Telsa ရဲ့ Roadster ထက် ပိုမိုမြန်ဆန်တဲ့ ၁ မီလျံတန် ဟိုက်ပါကား

0
173

Elon Musk က သင့်ရဲ့စိတ်ကို လုံးဝလွင့်ထွက်သွားစေနိုင်ပြီးတော့ မြင်ကွင်းတစ်ခုကို ပြောင်းလဲခံစားရမယ့်အရာတစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ Telsa ရဲ့ next-gen Roadster ဟာ Telsa Semi ထက်သာလွန်ကြောင်း မြင်လိုက်ရတော့ လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ Telsa ဟာ Roadster ရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရုံသာမက သူ့ရဲ့အသေးစိတ်အချက်အလက်တွေကလည်း စိတ်လှုပ်ရှားစရာကောင်းလွန်းပါတယ်။

Telsa ရဲ့ next-gen Roadster ဟာ ၁.၉ စက္ကန့်အတွင်း တစ်နာရီမိုင်၆၀နှုန်းသွားနိုင်ပြီးတော့ ကမ္ဘာပေါ်မှာအမြန်ဆုံးကားဖြစ်လာပါတယ်။ Roadster ဟာ ၄.၁စက္ကန့်အတွင်း တစ်နာရီကို မိုင်၁၀၀နှုန်းသွားလာနိုင်ပါတယ်။ ၈.၈စက္ကန့်ရဲ့မိုင်နှုန်းဝက်လောက်ကို တိုးမြှင့်ထားတာဖြစ်ပါတယ်။ Roadster ဟာတစ်ခါအားသွင်းပြီးတာနဲ့ အမြန်နှုန်း တစ်နာရီမိုင်၂၅၀နှုန်းနဲ့သွားနိုင်ပြီးတော့ မိုင်ပေါင်း၆၂၀ သွားလာနိုင်ပါတယ်။ Tesla ရဲ့ ပြိုင်ဘက်ပေါ်လာပြီဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းသွားပါတယ်။

Rimac ကလည်း Concept_Two ဆိုတဲ့ လျှပ်စစ်ကား၊ ခေတ်လွန်ဟိုက်ပါကားလေးကို မိတ်ဆက်ခဲ့ပါတယ်။ သူဟာ ၁.၈၅အတွင်း တစ်နာရီကို မိုင်၆၀နှုန်းသွားနိုင်ပါတယ်။ ဒါကြောင့် Telsa ရဲ့ Roadster ထက်တောင် မြန်ဆန်ပါတယ်။ သူ့ရဲ့ တစ်နာရီ မိုင်၁၀၀နှုန်းဟာ ၄.၃စက္ကန့်သာဖြစ်ပြီးတော့ ၉.၁စက္ကန့်ရဲ့ လေးပုံတစ်ပုံကို အဆင့်မြှင့်တင်ပေးထားတာပါ။ မြင်းကောင်ရေ ၁၉၁၄နဲ့ဆိုတော့ Rimac ဟာ Concept_Two ကို အမြင့်ဆုံး တစ်နာရီ ၂၅၈မိုင်အထိ ပေးနိုင်ပါတယ်။ နေပါဦး အဲဒီကားမှာ facial recognition ရပြီိဆိုတာ ပြောပြီးသွားပြီလား။

Concept_Two ရဲ့ နည်းပညာတွေကို သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ အပြည့်အစုံတွေ့မြင်နိုင်ပါတယ်။ Rimac က ဒီဇိုင်းပိုင်းကိုလည်း ကောင်းကောင်းရှင်းပြထားပါတယ်။ C_Two ရဲ့ အားသာချက်တွေကိုလည်း တွေ့မြင်ရမှာပါ။ ဟိုက်ပါကားကို လေဟုန်ခွင်းပြီးတော့ အသံတိတ်ဓါးလို ဖြတ်သန်းနိုင်စေဖို့အတွက် performance ပိုင်းကို ကောင်းကောင်းပြင်ဆင်ထားပါတယ်။

အနောက်ဘက်ကတောင်ပံလေးကတော့ ပုံစံအမျိုးမျိုးပြောင်းပေးနိုင်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ အမြန်နှုန်းကို ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။ လေဟုန်ကို ပဲ့ကိုင်ပေးတယ်ဆိုလည်း မမှားပါဘူး။

ဒီဇိုင်းပိုင်းအရတော့ ကြွေဆင်းချင်စရာပါပဲ။ ဒီကားတွေကိုတော့ အစီး၁၀၀သာ ထုတ်လုပ်မျာဖြစ်ပြီးတော့ ဈေးနှုန်းကတော့ ဒေါ်လာ၁မီလျံ ကျော်ပါလိမ့်မယ်။