စတီဖင်ဟော့ကင်း အကြောင်း သင် ဘယ်လောက်သိထားသလဲ

0
606

စတီဖန်ဟော့ကင်းအကြောင်းလေးတွေကို သိထားသမျှ စုစည်းတင်ပြပေးထားပါတယ်။ တစ်ခုမှန်ရင်တစ်မှတ်ပေးမယ်။ အမှတ်ဘယ်လောက်ရသလဲ။ ပြိုင်ကြည့်မလား။

၁။ စတီဖန်ဟော့ကင်းဟာ အသက်၇၅နှစ်အရွယ်ရှိပြီးတော့ အသက်၅၀ကျော်တဲ့အချိန်မှာ ALS ကြောင့် အခုလိုဖြစ်သွားတာပါ။ စတီဖန်ဟော့ကင်းရဲ့ရောဂါကို အသက်၂၁နှစ်အရွယ်မှာ စတင်သိရှိခဲ့ပြီးတော့ ၂၅နှစ်မွေးနေ့ကိုတောင် မမြင်ရတော့ဘူးလို့ ထင်ထားခဲ့သူပါ။

၂။ စတီဖန်ဟော့ကင်းဟာ Star Trek ဟာ သူကိုယ်တိုင်ပုံဖော်ခဲ့ပါတယ်။

၃။ ၂၀၀၉ခုနှစ် ဂျွန်လ ၂၈ရက်နေ့မှာ စတီဖန်ဟော့ကင်းဟာ အချိန်ခရီးသွားတွေအတွက် ပါတီတစ်ခုကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှမလာခဲ့ပါဘူး။

၎။ Vatican ဟာ စတီဖန်ဟော့ကင်းကို ကွန်ဖရင့်တက်ရောက်ဖို့ဖိတ်ကြားခဲ့ပါတယ်။ အဲဒီမှာ Pope လည်းပါဝင်ခဲ့ပါတယ်။ Pope John Paul ဟာ ဟော့ကင်းကို နားမလည်နိုင်ခဲ့တာမို့ ၀ှီးချဲနားမှာ ဒူးထောက်ထိုင်ပြီးတော့ နားထောင်ခဲ့ပါတယ်။ “Galileo ပြီးကတည်းက အရာတွေအားလုံးက ပြောင်းလဲသွားခဲ့တယ်။”

၅။ စတီဖန်ဟော့ကင်းနဲ့ Elon Musk တို့အပါအ၀င် ကျွမ်းကျင်သူပေါင်း ၁၀၀၀ လောက်ဟာ AI လက်နက်တွေကို ပိတ်သိမ်းဖို့ လက်မှတ်ထိုးထားပါတယ်။

၆။ စတီဖန်ဟော့ကင်းရဲ့သားဟာ သူ့အဖေရဲ့ အသံထုတ်ပေးတဲ့စက်မှာ ကျိန်တဲ့စကားလုံးကို နောက်ပြောင်ပြီးတော့ ထည့်သွင်းပေးခဲ့ပါတယ်။

၇။ သူ့ရဲ့ IQ ကိုမေးကြည့်တဲ့အခါ စတီဖန်ဟော့ကင်းက “မသိဘူး။ သူတို့ရဲ့IQ အကြောင်းကို ပြောနေတဲ့သူတွေက အရှုံးသမားတွေပါပဲ” လို့ပြောခဲ့တယ်။

၈။ စတီဖန်ဟော့ကင်းရဲ့ဇနီးဟာ သူကိုမာဖြစ်နေချိန်မှာ မစောင့်ရှောက်ဖို့ ပြောခဲ့ပေမယ့်လည်း သူမကငြင်းဆန်ခဲ့ပါတယ်။

၉။ စတီဖန်ဟော့ကင်းဟာ သူ့ရဲ့ဘ၀ကို အဆုံးသတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အသက်ရှုနေတာကို ရပ်ဖို့အတွက် အသက်ရှုပိတ်ကိုပြင်ဖို့ကြိုးစားနေချိန်မှာ သူ့ရဲ့အသက်ရှုနှုန်းဟာ ပြင်းထန်လွန်းနေတာကို တွေ့ခဲ့ရပါတယ်။

၁၀။ Oxford ရဲ့ နောက်ဆုံးနှစ်မှာ ဟော့ကင်းဟာ လှေကားပေါ်ကချော်ကျလို့ ဆရာဝန်ဆီကိုသွားပါတယ်။ ဒါပေမယ့် ဆရာဝန်ပြောလိုက်တာကတော့ ဘီယာဖြတ်ပါတဲ့။

၁၁။ ဟော့ကင်းဟာ Edward Teller ဆိုတဲ့ ဟိုက်ဒြိုဂျင်ဗုံးထုတ်လုပ်တဲ့လုပ်ငန်းက ငြင်းပယ်ခြင်း ခံရပါတယ်။ သူ့ရဲ့အသံပြောင်းပေးတဲ့စက်မှာ “သူက တုံးတယ်” လို့ ရေးပေးခဲ့ပါတယ်။

၁၂။ MIT engineer Dennis Klatt ဟာ ဟော့ကင်းရဲ့အသံကို ထုတ်ပေးခဲ့တာပါ။ ဟော့ကင်းဟာ သူ့ရဲ့စနစ်ကို upgrade လုပ်တဲ့အချိန်တိုင်းမှာ အသံကိုထိန်းထားဖို့ အကြိမ်တိုင်းတောင်းဆိုခဲ့ပါတယ်။

၁၃။ Pope John Paul II က ဟော့ကင်းကို စကြ၀ဠာရဲ့အစကို မလေ့လာပါနဲ့။ ဒါဟာ ဘုရားသခင်ရဲ့ အလုပ်ဖြစ်လို့ပါလို့ ပြောခဲ့ဖူးတယ်။

၁၄။ ဟော့ကင်းဟာ သူ့ရဲ့ speech synthesizer လေးကို ပထမဆုံးဒီဇိုင်းထုတ်ခဲ့တဲ့သူရဲ့ ဇနီးဟောင်းနဲ့ လက်ထပ်ခဲ့တယ်။

၁၅။ ဟော့ကင်းဟာ သူ့ရဲ့ဆရာဝန်တွေနဲ့ ၁၉၆၃ခုနှစ်တုန်းက နှစ်နှစ်လောက်နေခဲ့ရတယ်လို့ ဆိုထားပါတယ်။

၁၆။ ဟော့ကင်းရဲ့အဖေဟာ ဆေးသုတေသီတစ်ဦးဖြစ်ပြီးတော့ သူ့သားကိုလည်း ဆေးဘက်လိုက်ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ဇီဝပိုင်းကို မလိုက်ဘဲ အခြေခံမကျဘူးလို့ ပြောခဲ့တယ်။ သူဟာ သင်္ချာကိုလိုက်ပြီးတော့ သူ့အဖေအတွက်လက်တွေ့မဆန်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။

၁၇။ Theoretical physics ရဲ့ ပါချုပ်တစ်ယောက်ဖြစ်တဲ့ Leonard Susskind ဟာ ဟော့ကင်းနဲ့ စကားနိုင်လုခဲ့တယ်။ black hole အတွင်းက သတင်းအချက်အလက်တွေဟာ အမြဲပျောက်ဆုံးနေတယ်လို့ ဆိုခဲ့တာကို ငြင်းကြတယ်။ ဒါပေမယ့် သူမှားတယ်ဆိုတာကို နှစ်ပေါင်း ၂၈နှစ်ကြာမှ သက်သေပြနိုင်ခဲ့တယ်။

၁၈။ ဟော့ကင်းဟာ သူ့ရဲ့အသံကို Futuramaပေါ်က ကရားတစ်ခုမှာ ထားခဲ့တယ်။

၁၉။ ကမ္ဘာကိုလှည့်ပတ်နေတဲ့ memory device လေးတစ်ခုရှိတယ်။ အဲဒီမှာ ဟော့ကင်း၊ စတီဖန် ကော်ဘတ်၊ လန့်စ်အမ်စထရောင်းတို့ရဲ့ DNA တွေပါဝင်တယ်။ အဲဒီပစ္စည်းလေးကိုတော့ “Immortality Drive” လို့ ခေါ်တယ်။

၂၀။ ဟော့ကင်းဟာ ကြက်မထက် ကြက်ဥက အရင်ဖြစ်တယ်လို့ ပြောခဲ့သူပါ။

၂၁။ blackholes တည်ရှိကြောင်းငြင်းတဲ့အခါ ရှုံးသွားတဲ့အတွက် Penthouse Magazine တစ်နှစ်စာကို သူ့သူငယ်ချင်း Kip Thorne ကို ၀ယ်ပေးခဲ့ရတယ်။

၂၂။ ဟော့ကင်းဟာ ကွန်ပျူတာဗိုင်းရပ်စ်တွေကို သက်ရှိအဖြစ်စဉ်းစားသင့်တယ်လို့ ပြောရုံသာမက သူဟာ လူသားတွေဖန်တီးထားတဲ့ ပထမဆုံးသော သက်ရှိလို့ပြောခဲ့ပါတယ်။

၂၃။ Jim Carrey ဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က အာကာသမိုက်ခရိုလှိုင်းတွေရဲ့ဆွဲအားကို ရှင်းပြခဲ့သူပါ။ သူ့ရဲ့ special guest ကတော့ ဟော့ကင်းဖြစ်ပါတယ်။

၂၄။ ဟော့ကင်းရဲ့ ၁၉၆၆ခုနှစ် ဂျပန်နိုင်ငံရဲ့ “The Beginning of Time” သင်ခန်းစာသင်နေချိန်မှာ စကြ၀ဠာရဲ့ ပြိုကွဲနိုင်ကြောင်းတွေကို မသင်ဖို့ တားမြစ်ခံရပါတယ်။ စတော့ဈေးကွက်ကို ထိခိုက်စေနိုင်လို့ပါ။

၂၅။ စတီဖင်ဟော့ကင်းဟာ စာလေ့လာမှုမကောင်းတဲ့အတွက်ကြောင့် 2:1 ရတာလား။ first class BA ရတာလားသိချင်လို့ နှုတ်ဖြေဖြေဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စာမေးပွဲအချိန်အတွင်းမှာ စစ်တဲ့သူတွေသတိထားမိလိုက်တာကတော့ သူတို့ထက်သာလွန်တဲ့သူတစ်ယောက်နဲ့ စကားပြောနေရတယ်ဆိုတာပါပဲ။

၂၆။ Neurosurgeon Robert J. White ဟာ ဟော့ကင်းနဲ့ သရုပ်ဆောင် Christopher Reeve တို့ကို ဆာဂျရီလုပ်ပေးချင်တဲ့သူတစ်ဦးပါ။

၂၇။ ဟော့ကင်းဟာ သူ့ကိုယ်သူ ၂၀၁၄ခုနှစ်တုန်းက ဘာသာမဲ့အဖြစ် ကြေညာခဲ့ပါတယ်။

၂၈။ ဟော့ကင်းဟာ ၁၉၉၃ခုနှစ်တုန်းက Pink Floyd ရဲ့ “Keep Talking” သီချင်းသွင်းနိုင်ဖို့ကူညီပေးခဲ့ပါတယ်။

၂၉။ ဟော့ကင်းဟာ Oxford လှေလှော်အဖွဲ့ဝင်တစ်ဦးပါ။

၃၀။ Elaine Mason ကတော့ ဒုတိယဇနီးဖြစ်ပါတယ်။

၃၁။ ဟော့ကင်းဟာ လမ်းလျှောက်နိုင်စွမ်း၊ စကားပြောနိုင်စွမ်းဆုံးရှုံးပြီးနောက်မှာ ကလေးအဖေအဖြစ် နေထိုင်ဖို့ကြိုးစားခဲ့ပါတယ်။

၃၂။ ဟော့ကင်းဟာ အသက်၁၀နှစ်အထိ မိန်းကလေးကျောင်းမှာ တက်ခဲ့တယ်။

၃၃။ Star Trek TNG မှာ ဧည့်သည်အဖြစ်ရိုက်ကူးနေစဉ်မှာ ဟော့ကင်းဟာ USS Enterprise set ကိုလည်း လည်ပတ်ခဲ့ပါတယ်။ Warp Core ကို မြင်လိုက်တဲ့အခါမှာ ရပ်လိုက်ပြီးတော့ “ငါ ဒီဟာကိုလုပ်နေတာ” လို့ ပြောခဲ့တယ်။

၃၄။ ၂၀၀၁ခုနှစ်မှာ ဟော့ကင်းဟာ နောက်ကိုပြန်မကြည့်တဲ့လူသားတွေဟာ စက်ပစ္စည်းတွေကိုစည်းမျဉ်းချတဲ့အခါမှာ အန္တရာယ်တွေတွေ့လိမ့်မယ်လို့ ပြောခဲ့တယ်။

၃၅။ ဟော့ကင်းဟာ Stephen Falken နဲ့ WarGames မှာ ပါဝင်ဖို့လုပ်ခဲ့တယ်။ သူ့ရဲ့မသန်စွမ်းမှုကို ဇာတ်ကားကြောင့် သိသွားမှာကို စိုးရိမ်လို့ ပယ်ခဲ့ပါတယ်။

၃၆။ အသက်၂၁နှစ်အရွယ် ဟော့ကင်းဟာ Cambridge ကို သူ့ကားနဲ့မောင်းသွားတုန်းက သူ့ရဲ့မသန်စွမ်းတွေကိုသိထားတဲ့ Jane ဟာ ကားမောင်းတာအရမ်းမြန်ပြီးတော့ နမော်နမဲ့နိုင်တယ်လို့ မြင်ခဲ့ပါတယ်။

၃၇။ ဟော့ကင်းဟာ British Monarchy ရဲ့ Knighthoodကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးတော့ ဘုရင်မကြီးရဲ့ မွေးနေ့မှာတက်ရောက်ဖို့ကိုလည်း ငြင်းခဲ့ပါတယ်။