Enterprise Gadget Trending

Android P ရရှိမှာမဟုတ်တဲ့ Nexus 6P နဲ့ 5X

Google ဟာ မကြာသေးခင်ကမှ သူ့ရဲ့ Android P developer preview ကို ထုတ်ပေးခဲ့ပါတယ်။ အဲဒီ software ဟာ Pixel ၊ Pixel XL ၊ Pixel 2 နဲ့ Pixel 2 XL တို့မှာ သွင်းနိုင်ပါတယ်။ အဲဒီ developer preview ကို Nexus 6P ၊ Nexus 5X ၊ Google Pixel C တက်ဘလက်အတွက် မရနိုင်ပါဘူး။ ဒါကြောင့် Android P update ကို အဲဒီဖုန်းတွေမှာ မရနိုင်ပါဘူး။

Google ဟာ အဲဒီဖုန်းတွေကို ၂နှစ်လောက်အထိ support လုပ်မယ်လို့ပြောထားပါတယ်။ ဒီနှစ်အတွက် Android ရဲ့ ဗားရှင်းအသစ်ထွက်လာချိန်မှာတော့ သုံးနှစ်လောက်အထိ ပေးနိုင်တော့မှာပါ။ ဒါကြောင့် Oreo update ဟာ သူတို့အတွက် နောက်ဆုံးဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွက် လစဉ် security update တွေကိုလည်း ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org