Android မှာ Screen ကို Lock ဘယ်လိုလုပ်ကြမလဲ

0
515

ဒီသင်ခန်းစာလေးကတော့ Android ရဲ့ lock screen ကို password ၊ PIN သို့မဟုတ် pattern အသုံးပြုပြီးတော့ ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ ဆရာ့ဆရာကြီးတွေကတော့ ကျော်သွားပေါ့နော်။

 

Screen ကို Lock ခတ်ခြင်း

၁။ ပါဝါခလုတ်ကို ဖိလိုက်ပါ။ ဒါဟာ Android ဖုန်းနဲ့ တက်ဘလက်တွေအတွက် screen ကို lock ခတ်တဲ့နည်းလမ်းပါပဲ။

၂။ ပါဝါခလုတ်ကိုနှိပ်လိုက်ပြီးတော့ screen ကိုunlock လုပ်လိုက်ပါ။ ဒါဆိုရင်တော့ home screen ကို သုံးလို့ရဖို့အတွက် အချက်အလက်လေးတွေဖြည့်ခိုင်းမှာပါ။

၃။ PIN ၊ password ၊ pattern ရိုက်ရမှာပါ။ ဖြည့်လိုက်ပြီးတာနဲ့ မှန်ကန်တယ်ဆိုရင်တော့ home screen ကို မြင်ရမှာပါ။

Screen Lock ဘယ်လိုခတ်ကြမလဲ

၁။ Android ရဲ့ Settings ကို ဖွင့်လိုက်ပါ။
app drawer ဒါမှမဟုတ် notification bar မှာလည်း ရှာနိုင်ပါတယ်။

၂။ အောက်ကိုဆွဲချပြီးတော့ Security ကို နှိပ်လိုက်ပါ။ သူကတော့ များသောအားဖြင့် “Personal” ရဲ့အောက်မှာ ရှိတတ်ပါတယ်။ မမြင်ရဘူးဆိုရင်တော့ Lock Screen ကိုသာ လိုက်ရှာလိုက်ပါ။

၃။ Screen lock ကို နှိပ်လိုက်ပါ။ သူကတော့ “Device security” ရဲ့ အောက်မှာရှိတတ်ပါတယ်။

၎။ lock လုပ်မယ့်နည်းလမ်းကိုရွေးလိုက်ပါ။ သင့်ရဲ့ Android’s screen ကို တစ်ခုခုနဲ့ ကာကွယ်ထားပြီးသားဆိုရင်တော့ အသစ်မထည့်ခင်မှာ အဟောင်းကိုဖြည့်ပေးရမှာပါ။

  • Swipe: ဒါကတော့ screen ကို ဆွဲလိုက်တာနဲ့ lock ပြုတ်သွားမှာပါ။ ဒီနည်းလမ်းကတော့ လုံခြုံမှုလုံးဝမရှိပါဘူး။
  • Pattern: screen ကို လက်လေးနဲ့ဆွဲထားတဲ့ pattern ကိုအသုံးပြုပြီးကာကွယ်ပေးထားပါတယ်။
  • PIN: နံပါတ်လေးတွေကို အသုံးပြုပြီးတော့ ကာကွယ်ပေးထားမှာပါ။
  • Password: သူကတော့ စာတွေ၊ နံပါတ်တွေ၊ သင်္ကေတွေ၊ ကီးဘုတ်မှာရှိတဲ့အရာလေးတွေနဲ့ ကာကွယ်ခွင့်ပေးထားပါတယ်။

၅။ အပေါ်မှာပေးထားတဲ့ တစ်ခုခုကိုရွေးလိုက်ပြီးတော့ သူတို့ခိုင်းတဲ့အတိုင်းလေး လုပ်ဆောင်ပေးလိုက်ပါ။ ဒါကတော့ ဖုန်း၊ တက်ဘလက်အပေါ်မူတည်ပြီး နည်းနည်းကွဲပြားပါတယ်။ ဒါပေမယ့်လည်း ပထမတစ်ခေါက်ရိုက်ပြီးသွားရင် နောက်တစ်ခေါက်အတည်ပြုတဲ့အနေနဲ့ ထပ်ရိုက်ပေးရမှာပါ။ ဒီနှစ်ဆင့်ပြီးသွားပြီဆိုရင်တော့ lock screen က အသုံးပြုနိုင်ပါပြီ။