Nokia 7 Plus hands-on review

0
1020

နိုကီရာရဲ့ MWC မိုဘိုင်းလ်ဖုန်းတွေရဲ့ တကယ့်စတားက ဘယ်ဖုန်းလဲသိချင်လား။

ဈေးမြင့်မြင့် စူပါဖုန်းတွေက မိသားစုအားလပ်ရက်အတွက် ပိုက်ဆံထိခိုက်စေမှာလား။ မေ့လိုက်ပါတော့။ ဈေးသင့်တဲ့ flagship ကတော့ ၇သိန်းခွဲတန် Honor ၊ OnePlus တို့နဲ့ယှဉ်နိုင်တဲ့ အချက်အလက်ဖြစ်ပါတယ်။ နိုကီရာဟာ သူတို့နှစ်ယောက်စလုံးကို စိုးရိမ်သွားစေပါတယ်။

7 Plus ကတော့ နိုကီရာကို ၂၀၁၈ ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ 18:9 screen ၊ ဘောင်နည်းဒီဇိုင်း၊ ကင်မရာနှစ်လုံးစနစ်၊ ခံ့ညားလှတဲ့ဒီဇိုင်းတွေနဲ့အတူ တန်ဖိုးသင့်ဈေးနှုန်းဆိုတော့ စမတ်ဖုန်းဖန်တွေကို ဆွဲဆောင်နေပါတယ်။

ဒီတော့ အချက်အလက်လေးတွေကို စဉ်းစားကြည့်လိုက်ရအောင်။

ဒီဇိုင်းနဲ့ တည်ဆောက်မှုများ

ဖရိန်ကတော့ အလူမီနီယမ်ဖြစ်ပါတယ်။ အရောင်ပိုင်းမှာလည်း လှပပါတယ်။ ကြွေဆေးခြောက်လွှာကိုအသုံးပြုထားပါတယ်။ Nokia 7 Plus ကတော့ ကြွကြွရွရွ စမတ်ဖုန်းတစ်လုံးပါပဲ။

RF-transparent ဆေးတွေက အင်တာနာတွေကို ဖျောက်ပေးပြီးတော့ modem တွေကို signal ကောင်းကောင်းရှာပေးနိုင်ပါတယ်။ limited edition white OnePlus 5T လိုမျိုး texture လေးတွေကို တွေ့မြင်နိုင်ပြီးတော့ ပိုမိုချောမွေ့ပါတယ်။ ဒါပေမယ့် ချော်တဲ့အထိတော့ မဟုတ်ပါဘူး။ ၆လက်မအရွယ်ဖြစ်ပေမယ့်လည်း သေးသွယ်ပြီးတော့ ပေါ့ပါးပါတယ်။ ဒါကြောင့် အိတ်ကပ်ထဲထည့်ဖို့ အေးဆေးပါပဲ။

အဖြူရောင်လေးနဲ့ ကြေးရောင်လေးကို တစ်ဖက်တစ်ချက်မှာ လှပအောင်ဆင်ယင်ထားပြီး အနောက်ကင်မရာတွေနဲ့ fingerprint scanner တွေကိုလည်း တန်ဆာဆင်ထားပါတယ်။ ဒါကြောင့် ဖရိန်နဲ့ display ကြားမှာ ထင်းသွားစေပြီးတော့ အထက်တန်းဆန်သွားပါတယ်။ ဒီကောင်လေးကိုကြည့်လိုက်တာနဲ့ ဒီဈေးထက်ပိုတောင်းနိုင်တယ်ဆိုတာ ခံစားမိပါလိမ့်မယ်။

ဘောင်နည်းဒီဇိုင်းဖြစ်တာကြောင့် 18:9 aspect ratio ကို အသုံးပြုထားပါတယ်။ အောက်ဘက်မှာ USB-C နဲ့ အပေါ်ဘက်မှာ 3.5mm headphone ပေါက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Samsung ရဲ့ curved edge Infinity Display အပြင် ဒီဖုန်းဟာလည်း ဒီနှစ် MWC အတွက် ကြည့်ကောင်းတဲ့ဖုန်းတစ်လုံး ဖြစ်လာပါတယ်။

မျက်နှာပြင်နဲ့ အသံ

၆လက်မမျက်နှာပြင်မှာ Full HD+ resolution ကို အသုံးပြုထားပြီးတော့ 18:9 aspect ratio အတွက် pixel အပိုတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ LCD panel ဖြစ်ပြီးတော့ brightness ကောင်းကောင်းပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း တိုက်ရိုက်နေရောင်ကို ဘယ်လိုကိုင်တွယ်ထားသလဲဆိုတာတော့ မပြောနိုင်ပါဘူး။

အရောင်တွေကတော့ များပြားပေမယ့်လည်း contrast ကတော့ မက်လောက်စရာမရှိပါဘူး။ ဒါကလည်း backlit LCD panel ရဲ့ ဆိုးကျိုးလို့ပြောရမလား။ ဈေးပိုကြီးတဲ့ OLED panel တွေကတော့ ပိုမိုက်တာကို ၀န်ခံပါတယ်။

ဓါတ်ပုံနဲ့ ဗွီဒီယိုတွေမှာတော့ အသေးစိတ်တွေ တွေ့မြင်နိုင်ပြီးတော့ အရောင်ပိုင်းမှာလည်း တိကျပါတယ်။ ဘောင်တွေနည်းပါးသွားတဲ့အတွက်ကြောင့် ဗွီဒီယိုကြည့်တဲ့အချိန်မှာ လုံးဝကိုပြီးပြည့်စုံပါတယ်။

စပီကာပိုင်းမှာတော့ မပြောလိုပါဘူး။ full review ကို စောင့်မျှော်စေချင်ပါတယ်။ 3.5mm headphone port ပါနေတာဆိုတော့ စိတ်ပူစရာတော့မလိုပါဘူး။

ကင်မရာ

ဓါတ်ပုံပိုင်းမှာကတော့ flagship အများစု ရှုံးနိမ့်တဲ့နေရာတစ်ခုပါ။ ဒါပေမယ့် Nokia 7 Plus ကတော့ သူ့ရဲ့ အကောင်းဆုံး feature တစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အနောက်ရော အရှေ့မှာပါဝင်တဲ့ Zeiss glass ကို ကျေးဇူးတင်ရမှာပါ။

12MP + 13MP ကင်မရာနှစ်လုံးကို အနောက်ဘက်မှာတွေ့မြင်နိုင်ပြီးတော့ 2x optical zoom ကိုလည်း အသုံးပြုနိုင်မှာပါ။ portrait တွေကို အနီးကပ်ရိုက်နိုင်တော့မှာပေါ့။ ဒီဟာကတော့ ဈေးပိုကြီးတဲ့ Nokia 8 မှာပါဝင်တဲ့ 13MP+13MP ကင်မရာနဲ့တော့ မတူညီပါဘူး။ ဒါပေမယ့်လည်း အရည်အသွေးတွေကိုယှဉ်တဲ့အခါ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်ကတော့ စွဲမက်စရာကောင်းပါတယ်။ ဓါတ်ပုံအရည်အသွေးကောင်းမွန်မှုကိုတော့ နောက်ဆုံး full review မှာ စောင့်ကြည့်နိုင်ပါတယ်။ Pro Camera mode ဟာ white balance ၊ shutter speed ၊ ISO dials တွေကိုလည်း ချိန်ညှိနိုင်ပါတယ်။

နိုကီရာဟာ ကင်မရာအတွက် AI assistance တွေကိုလည်း ထည့်ပေးထားတဲ့အတွက်ကြောင့် အရာဝတ္ထုတွေကို မှတ်မိနိုင်ပြီး နောက်ခံတွေကို ပုံရိပ်တွေကနေ ခွဲခြားပေးနိုင်စွမ်းရှိပါတယ်။ ဒီနည်းပညာဟာ iPhone X လိုမျိုး face unlocking လို အသုံးပြုနိုင်မှာပါ။

အရှေ့ဘက်မှာတော့ 16MP ကင်မရာက ရှင်းလင်းပြတ်သားတဲ့ ဆယ်လ်ဖီတွေကို ပေးစွမ်းနိုင်မှာပါ။ Nokia 7 Plus ဟာ ပေးရတာထက်တန်တယ်လို့ ပြောရမလား။

Performance & Software

နိုကီရာဟာ Android One ကိုသွားနေတဲ့အတွက်ကြောင့် custom skins ၊ ကြည့်ရဆိုးတဲ့ icon ၊ bloatware တွေအတွက် စိတ်ပူစရာမလိုအပ်တော့ပါဘူး။ 7 Plus ကတော့ Googole ဖုန်းမဟုတ်တဲ့ stock Android ဘက်ကို ရောက်နေပါပြီ။

အလွန်မြန်ဆန်ပြီးတော့ Snapdragon 660 CPU ရဲ့ စွမ်းအားကိုတွေ့မြင်ရမှာပါ။ Qualcomm ရဲ့ mid-range silicon အသစ်ကို တွေ့မြင်ရခြင်းပါပဲ။ နိုကီရာဟာ ပိုဈေးကြီးတဲ့ဖုန်းတွေလိုမျိုး software ကို ကောင်းမွန်အောင်လုပ်ဆောင်ထားပါတယ်။ ဈေးချင်းမတိမ်းမယိမ်းရှိတဲ့ OnePlus 5T ကတော့ Snapdragon 835 ကို အသုံးပြုထားပါတယ်။ 4GB RAM နဲ့ တွဲဖက်ထားတဲ့အတွက်ကြောင့် multitasking ကို အေးဆေးကိုင်တွယ်နိုင်ပါတယ်။ ဘတ်ထရီစွမ်းအားကို ကောင်းမွန်အောင်လည်း ချိန်ညှိမှုတွေပြုလုပ်ထားပါတယ်။

နိုကီရာဟာ အားသွင်းပြီးရင် နှစ်ရက်လောက်အသုံးပြုနိုင်မှာဆိုတော့ အလယ်တန်းစားဖုန်းတွေထက် နှစ်ဆလောက်ခံမှာဖြစ်ပါတယ်။ 3800mAh နဲ့ဆိုတော့ Android သုံးရတာ တန်သွားပြီပေါ့။

Nokia 7 Plus အတွက် အစောပိုင်းသုံးသပ်ချက်

နိုကီရာဟာ MWC မှာ ဖုန်းအမျိုးအစားအနည်းငယ်လောက်ကို ထုတ်ပြခဲ့ပါတယ်။ Nokia 7 Plus ကိုတော့ ကျွန်တော်တို့အကြိုက်တွေ့ခဲ့ပါတယ်။

ဈေးသင့်flagship ဖုန်းတွေဆိုတာက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဖုန်းတွေထက် နှစ်ဆလောက်ကွာလာပါတယ်။ feature တွေကလည်း သင်မျှော်လင့်ထားတာတွေ ပေးစွမ်းနိုင်ပါတယ်။

Snapdragon 660 CPU ကလည်း app နဲ့ ဂိမ်းတွေလောက်ကတော့ အေးဆေးပါပဲ။ Zeiss ကင်မရာတွေက တန်သလား၊ မတန်ဘူးလားဆိုတာကတော့ ဧပြီလမှာ စောင့်ကြည့်ရမှာပါ။

ခံ့ညားတဲ့ဒီဇိုင်း၊ 18:9 screen ၊ face unlocking နည်းပညာတွေက်တော့ မိုက်ပါတယ်။ အဖြူနဲ့ ကြေးရောင်ကလည်း စွဲမက်ဖွယ်ပါပဲ။ နိုကီရာကတော့ အတော်လေးဆွဲဆောင်နေပါပြီ။ full review ရေးဖို့ မအောင့်နိုင်တော့ပါဘူး။

အသေးစိတ် အချက်အလက်များ

  • SCREEN – 6in, 2160×1080 IPS LCD w/ 18:9 aspect ratio
  • CPU – Qualcomm Snapdragon 660 octa-core
  • MEMORY – 4GB RAM
  • CAMERA – 12MP, f1.75 + 13MP, F2.6 rear / ZEISS optics, dual-LED flash. 16MP, f/2.0 front
  • STORAGE – 64GB on-board, microSD expansion
  • OPERATING SYSTEM – Android 8.0 Oreo (Android One)
  • BATTERY – 3800mAh non-removable
  • DIMENSIONS – 159x76x8mm