်နိုင်ချေမရှိ

0
566

Galaxy S8 ၊ Galaxy Note 8 နဲ့ Galaxy S9 တို့မှာ မျက်နှာပြင်အောက်က လက်ဗွေရာစနစ်ပါဝင်မယ်လို့ ကောလဟာလတွေထွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဲဒီမော်ဒယ်လ်တွေ ဈေးကွက်ကိုရောက်လာချိန်မှာ မပါဝင်ခဲ့ပါဘူး။

Galaxy Note 9 မှာလည်း ဒီလိုယူဆခဲ့ကြပါတယ်။ ဒါပေမယ့် Min-Chi Kuo ရဲ့ ပြောကြားချက်အရ အဲဒီ phablet လေးမှာ ဒီနည်းပညာအသစ်ကို မတွေ့မြင်ရဘူးဆိုတာ သိလိုက်ရပါတယ်။ So Sad ပါပဲ။

နည်းပညာအခက်အခဲတွေကြောင့် Note 9 မှာ အဲဒီနည်းပညာကို မထည့်သွင်းနိုင်တာဖြစ်ပါလိမ့်မယ်။ Samsung ရဲ့ သတ်မှတ်ထားတဲ့စံနှုန်းကို ပြည့်မီအောင် ultrasonic နဲ့ optical နှစ်ခုစလုံးက မလုပ်ဆောင်နိုင်သေးပါဘူး။

Samsung ဟာ မျက်နှာပြင်အောက်က လက်ဗွေစနစ်ကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။

Vivo လို စမတ်ဖုန်းမှာတောင် မျက်နှာအောက်က လက်ဗွေစနစ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်တာ တွေ့ခဲ့ပြီးပါပြီ။ ဒါပေမယ့် Samsung က ဒီထက်ဆရာကျတဲ့လုပ်ဆောင်ချက်ကို ထုတ်လုပ်မလို့ ရည်ရွယ်ထားတာပါ။

ဒီတော့ အချိန်ပိုလိုမှာသေချာပါတယ်။

ဒီလက်ဗွေစနစ်ဟာ မှန်ကာဗာတပ်လိုက်တဲ့အချိန် ဒါမှမဟုတ် ပတ်ဝန်းကျင်အခြေအနေမတူတဲ့နေရာမှာ ရောက်သွားတဲ့အခါမျိုးမှာ လုပ်ဆောင်ချက်တွေမှားယွင်းသွားတယ်လို့ စာတမ်းတစ်ခုက တင်ပြထားပါတယ်။

ကိုရီးယားဝက်ဘ်ဆိုက်တစ်ခုကတင်ပြချက်အရ အဲဒီလိုမျိုးပဲ ဖတ်လိုက်ရပါတယ်။ နည်းပညာအခက်အခဲတွေကြောင့် Samsung ဟာ 2018 အတွင်းမှာတော့ မျက်နှာပြင်အောက်က လက်ဗွေစနစ်ကို ထုတ်လုပ်မှာမဟုတ်သေးပါဘူး။

ဒါကြောင့် Vivo X20 Plus U20 ဟာ ၂၀၁၈အတွက် မျက်နှာပြင်အောက်က လက်ဗွေစနစ်နဲ့ ထွက်ရှိလာတဲ့ပထမဆုံးသော ဖုန်းတစ်လုံးဖြစ်လာပါတယ်။ Synaptics ရဲ့နည်းပညာကို အသုံးပြုထားပြီးတော့ အလတ်တန်းစားအချက်အလက်တွေကို မြင့်မြင့်အသုံးပြုထားပါတယ်။ ၆.၄၃လက်မ AMOLED display ၊ FHD+ resolution ၊ 18:9 aspect ratio တွေက ဆွဲမက်စရာတွေပါပဲ။

အဲဒီဖုန်းမှာ Snapdragon 660 ၊ 4GB RAM ၊ 128GB သိုလှောင်မှုတွေကိုလည်း အချိုးကျကျအသုံးပြုထားတာကိုတွေ့မြင်ရမှာပါ။ 3,905 mAh ဘတ်ထရီနဲ့ အားအမြန်သွင်းစနစ်တို့ပေါင်းစပ်လိုက်ခြင်းက သင့်ကို စိတ်ကျေနပ်စေမှာပါ။

၂၀၁၈ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချနေပါပြီ။ အနောက်နိုင်ငံတွေကိုတော့ ရောင်းချနိုင်မယ့်ပုံ မရှိသေးပါဘူး။ ဒါကြောင့်မို့လို့လဲ Galaxy Note 9 မှာ အဲဒီနည်းပညာတွေထည့်သွင်းပေးဖို့အတွက် မျှော်လင့်နေကြတာဖြစ်ပါတယ်။

Kuo ဟာ ဟောကိန်းတွေထုတ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ Galaxy S9 မှာတုန်းကလည်း ဒီလိုမျိုးပြောခဲ့ဖူးပါတယ်။ ဒါကြောင့် Galaxy Note 9 မှာလည်း မှန်နိုင်ကိန်းကတော့ များနေပါတယ်။