ဈေးသက်သာပြီးတော့ flagship feature တွေပါဝင်တဲ့ တရုတ်ဖုန်း

0
363

ဖုန်းဖန်နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ နောက်ဆုံးပေါ်ဖုန်းတွေ၊ ပြီးပြည့်စုံတဲ့အချက်အလက်တွေကို သဘောကျပြီး လိုက်ဝယ်တတ်တဲ့လူမျိုး။

ကျန်တဲ့သူတွေကရော။ အဲဒီလိုတန်ဖိုးကြီးဖုန်းတွေအတွက် ငွေကုန်ကြေးကျများမယ့်အရာမျိုးကို ဆန္ဒမရှိကြပါဘူး။ လေးသိန်းခွဲတန်ဖုန်းဈေးကွက်ကတော့ ရွေးစရာများမှများပဲမဟုတ်လား။ သူတို့ထဲမှာလည်း feature ကောင်းကောင်းတွေရှိပြီးတော့ ဒီဇိုင်းပိုင်းကလည်း မိုက်ပါတယ်။ Samsung နဲ့ Apple အလားပါပဲ။

Nuu G3 ကတော့ သူတို့ထဲကတစ်ခုပါပဲ။ အနောက်ဘက်မှာ ကင်မရာနှစ်လုံးပါဝင်ပြီးတော့ တောက်ပတဲ့ ဖန်သားဒီဇိုင်းလေးက ကျွန်တော်တို့ကို Mobile World Congressမှာ မျက်စိကျစေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဖုန်းလေးကို စမ်းသပ်ကြည့်ခဲ့တယ်ဆိုပါတော့။

ဒီဇိုင်းနဲ့ screen

G3 ရဲ့သွင်ပြင်ကတော့ ရိုးရိုးနဲ့ရှင်းရှင်းပါပဲ။ ထောင့်ကွေးဒီဇိုင်းက ကိုင်ရတာအဆင်ပြေတယ်။ 2.5D glass ကတော့ Samsung Galaxy S9 နဲ့ဆင်တူပြီးတော့ ဘတ်ဂျက်ဖုန်းတွေမှာတွေ့ရတဲ့ ပလတ်စတစ်လိုခံစားမှုမဟုတ်ပါဘူး။

တကယ့်အလန်းတွေက အနောက်ဘက်မှာရရှိပါတယ်။ အလင်းဖမ်းယူနိုင်တဲ့ တောက်ပတဲ့ panel ရှိပြီးတော့ Honor 9 လိုခံစားချက်ပေးစွမ်းနိုင်ပါတယ်။ fingerprint sensor ကိုလည်း အလွယ်တကူရောက်နိုင်ပြီးတော့ သူ့နေရာဟာ ကင်မရာရဲ့အောက်မှာရှိပါတယ်။ ဒါပေမယ့်လည်း မှန်ကိုယောင်ထိနိုင်တဲ့လောက်အထိတော့ မနီးကပ်ပါဘူး။ micro SD ကဒ်စိုက်နိုင်တဲ့အပြင် 64GB ကိုလည်း on-board အနေနဲ့မြင်ရဦးမှာဆိုတော့ မီဒီယာချစ်သူတွေအတွက်တော့ လုံးဝစိတ်မပူပါနဲ့။

၅.၇လက်မ LCD screen မှာ 18:9 aspect ratio ကို အသုံးပြုထားတဲ့အတွက် fuller screen experience ကို ခံစားရမှာဖြစ်ပြီး pixel တွေကတော့ မကြီးမားပါဘူး။ Temple Run 2 လောက်ကတော့ ကောင်းကောင်းဆော့နိုင်ပြီး mere 720p resolution ကတော့ အထင်ကြီးစရာပါပဲ။

ကင်မရာ

ပြီးခဲ့တဲ့နှစ်တွေတုန်းက လေးသိန်းတန်ဖုန်းတွေမှာ ကင်မရာနှစ်လုံးမြင်ရမယ်လို့ တွေးခဲ့ဖူးပါတယ်။ အလတ်တန်းစားဖုန်းတွေအတွက်ကတော့ ပုံမှန်မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၁၈မှာတော့ အံ့သြစရာတစ်ခုပါပဲ။

G3 မှာ 13MP နဲ့ 5MP တို့ကိုတွေ့မြင်နိုင်ပြီးတော့ portrait mode ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ out-of-focus background တွေကတော့ ကောင်းကောင်းအသုံးပြုနိုင်ပြီး on-screen slider ကတော့ နည်းနည်းခက်ခဲမှာပါ။ ဒါပေမယ့်လည်း စိတ်ကျေနပ်မှုတော့ ပေးနိုင်မှာပါ။

Google Pixel 2 ဒါမှမဟတု iPhone X ရဲ့ ဓါတ်ပုံအရည်အသွေးကိုလိုချင်တာလား။ အဲလောက်တော့ ဘယ်ရမလဲ ဘတ်ဂျက်ဖုန်းလေ။ instagram ပို့စ်တွေလောက်တော့ ကောင်းကောင်းရပါတယ်။

ကမ္ဘာကြီးရဲ့အလိုရှိဆုံးအရာကတော့ ဆယ်လ်ဖီကောင်းကောင်းပါပဲ။ G3 ရဲ့ 13MP ကင်မရာက သင့်အတွက် အဆင်ပြေနိုင်ပါတယ်။ beauty mode ပါဝင်တဲ့အတွက် သင်မျက်လုံးလေးတွေကို တောက်ပစေနိုင်ပါတယ်။ အရှေ့ကင်မရာကတော့  face recognition ပါတယ်ဆိုတော့ ပိုကောင်းတယ်လို့ ဆိုရမလား။ ဘယ်လောက်တောင် တုံ့ပြန်နိုင်သလဲဆိုတာတော့ မပြောနိုင်သေးပါဘူး။

Performance & Software

MediaTek octa-core CPU ကို အသုံးပြုထားတဲ့အတွက် လေးသိန်းတန်ဖုန်းတွေအတွက်တော့ ကောင်းပါတယ်။ benchmark စံချိန်တွေတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့်လည်း 4GB RAM နဲ့ဆိုရင် multitasking လုပ်နိုင်လောက်ပါတယ်။

Android ပိုင်းမှာ ချောချောမွေ့မွေ့လုပ်နိုင်ပေမယ့်လည်း G3 ဟာ 7.1 မှာသာ ရှိနေပါသေးတယ်။ Nuu က ဒီနှစ်နောက်ပိုင်းမှာ Android Oreo ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း စောင့်ရဦးမှာပါ။ ဒါပေမယ့်လည်း Android Pay အတွက် NFC ရနိုင်ပါတယ်။ ဘတ်ဂျက်ဖုန်းဆိုတော့ အာမခံတော့မပေးနိုင်ပါဘူး။

3,000mAh ဘတ်ထရီကတော့ အားသွင်းမြန်ပြီး တစ်နေ့လောက်တော့ သုံးနိုင်ပါတယ်။ screen resolution နည်းနည်းနဲ့ဆိုတော့ နောက်နေ့မနက်လောက်အထိ အသုံးပြုနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့်လည်း full review မှာတော့ ပိုသိရမှာပါ။

အစောပိုင်းသုံးသပ်ချက်

Nuu G3 ကတော့ iPhone X နဲ့ ငါးဆလောက်ကွာပါတယ်။ ဒါကြောင့်လည်း တင်ပြပေးရခြင်းဖြစ်ပါတယ်။ သူ့မှာ face-recognition နဲ့ ကင်မရာနှစ်လုံးပါဝင်ပြီးတော့ ဒီနည်းပညာတွေဟာ စမတ်ဖုန်းလောကရဲ့ ဘုရင်၊ ဘုရင်မတွေနဲ့သာ ထိုက်တန်တာမဟုတ်ဘူးလို့ ပြောလိုက်သလိုပါပဲ။

ဒီကောင်လေးအကြောင်းကို အပြည့်အစုံမသိရသေးပေမယ့်လည်း လေးသိန်းလောက်နဲ့ဆိုတော့လည်း ကောင်းတယ်လို့ ပြောရမှာပါ။

ဈေးနှုန်းခပ်လန်းလန်းလေးနဲ့ဆိုပေမယ့်လည်း ဈေးကွက်ထဲမှာ အဲဒီဈေးနဲ့ဖုန်းတွေက အများကြီးပါပဲ။ အချက်အလက်တွေတော့ စိတ်ကြိုက်ရွေးလို့ရနေပါတယ်။ G3 ဟာ အခြားဖုန်းတွေနဲ့ ဘာကွာသလဲဆိုတာကိုတော့ full review ကို ဆက်လက်စောင့်ကြည့်ပေးစေချင်ပါတယ်။

TECH SPECS 

  • SCREEN – 5.7in, 1440×720 LCD
  • CPU – MediaTek Helio P25 octa-core
  • MEMORY – 4GB RAM
  • CAMERAS – 13MP+MP rear. 13MP front
  • STORAGE – 64GB on-board, microSD expansion
  • OPERATING SYSTEM – Android 7.1 nougat
  • BATTERY – 3000mAh non-removable
  • DIMENSIONS – 153x70x9mm