မျိုးဆက်သစ် AirPods တွေမှာ noise cancellation feature ပါဝင်လာလေမလား

0
192

Barclays ရဲ့သုတေသနစာတမ်းအရ Apple ဟာ ၂၀၁၉အတွက် AirPods မျိုးဆက်အသစ်တွေကို ပြင်ဆင်နေကြောင်း သိရပါတယ်။ AirPods ရဲ့ ဒုတိယအကြိမ်ထုတ်လုပ်မှုမှာလည်း noise cancellation feature တွေ၊ W2 chip အသစ်တွေကိုလည်း တွေ့မြင်ရနိုင်ချေရှိနေပါတယ်။ AirPods တွေထွက်လာချိန်မှာ ရေစိုခံ၊ “Hey Siri” feature တွေကိုလည်း မြင်ရနိုင်မယ်လို့ ဆိုထားပါတယ်။ အခုအချိန်မှာတော့ AirPods သုံးစွဲသူတွေဟာ Siri ကိုခေါ်ချင်ရင် headphone ကို ထိနေရပါသေးတယ်။

AirPods တွေဟာ Apple အတွက် အောင်မြင်မှုကို ယူဆောင်လာပေးတဲ့ သေးငယ်တဲ့ accessory ဖြစ်ပါတယ်။ Apple ရဲ့ ကြိုးမဲ့ earbuds တွေဟာ စတင်launch လုပ်ခဲ့တဲ့ ၂၀၁၆ခုနှစ် ဒီဇင်ဘာကတည်းက ၀ယ်လိုအားကောင်းနေခဲ့ရုံတင်မက သုံးစွဲသူစိတ်ကျေနပ်မှုကိုလည်း 98% အထိ ရရှိထားပါတယ်။

Apple ဟာ HomePod တွေကိုလည်း ဈေးကွက်မှာထုတ်လုပ်နေပြီးတော့ အဲဒီဈေးကွက်က လွှမ်းမိုးထားနိုင်ခြင်း မရှိပါဘူး။ HomePod ရဲ့ ဈေးနှုန်းက ဒေါ်လာ၃၄၉ ဆိုတော့လည်း အံ့သြစရာတော့ မကောင်းပါဘူး။ HomePod ဟာ အဲဒီဈေးနှုန်းမှာ အခြားသောစပီကာတွေထက်သာလွန်နေပေမယ့်လည်း အရည်အသွေးကို ဈေးနှုန်းလောက်မကြည့်ကြတာကလည်း သုံးစွဲသူသဘာဝမဟုတ်လား။ ဒီနှစ်နောက်ပိုင်းမှာ ဈေးသက်သာတဲ့ HomePod ဗားရှင်းထုတ်မယ်လို့လည်း ပြောနေကြပါတယ်။

Apple ရဲ့ ၂၀၁၈ iPhone တွေကတော့ လာမယ့်စက်တင်ဘာလမှာမော်ဒယ်လ်သုံးမျိုး ထွက်ရှိပေးမယ့်လို့ ပြောနေကြပါတယ်။ ဈေးသက်သာတဲ့ ၆.၁လက်မ ဖုန်းကို edgeless LCD display နဲ့လည်းတွေ့မြင်ရမှာပါ။ ဒီသတင်းကိုတော့ Ming-Chi Kuo က ပြောထားပြီးသားမို့ ရင်းနှီးနေမှာပါ။ Ming-Chi Kuo ဆိုတာ Apple နဲ့ပတ်သတ်ရင် တိကျမှုအများဆုံးပြောဆိုသူတစ်ယောက် မဟုတ်လား။