ZenBook 13 နဲ့ HP Spectre 13 တို့ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘာတွေဖြစ်ကုန်မလဲ။
ကွန်ပျူတာတွေရဲ့ တိုးတက်မှုထဲကတစ်ခုဖြစ်တဲ့ Windows 10 ပါးလွှာပေါ့ပါးတဲ့ notebook ဒီဇိုင်းတွေခေတ်ကို ရောက်သွားပါပြီ။ Ultrabooks လို့ခေါ်တဲ့ အဲဒီပစ္စည်းလေးတွေကတော့ Apple MacBook Air နဲ့ ဒီနေ့ခေတ်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်တွေကိုတောင် ယှဉ်ပြိုင်နေပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ အရည်အသွေးတွေကလည်း တိုးတက်ကောင်းမွန်လာပါတယ်။ 2-in-1 တွေကလည်း အာရုံစိုက်မှုခံလာရချိန်မှာ ထုတလုပ်သူတွေဟာ notebook တွေကို ကျောပိုးအိတ်ထဲ အသာကောက်ထည့်လို့ရတဲ့အထိ ထုတ်လုပ်ဖို့ စဉ်းစားလာကြပါတယ်။
ဥပမာပြရမယ်ဆိုရင်တော့ HP Spectre 13 ဟာ အလွန်ပါးလွှာပြီးတော့ ပေါ့ပါးတဲ့ notebook ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းနေတဲ့သွင်ပြင်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် Asus မှာကတော့ သူ့ရဲ့ ZenBook 13 ဆိုတဲ့ ဂရပ်ဖစ်လုပ်ဆောင်ချက်တွေကို အားဖြည့်ပေးမယ့် GPU လေးနဲ့ တစ်လုံးလည်း ထွက်ထားပါတယ်။ Asus ZenBook 13 UX331UN နဲ့ HP Spectre 13 တို့ကို ဒီဇိုင်းပိုင်းနဲ့ performance တို့ကို နှိုင်းယှဉ်ပြသပေးသွားမှာ ဖြစ်ပါတယ်။
Asus ZenBook 13 | HP Spectre 13 | |
Dimensions | 12.2 x 8.5 x 0.55 (in) | 12.03 x 8.83 x 0.41 in |
Weight | Starts at 2.47 pounds | 2.45 pounds |
Keyboard | Full-size backlit keyboard | Full-size backlit keyboard |
Processor | Eighth-generation Intel Core i5 | Up to eighth-generation Intel Core i7 |
RAM | 8GB RAM | Up to 16GB |
Graphics | Intel UHD 620 Nvidia GeForce MX150 |
Intel UHD 620 |
Display | 13.5-inch IPS Display | 13.3-inch IPS display |
Resolution | Full HD (1,920 x 1,080 or 160 PPI) | Full HD (1,920 x 1,080 or 160 PPI) 4K UHD (3,840 x 2,160 or 331 PPI) |
Storage | 256GB SATA SSD | Up to 1TBGB PCIe SSD |
Networking | 802.11ac, Bluetooth 4.1 | 802.11ac, Bluetooth 4.1 |
Connectivity | 2 x USB-A 3.0, 1 x USB-C 3.1, 1 x HDMI, microSD card reader, 3.5mm combo jack | 2 x USB-C with Thunderbolt 3, 1 x USB-C 3.1, 3.5mm combo jack |
Windows Hello | Fingerprint reader | Infrared facial recognition Fingerprint scanner |
Operating System | Windows 10 | Windows 10 |
Battery | 50 watt-hour | 43.7 watt-hour |
Price | $1,000 | $1,080+ |
Availability | Coming soon | Now |
Review | Full review: 7/10 | Full review: 8/10 |
ဒီဇိုင်း
နောက်ဆုံးထွက်ရှိထားတဲ့ HP Spectre 13 ကတော့ ခေတ်မီဆန်းသစ်တဲ့ notebook အဖြစ်တွေ့မြင်ရမှာဖြစ်ပြီးတော့ ဒီဇိုင်းအမြင်အရလည်း မီလီမီတာအနည်းငယ်ကို ဖြတ်တောက်ထားတဲ့အတွက်ကြောင့် အတော်လေးခန့်ပါတယ်။ ၀.၄၁လက်မသာအထူရှိပြီး ၂.၄၅ပေါင်သာ လေးတဲ့အတွက် ဘောင်နည်းဒီဇိုင်းနဲ့ ခံ့ညားတဲ့ကိုယ်ထည်တွေကို ခံစားရမှာပါ။ ဒီဇိုင်းပိုင်းကတော့ စွဲမက်စရာအတိပါပဲ။ အရော်င်အားဖြင့် နှစ်ရောင်ရနိုင်ပါတယ်။ အရင်က Ash Silver ၊ Chrome Luxe scheme ၊ အခုအသစ်ဖြစ်တဲ့ Pale Gold ၊ Ceramic White တို့ကိုရမှာပါ။
ZenBook 13 ကတော့ အခြားသော ZenBook တွေလိုပဲ Royal Blue အရောင် ၊ အဖုံးပေါ်မှာ စက်ဝိုင်းပုံစံ pattern လေးတွေကို အသုံးပြုထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ Asus က special nano-imprinting lithography (NIL) နည်းပညာကို အသုံးပြုထားပြီးတော့ special ultraviolet coating ကို ထပ်မံပေါင်းစပ်ထားတဲ့အတွက်ကြောင့် မာကျောပြီးတော့ ဖန်သားအုပ်ထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် notebook ကို ဆွဲဆောင်မှုရှိသွားစေပြီး ရှေးရိုးနည်းနည်းဆန်ဆန်လေးနဲ့ လှနေပါတယ်။ HP ထက် သေးငယ်ပါတယ်။ သူက ၀.၅၅လက်မသာ ရှိပါတယ်။ အလေးချိန်ကတော့ ၂.၄၇ပေါင် ဖြစ်ပါတယ်။
တည်ဆောက်ထားတဲ့အရည်အသွေးအရပြောရမယ်ဆိုရင် နှစ်ခုလုံးက အတူတူလောက်ပါပဲ။ အဖုံးမှာလည်း ကွေးထားတာကိုတွေ့မြင်နိုင်ပါတယ်။ HP မှာတော့ ကီးဘုတ်လေးကို ကာဗွန်ဖိုင်ဘာလေးကျေးဇူးနဲ့ တောင့်တောင့်လေးဖြစ်နေပါတယ်။ all-aluminum ZenBook 13 မှာတော့ ကီးဘုတ်ဟာ flexible ဖြစ်ပါတယ်။ နည်းနည်းလေးဖိလိုက်တာနဲ့ သုံးလို့ရပါပြီ။
ဒါကြောင့် HP Spectre 13 ဟာ တောင့်တင်းတဲ့ notebook ဖြစ်ရုံသာမက ပိုပြီးတော့လည်း ကျက်သရေရှိသွားပါတယ်။
Winner: HP Spectre 13
Performance
HP Spectre 13 နဲ့ ZenBook 13 တို့မှာ quad-core eighth-generation Intel Core processor ကို အသုံးပြုထားပြီးတော့ Asus က Core i5-7250U ၊ HP က Core i7-8550U ကို ရွေးချယ်ထားကြပါတယ်။ CPU performance ပိုင်းကိုကြည့်မယ်ဆိုရင် Spectre 13 မှာ အစွန်းထွက်လေးရှိပါတယ်။ ဒါပေမယ့်လည်း အထင်ရှားကြီးတော့ မဟုတ်ပါဘူး။ နှစ်ခုလုံးဟာ စွမ်းဆောင်ရည်မြင့်တဲ့ notebook တွေဖြစ်ပြီးတော့ ပုံမှန်သုံးနဲ့ ဟဲဗီးသုံး အားလုံးအဆင်ပြေပါတယ်။
ZenBook 13 ကတော့ ထင်ရှားတဲ့ ဂရပ်ဖစ်တွေနဲ့ ကမ္ဘာ့အပါးလွှာဆုံး notebook ဖြစ်ပါတယ်။ သာမန် Intel UHD graphic ထက် သာလွန်ပြီးတော့ ပါးလွှာပေါ့ပါးတာကို တွေ့မြင်ရမှာပါ။ Nvidia GeForce MX150 GPU နဲ့တော့ နည်းနည်းရုန်းကန်ရပါတယ်။ ဒါဟာ entry-level graphics chip ဖြစ်တယ်ဆိုပေမယ့်လည်း integrated graphics တွေထက်တော့ သိသိသာသာမြန်ဆန်ပါတယ်။ graphics settings နိမ့်နိမ့်လေးမှာပဲ အတော်များများကို အသုံးပြုနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ HP ဟာ ပိုမိုမြန်ဆန်တဲ့ PCIe solid-state drive (SSD) ကို Spectre 13 မှာ အသုံးပြုထားတာကြောင့် ZenBook 13 ရဲ့ SATA SSD ထက် မြန်ဆန်ပါတယ်။ ဒါကြောင့် Specre 13 ထက် ဖိုင်တွေကို ဖွင့်တာ၊ သိမ်းတာ ပိုမိုမြန်ဆန်ပါတယ်။
ZenBook 13 ကတော့ ဂိမ်းတွေအတွက် အတော်လေးကောင်းမွန်ပါတယ်။ GUP ကို ကောင်းကောင်းသုံးနိုင်တဲ့ အလုပ်တွေအတွက်လည်း အဆင်ပြေပါတယ်။ ဥပမာ ဓါတ်ပုံနဲ့ ဗွီဒီယိုတည်းဖြတ်ခြင်း။ ရှင်းပါတယ်။
Winner: Asus ZenBook 13 UX331UN
ကီးဘုတ်၊ မောက်စ်၊ pen
ပါးလွှာတဲ့ HP Spectre 13 လိုမျိုး notebook မှာပါဝင်တဲ့ ကီးဘုတ်ကတော့ စာရိုက်ရတာ တောင့်တောင့်ကြီးဖြစ်နေပါတယ်။ Spectre 13 မျာကတော့ ကီးဘုတ်ဟာ ၁.၃မီလီမီတာဖြစ်ပြီးတော့ ပေါ့ပါးတယ်။ တိကျတဲ့ရိုက်ချက်တွေကို ပေးနိုင်ပါတယ်။ touchpad က ကြီးမားပြီးတော့ display ရဲ့ dimension နဲ့ အဆင်ပြေပါတယ်။ Microsoft Precision version မဟုတ်တဲ့အတွက်ကြောင့် responsive တော့ သိပ်မဖြစ်ပါဘူး။
ZenBook 13 ရဲ့ ကီးဘုတ်ကတော့ ၁.၄မီလီမီတာရှိပြီးတော့ နည်းတယ်လို့တော့ ခံစားရပါတယ်။ တိကျမှုကိုတော့ ပေးနိုင်ပါတယ်။ ကီးဘုတ်ကောင်းတစ်ခုပါပဲ။ ဒါပေမယ့် Spectre 13 နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သိပ်ပြီးတော့ သက်တောင့်သက်တာမဖြစ်လှပါဘူး။ touchpad ကတော့ ကြီးမားပြီး Microsoft Precision protocol ကို ထောက်ပံ့ပေးထားတာမို့ ပိုမိုတိကျပါတယ်။
Notebook နှစ်ခုစလုံးမှာက touch display ပါဝင်ပြီးတော့ ZenBook 13 ကသာ active pen ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် notebook display မှာ ရေးသားချင်တယ်ဆိုရင်တော့ လုံးဝအိုကေပါတယ်။ Windows 10 Hello password-less login ပါဝင်တဲ့အတွက် Spectre 13 ကတော့ infrared facial scanning နဲ့ responsive fingerprint scanner ကို ထောက်ပံ့ပေးနိုင်ပြီးတော့ ZenBook 13 ကတော့ fingerprint ပဲ ရပါတယ်။
ကီးဘုတ်ကောင်းကောင်းကို ကြိုက်တယ်ဆိုရင် Spectre 13 က ထူးခြားပါတယ်။ ပါးလွှာတဲ့ notebook မှာရနိုင်တဲ့ကီးဘုတ်ဆိုတာ မယုံနိုင်အောင်ပါပဲ။ ZenBook 13 ရဲ့ touchpad ကတော့ ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း HP ကို အနိုင်ပေးချင်ပါတယ်။
Winner: HP Spectre 13
ချိတ်ဆက်မှု
HP Spectre 13 ကတော့ သင်လိုချင်တဲ့ port တွေ အကုန်ရှိပါတယ်။ USB-C ပါ။ ဟုတ်ပါတယ်။ ဒါကြောင့် အရင်ပစ္စည်းအဟောင်းတွေကို ချိတ်ချင်တယ်ဆိုရင် dongle လိုအပ်မှာပါ။ ဒါပေမယ့် Thunderbolt 3 နှစ်ပေါက်ပါဝင်တဲ့အတွက်ကြောင့် external display ၊ superfast accessories ၊ external GPU တွေကိုလည်း ချိတ်ဆက်နိုင်ပါတယ်။
Asus ZenBook 13 ကတော့ အဟောင်းကြိုက်လို့ခေါ်ရမလား။ USB-A 3.0 port နှစ်ခုနဲ့ full-size HDMI port ၊ single USB-C connection ဖြစ်ပြီး Thunderbolt 3 တော့ ထောက်ပံ့ပေးမထားပါဘူး။ ဒီမှာတော့ အရင်ခေတ်နဲ့ အခုခေတ် ကွာခြားသွားပါပြီ။
Notebook နှစ်ခုလုံးမှာ 2×2 MU-MIMO 802.11ac W-Fi နဲ့ Bluetooth ကို ထောက်ပံ့ပေးထားပြီးတော့ ZenBook 13 မှာကတော့ microSD card reader ရှိပါတယ်။ Thunderbolt 3 ကြိုက်လား၊ အရင်port အဟောင်းတွေကို ကြိုက်လား။ နှစ်ခုစလုံးမှာတော့ နှစ်ခုလုံးမရနိုင်ပါဘူး။ ဒီတော့ သင့်ကိုရွေးခိုင်းရမှာပါ။
Winner: သင်ရွေးချယ်ရမှာပါ။
Display
Spectre 13 နဲ့ ZenBook 13 နှစ်ခုစလုံးမျာ ၁၃.၃လက်မ Full HD display တွေချည်းဖြစ်ပြီးတော့ ကြည်လင်ပြတ်သားပါတယ်။ color gamut ၊ color accuracy နဲ့ gamma တွေယှဉ်ကြည့်တော့ အတူတူလောက်ပါပဲ။ တစ်ခုပဲကွဲတာကတော့ brightness ပါပဲ။ ZenBook 13 က နည်းနည်းလေးကပ်နိုင်ပါတယ်။
လက်တွေ့သုံးကြည့်မယ်ဆိုရင်တော့ တော်တော်လေးရွေးချယ်ရခက်မှာပါ။ နှစ်ခုလုံးဟာ ပရီမီယမ် notebook ဈေးကွက်အတွက် အဆင်ပြေနေပြီးတော့ display တွေကလည်း ကောင်းမွန်ပါတယ်။ HP က 4K UHD display ကို Spectre 13 အတွက် အသုံးပြုပေးထားတဲ့အတွက် ဂရပ်ဖစ်နဲ့ စာသားတွေကို ပြတ်ပြတ်သားသားမြင်ချင်တယ်ဆိုရင်တော့ HP ကို ရွေးလိုက်ပါ။ ZenBook 13 မှာကတော့ Full HD display ကိုသာ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် ရှင်းသွားပါတယ်။
Winner: HP Spectre 13
သယ်ဆောင်ရလွယ်ကူမှုနဲ့ ဘတ်ထရီသက်တမ်း
ဒီဇိုင်းပိုင်းမှာကြည့်ရမယ်ဆိုရင်တော့ Spectre 13 နဲ့ ZenBook 13 တို့က အတူတူလောက်ပါပဲ။ HP ကတော့ နည်းနည်းလေး ပိုပါးပြီးတော့ ဘောင်တွေလည်း သေးပါတယ်။ ဒါကြောင့်သူကပိုသေးတယ်လို့ ဆိုရမှာပါ။ နှစ်ခုလုံးကတော့ ကျောပိုးအိတ်ထဲမှာ နေရာသိပ်မယူပါဘူး။ ဒါပေမယ့် Spectre 13 ကတော့ နေရာနည်းနည်းလျော့ပါတယ်။
ဒါက တိုက်ပွဲတစ်ဝက်သာရှိပါသေးတယ်။ တစ်ဝက်ကတော့ အားသွင်းပြီးရင် ဘယ်လောက်ကြာကြာခံမလဲဆိုတာလည်း အရေးကြီးပါတယ်။ ဘတ်ထရီအရည်အသွေးနဲ့လည်း ဆိုပါတယ်။ ZenBook 13 ကတော့ 50 watt-hours ဖြစ်ပြီးတော့ Spectre 13 ကတော့ 43.7 watt-hours ဖြစ်ပါတယ်။
စမ်းသပ်ချိန်မှာ Asus ရဲ့ ဘတ်ထရီကြီးကြီးက အနိုင်ရပါတယ်။ web benchmark တေါမှာတော့ ZenBook 13 ဟာ သုံးနာရီပိုခံရမယ့်အစား တစ်နာရီသာ ပိုခံပါတယ်။ Spectre 13 ကတော့ နာရီဝက်ပိုခံပါတယ်။
ဒါကြောင့် ဘတ်ထရီပိုင်း၊ ပါးလွှာပေါ့ပါးမှုကိုစဉ်းစားလိုက်တဲ့အခါမှာ ZenBook 13 က အဆင်ပြေပါလိမ့်မယ်။
Winner: Asus ZenBook 13 UX331UN
ရရှိနိုင်မှုနဲ့ ဈေးနှုန်း
HP ကတော့ Spectre 13 ထက်အမျိုးအစားများပါတယ်။ Core i5-8250U ၊ 8GB RAM ၊ 256GB PCIe SSD – ဒေါ်လာ၁၃၀၀ ကနေ Core i7-8550U ၊ 16GB RAM ၊ 1TB PCIe SSD ၊ 4K UHD 3,840 x 2,160) display – ဒေါ်လာ ၂၂၁၀ အထိ ရွေးနိုင်ပါတယ်။
ZenBook 13 ကတော့ တစ်ခုပဲရှိပါတယ်။ Core i5-8250U ၊ 8GB RAM ၊ 256GB SATA SSD – ဒေါ်လာ ၁၀၀၀ ဖြစ်ပါတယ်။ discrete GPU ပါတယ်ဆိုတာကလည်း မနည်းပါဘူး။
Asus ရဲ့ ZenBook 13 မှာ မကျေနပ်စရာတစ်ခုကတော့ 16GB RAM ၊ SSD ကြီးကြီးမှာ 4K display မပါဝင်ပါဘူး။ ဒါကြောင့် 4K display ဘက်ကို ပါသွားနိုင်ပါတယ်။ ZenBook 13 ရဲ့ လက်လီဈေးနှုန်းကတော့ Specre 13 ရဲ့ entry-level price ထက် နည်းပါးနေပါတယ်။ လုပ်နေကျပါပဲ။
Winner: HP Spectre 13
Zenbook 13 ရဲ့ Power ကတော့ 13လက်မဒီဇိုင်းထက် ပိုကောင်းပါတယ်။
နည်းနည်းတော့ ကြမ်းပါတယ်။ HP Spectre 13 ဟာ ခံ့ညားတဲ့ notebook တစ်ခုဖြစ်တဲ့အပြင် ကီးဘုတ်အလန်းစားလည်း ပါဝင်ပါတယ်။ RAM ၊ သိုလှောင်မှု၊ display sharpness တွေကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
ZenBook 13 ကတော့ ဘတ်ထရီပိုကောင်းတယ်။ discrete GPU လည်းမိုက်တယ်။ စွမ်းဆောင်ရည်မြင့်တဲ့ notebook တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ပါးလွှာပေါ့ပါးတယ်။ HP ကိုတောင် နောက်မှာကျန်နေစေတယ်။
ZenBook 13 ကို 8GB of RAM ၊ 8GB of RAM နဲ့ မရွေးချယ်နိုင်တာကတော့ ပျော်စရာမကောင်းပါဘူး။ Asus အတွက်ကတော့ ဒီဈေးနဲ့ ကောင်းတယ်လို့ပြောရမှာပါ။